Pyae Wa Aung
"အသက်ရှူလမ်းကြောင်းရောဂါ" Chest Infection
- ဖျားနာ၊ ကိုက်ခဲ
- နှာစေး နှာမွှန် နှာချေ
- လည်ချောင်းနာ
- ချောင်းဆိုး သလိပ်ထွက်
- အသက်ရှူကြပ် တဲ့ လူနာတွေ #ပြန်များလာပါပြီ။
- တချို့မှာ အဖျားကြီးပြီိး ပျို့/အန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါတယ်
👉 ကိုဗစ်ဖြစ်ပြီးတဲ့သူတွေမှာဖြစ်ကြသလို၊
👉 ကာကွယ်ဆေး အပြည့်ထိုးထားပြီးတဲ့သူတွေမှာလည်းဖြစ်ပါတယ်
👉 ကိုဗစ်နဲ့ ကွဲတာက ကလေးလေးတွေပါ တော်တော်များများ ဖြစ်ကြတာပါ (ကိုဗစ်ဟာ ကလေးတွေမှာဖြစ်ရင် မပြင်းထန်ပဲ ရက်ပိုင်းအတွင်းကောင်းသွားတတ်ပါတယ်)
👉 ကျွန်တော်တွေ့ရသလောက်က Swab Test (နှာခေါင်းတို့ဖတ်) စစ်တဲ့ အခါမှာလည်း Negative ထွက်ပါတယ်
👉 ကိုဗစ် Antibody စစ်တဲ့အခါမှာလည်း Antibody တွေက ကောင်းကောင်း ထွက်နေကြပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်လက်လှမ်းမီသလောက်(ကျွန်တော့ပတ်ဝန်းကျင်အတွက်) ပြောရရင် 4th wave (စတုတ္ထလှိုင်း) မဟုတ်သေးပါဘူး။
စတုတ္ထလှိုင်း လို့ပြောဖို့က Covid confirm cases တွေ ပြန်တက်လာရမှာပါ။
အခုဟာက Covid Cases တွေရှိနေဆဲပေမယ့်
Covid မဟုတ်တဲ့ လူနာတွေ များလာရခြင်းပါ။
မိုးအကုန် ဆောင်းအကူး ဖြစ်တဲ့ #တုပ်ကွေးရာသီဖြစ် တဲ့အတွက် Influenza (Flu => တုပ်ကွေး) Cases တွေ တက်လာတာ ဖြစ်နိုင်ပါတယ်။
တုပ်ကွေး ဆိုတော့ ဖြစ်နေကြပဲဟာ #ကြောက်စရာမလိုဘူးမလား
❌ #မဟုတ်ပါဘူး ❌
*** #ကြောက်ဖို့ကောင်းပါတယ် ***
ကာကွယ်ဆေးတွေထိုးပြီး ၊ ကိုဗစ်ဖြစ်ပြီးစ အခြေအနေဖြစ်တဲ့အတွက် ငပွကြီး #ကိုဗစ် ကတောင် အခုချိန်မှာ သိပ်ကြောက်ဖို့မကောင်းပါဘူး
ကိုဗစ် ဖြစ်ခဲ့ရင်တောင် ဝင်လာတဲ့ ကိုဗစ်ကို ရှိနေတဲ့ Antibody တွေက ဖျက်ဆီးပစ်မှာပါ။
___________
ကိုဗစ်ကလည်း ဖြစ်ပြီး ပြီ၊ ကာကွယ်ဆေးလည်းထိုးပြီးပြီ ဆိုတော့
ပေါ့လျော့စွာနဲ့ ပွဲလမ်းသဘင်ကြိုက်တဲ့ ရွှေမြန်မာတို့ဟာ
အခြေအနေတွေဒီလောက်ဆိုးနေတာတောင်
သက်ကြီးဝါကြီးဆရာတော်ကြီးတွေ အကြောင်းပြပြီး ပျော်ပွဲစားထွက်ကြပါတယ်။
ဆိုင်တွေပိတ်ထားတယ် ဆိုတာတောင် ခိုးဖွင့်တာလား/ဘာလား တဲ့ Bar/club တွေမှာ ဒွန့်ကြပါတယ်
အဲ့ကနေ တစ်မိသားစုလုံး ပြန်ဖျား နေကြပါပြီ။
သုတေသန အားနည်းတဲ့နိုင်ငံဖြစ်သလို ကျန်းမာရေးကိုနောက်ဆုံးမှာထားတဲ့နိုင်ငံဖြစ်လို့
#ဘာအကောင်ကြောင့် ဖြစ်နေရလဲ သေချာမသိပါဘူး
👉 တုပ်ကွေးလို့ပြောရတာ မှန်းပြောရတာပါ
__________
တုပ်ကွေး (Flu) ဖြစ်နိုင်တဲ့အတွက် သာမန်လူတွေမှာ (၂-၃) ရက်နဲ့ ကောင်းသွားကြပေမယ့်
- သက်ကြီးရွယ်အိုတွေ
- နာတာရှည်ရောဂါအခံရှိသူတွေ
- ကိုယ်ခံအားနည်းသူတွေ
- ဆေးလိပ်ကြောင့်အဆုတ်ပွရောဂါရှိသူတွေ နဲ့
- ကိုဗစ်ကြောင့် အဆုတ်ဒဏ်ရာ ရဖူးသူတွေမှာ
အခြေအနေဆိုးပါတယ်။
👉 ကိုဗစ်လို Silent Hypoxia မဟုတ်ပါဘူး (Oxygen 90 ဝန်းကျင်ကျနေရင် မောနေကြပါတယ်)
👉 ကိုဗစ်လို ဒုတိယအပတ် (ဖျားပြီး ၉-၁၀ ရက်ကြာမှ) Oxygen ကျတာမဟုတ်ပါဘူး **စဖျားပြီး ၂-၃ ရက်အတွင်း မောလာတတ်သလို၊ Oxygen ပါကျပါတယ်။
သေသေချာချာ ကုသဖို့လိုပါတယ်၊ ဆေးရုံ/ဆေးခန်းတွေ လူပြန်စည်ကား နေပါပြီ။
"အမလေး ကြောက်လိုက်တာ" ဆိုပြီး အာဖျံကွီး ကြောက်နေကြရမယ့် အချိန်မဟုတ်ပါဘူး
#မိမိကိုယ်ကိုယ် ကာကွယ်ပါ၊
ဖြစ်လာနိုင်တဲ့အရာ ကြိုပြောရရင်
အခုဖြစ်တာ Influenza (တုပ်ကွေးဖြစ်တယ်) အဲ့ဒါမဖြစ်ရအောင် Flu Vaccine ထိုးကြပါ ဆိုပြီး လှော်ကြပါလိမ့်မယ်
စျေးတွေတက်ပါလိမ့်မယ် သောင်းဂဏန်းကို သိန်းချီပေးပြီး ထိုးကြပါဦးမယ်။
အောက်လမ်းကနေ ဆေးအတုမှန်းမသိ/အစစ်မှန်းမသိတွေဝင်လာပါလိမ့်မယ်
Flu Vaccine ဟာ ဆေးအစစ်(Cold chain အမှန်) ထိုးပြီးပြီရင်တောင် (၂) ပတ်ကြာမှ ကာကွယ်ပေးနိုင်စွမ်း ရှိတယ် ဆိုတာ သတိထားပေးကြပါ။
အဲ့တော့ သူများ ညှပ်ချတိုင်း မခံရအောင်၊ သူများလိမ်တိုင်းအလိမ်မခံပဲ ရောဂါရန်က ကင်းဝေးရအောင် (ကျွန်တော်ပြောနေကြအတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ)
အရင်လုပ်နေကြအတိုင်း
✔️ မလိုအပ်ပဲ အိမ်ပြင်မထွက်ဘူးဗျာ
✔️ လိုအပ်လို့ ထွက်ရရင် Mask သေသေချာချာ တပ်မယ်ဗျာ (မေးမချိတ်ဘူး၊ ချွတ်ပြီးဘေးမချထားဘူး)
✔️ လက်ခဏခဏ ဆေးမယ်ဗျာ (ဟိုကိုင်ဒီကိုင် လျှောက်မကိုင်ဘူး)
✔️ ကိုယ်ခံအားကောင်းအောင်
- ကောင်းကောင်းစားမယ်၊ အစုံစားမယ် (အသီးအနှံများများစားမယ်)
- အိပ်ရေးဝ ဝ ၊ အိပ်ချိန်မှန်မှန် အိပ်မယ်
- စိတ်ဖိစီးမှုလျော့အောင်နေမယ်၊ ဘာသာရေး လုပ်မယ်
အဲ့ဒါတွေအပြင်
- ဖျားပြီ/နေမကောင်းဖြစ်ပြီ ဆိုတာနဲ့ (ကိုဗစ်မဟုတ်ပါဘူး ဆိုပြီး) အလုပ်တက်မပျက်၊ လူကြားထဲ ထွက်မပျက်တော့ မလုပ်သင့်ပါ
- ခွင့်ယူပါ၊ ကောင်းကောင်းနားပါ
(ခွင့်ယူတော့ ခင်ဗျားက လာကျွေးထားမှာလား ဆိုရင် ကျွန်တော်မကျွေးနိုင်ပါဘူး သင့်ဆီကနေရောဂါပျံ့မသွားစေဖို့က သင့်ရဲ့တာဝန်ခံမှု တာဝန်ယူမှု ပါပဲ)
- အိမ်သားတွေ နဲ့ ခွဲနေပါ။
- ဆေးကုသမှု သေသေချာချာခံယူပါ
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
04:45 pm/10.10.2021
Credit
🦠 Covid 4th wave စပြီလား ???
🦠ဆေးခန်းမှာ (ချောင်းဆိုး နှာစေး ဖျား ကိုယ်လက်ကိုက် ) လူနာတွေ တစစ ပြန်များလာတာ တစ်ပတ်လောက် ရှိပါပြီ။ မနေ့ကနဲ့ ဒီနေ့ကတော့ အများဆုံးပါ။
🦠ရောဂါလက္ခဏာတွေက ၃ ရက် ကနေ ၅ ရက်အတွင်း ပျောက်သွားပေမယ့် သတိထားကြပါတော့။
🦠Covid 3rd wave က
July လဆန်းမှာ စဆိုးလာတာပါ။
🦠အခု October လဆန်းမှာ
4th wave စပြီလို့ ယူဆပါတယ်။
🦠ဖြစ်တဲ့ မျိုးစိတ်ကို မခန့်မှန်းနိုင်သေးပေမယ့် Covid ရဲ့ သဘာဝအရ ပေါ့လို့ မရတာ အမှန်ပါပဲ။
🦠ရှင်းရှင်းပဲ ပြောပါမယ်
ခု ချိန်ကစပြီး ကြောက်ကြပါတော့။
. တင်ထွန်းနိုင်
အထွေထွေ ရောဂါကု ဆရာဝန်
Copy
📌(ကာကွယ်ဆေးထိုးထားပြီးကိုဗစ်ဖြစ်ထားသူကိုPre-Event test 29 May 2022 ထိမလုပ်ခိုင်းတာအခုမှဘဲရှင်းသွားတော့တယ်).👍 ကျေးဇူးပါ 🙏 ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ.. booster ထပ်ထိုးဖို့ လိုမလား.
📍ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့
ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။
📍ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရ
မလဲ ဆိုတာတွေပါ။
📍အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။
📎ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။
📍ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား
📍ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအား antibody ထွက်ပါတယ်။ ဒါက ပုံသေပြောလို့တော့ မရပါဘူး။ အချို့တွေမှာ လက္ခဏာတွေ လည်းပြတယ်။ ကိုဗစ်လည်း ဖြစ်တယ်။ ပြန်သက်သာလာချိန်မှာ antibody ကို test kit နဲ့ စစ်ကြည့်ပေမယ့် ကိုယ်ခံအား ထွက်မနေတာမျိုးတွေ ရှိပါတယ်။
📍နောက်တစ်ချက်က ဒီလို ထွက်လာတဲ့ antibody က အကြာကြီး မခံဘဲ အလျင်အမြန် ကျဆင်းတတ်တယ်ဆိုတာပါ။ ဒီလို ကျဆင်းတာကြောင့်လည်း ကိုဗစ်ဖြစ်ပြီး ထပ်ကူးစက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ။
📍ကာကွယ်ဆေးကတော့ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားကို သေချာပေါက် ထွက်စေမယ့်အရာပါ။ ကိုဗစ်က ပြန်သက်သာလာတယ်ဆိုရင်တောင် နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးက လိုအပ်ဆဲပါ။
📍ကိုဗစ် ကာကွယ်ဆေး ထိုးလိုက်တဲ့အခါ ပထမတစ်ကြိမ်မှာ ကိုယ်ခံအားက... ခန္ဓာကိုယ်ထဲ ဝင်ရောက်
လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့
ဗိုင်းရပ်စ်ကို ခုခံ တိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။
📍ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။
📍ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလို ထိုးပြီးတဲ့အခါ ကိုယ်ခံအားက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ရက်ကနေ ၁၄ ရက်အတွင်းမှာ antibody စထွက်ပါမယ်။
📍ကာကွယ်ဆေးကလည်း ဆေးအောင်တယ်ဆိုမှ antibody ထွက်မှာပါ။ ကိုဗစ်ကို ခုခံတဲ့ antibody တွေဟာ ရိုးတွင်းခြင်ဆီထဲက antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေထဲမှာ ၇ လ ကနေ ၈ လလောက်အထိ ရှိနေတတ်တာမျိုးလည်း ရှိပါတယ်။
📍ဒီထွက်လာတဲ့ antibody က ရက်ပေါင်း ၉၀ အကြာမှာ တဖြည်းဖြည်းချင်း ပြန်ကျလာတာမျိုးလည်း ရှိပါတယ်။ ကာကွယ်ဆေးအလိုက် အချိန်ကာလ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေး အများစုကတော့ ၆ လ အထိ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။
📌hybrid immunity
📍နောက်ထပ် ဝမ်းသာစရာတစ်ခု ကိုဗစ်ဖြစ်ထားပြီး ကာကွယ်ဆေး ထိုးတဲ့သူတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းတယ် ဆိုတာပါ။ ရောဂါကို ခုခံတာကြောင့် ထွက်လာတဲ့ ကိုယ်ခံအားရော ကာကွယ်ဆေးက ထွက်တဲ့ ကိုယ်ခံအားရော ၂ ခုစလုံးကို တပြိုင်နက်တည်း ရတာကြောင့်ပါ။ ဒါကို hybrid immunity လို့ခေါ်ပါတယ်။ antibody က တစ်မျိုးတစ်စားမကတဲ့ antibody ကို ထွက်ရှိစေတာပါ။
🖇နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ထွက်လာတဲ့ antibody က အကြမ်းအားဖြင့် ၆ လ အထိ ခံတယ်ဆိုတာပါ။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးကိုရှောင်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုပါမယ်။
📌ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် booster
လိုမလား
📍ကာကွယ်ဆေး အများစုက booster လိုပါမယ်။ တုပ်ကွေး ကာကွယ်ဆေးဆိုရင် တစ်နှစ်တစ်ခါ ထွက်လာတဲ့ မျိုးစိတ်သစ်ကို ကာကွယ်ဖို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်။ တချို့ ကာကွယ်ဆေးတွေဆိုရင်လည်း ၆ လ တစ်ကြိမ်လောက် ထပ်ဆောင်းကာကွယ်ဆေး (booster) ထိုးရပါတယ်။
📍ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ဆေးနှစ်လုံး အပြည့်ထိုးပြီး ၆လကျော်ကြာတဲ့အခါ တတိယဆေးတစ်လုံး ထပ်ဆောင်းထိုးတာက ပိုကောင်းတယ်ဆိုတဲ့ စာတမ်းတွေတော့ ထွက်လာပါပြီ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်လာရင် အန္တရာယ်ရှိတဲ့သူတွေ (ဥပမာ အသက်ကြီးတဲ့သူတွေ)ကို တတိယအကြိမ်ထိုးပေးဖို့ ပြင်ဆင်နေပါပြီ။
📍သူတို့က ချမ်းသာတဲ့အတွက် ပြဿနာ မရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဆင်းရဲလို့ ၂လုံးပြည့်အောင် ထိုးဖို့ အနိုင်နိုင်ထိုးဖို့ ခက်တဲ့သူတွေအတွက် ဒီဟာက အခက်အခဲ ရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့ အနေအထား ဖြစ်နေလို့ပါ။
📍ကပ်ရောဂါတွေရဲ့ သဘောတရားအတိုင်း ကိုယ်တစ်ယောက်တည်း ထိုးထားလို့ မရဘဲ လူအများစု ထိုးနိုင်မှ ဒီကပ်ရောဂါကြီး ရပ်တန့်သွားမှာမို့လို့ပါ။ မဟုတ်ရင် ဗီဇပြောင်းပိုးတွေလည်း ဆက်ကာ ဆက်ကာ ပေါ်နေမှာပါ။
📍ဒီတော့ ထိုးသင့်လား မထိုးသင့်ဘူးလားဆိုရင် ဆေး ၂လုံးထိုးပြီးသား လူတွေက တော်တော်ကာကွယ်နိုင်နေပါပြီ။ မဖြစ်မနေထိုးစရာတော့ မဟုတ်ပါဘူး။ စိတ်ချရတဲ့ ဆေးကိုလည်း ရနိုင်မယ်၊ ကိုဗစ်ဖြစ်လာရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့သူလည်း ဖြစ်နေမယ်ဆိုရင်တော့ ထိုးချင် ထိုးနိုင်ပါတယ်။ သာမန်လူကတော့ ၂လုံး ပြည့်ပြီးသားဆိုရင် မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။
📌ကာကွယ်ဆေးကို ၂လုံးပဲထိုးထိုး၊ ၃လုံးပဲထိုးထိုး
မက်စ်တပ်၊ လက်ဆေး၊ ဝေးဝေးနေဆိုတာကိုတော့ ဆက်ပြီး လုပ်နေရဦးမှာပဲ ဖြစ်ပါတယ်။
Hellosayarwon
Myat Phyo
(ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်)
Tonerလိမ်းနည်း မှားနေတဲ့ မင်မင်လို လူမျိုးတွေအတွက် 💁😁😁💝
တိုနာ (Toner)သုံးနည်း.
အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှူမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှာ အသားအရေ ထိန်းသိမ်းမှူ အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆျိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်
တိုနာလိမ်းနည်း
အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..
အဖြေ။......
တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။
Credit -
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
11231
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |