Haier
27/05/2026
မန္တလေးမြို့က PRO1 Global (တမ္ပဝတီ) ရဲ့ (၉) နှစ်ပြည့် ပွဲကြီးမှာ Haier နဲ့အတူ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗
မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ PRO1 Global (မန်းရွှေပြည် တမ္ပဝတီ) ဆိုင်ခွဲကြီး ဖွင့်လှစ်ခဲ့တာ အခုဆိုရင် (၉) နှစ်တောင် ရှိခဲ့ပါပြီ။
ဒီလိုထူးခြားတဲ့ နှစ်ပတ်လည်နေ့မှာ ကျွန်တော်တို့ Haier ကလည်း မန္တလေးသူ မန္တလေးသားတို့အတွက် အလန်းစား Promotion တွေနဲ့အတူ အားဖြည့်ပေးသွားမှာပါ။
ဒီပွဲကြီးမှာ Haier ရဲ့ Smart အိမ်သုံးပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ရင်း ဝယ်ယူတဲ့ပစ္စည်းအလိုက် ငွေသားပြန်အမ်းပေးမယ့် Cash Back အစီအစဉ်အပြင် Haier Gift Bag လက်ဆောင်ကိုပါ တစ်ပါတည်း ရရှိမှာဖြစ်လို့.....
အိမ်က အသုံးအဆောင်တွေကို အသစ်ပြောင်းဖို့ စိတ်ကူးရှိနေရင်တော့ ဒါဟာ တကယ့်ကို အချိန်ကောင်းပါပဲနော်။
Anniversary ပွဲတော်ရဲ့ ပျော်စရာ Vibe တွေနဲ့အတူ မိသားစုအတွက် ပိုမိုသက်သောင့်သက်သာရှိတဲ့ Lifestyle ကို ပြောင်းလဲနိုင်ဖို့
မေလ (၂၉၊ ၃၀၊ ၃၁) ရက်၊ (၃) ရက်တည်းသာ ရရှိမယ့် ဒီအထူးခံစားခွင့်တွေနဲ့အတူ အခုပဲ ပုံဖော်ကြည့်လိုက်ပါ။
📍 တည်နေရာ: PRO1 Global Home Center (၈၄ လမ်း၊ တမ္ပဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး)
ဒါ့အပြင် အခုလို ပွဲအကြောင်းအရာတွေနဲ့ ပစ္စည်းဈေးနှုန်းတွေကို အချိန်နဲ့တပြေးညီ Up-to-date သိနိုင်ဖို့ ဒီ Channel လေးတွေကို Join ထားဖို့လည်း မမေ့နဲ့ဦးနော် 👇
🔹 Telegram: https://t.me/onmaxmm
🔹 TikTok: https://www.tiktok.com/
🔹 Facebook: https://www.facebook.com/share/1HGAmepgQf/
ဒီပိတ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ PRO1 Global (တံခွန်တိုင်) ဆိုင်ကို အလည်လာရင်း Haier ရဲ့ အထူးလက်ဆောင်တွေကို ရယူဖို့ အရောက်လှမ်းလာခဲ့ကြပါဦးနော်။ 😍
26/05/2026
အကြမ်းခံဆုံးဆိုတဲ့ အဲကွန်းကိုမှ ရှာနေတာလား?
အဲကွန်းတစ်လုံးဝယ်ပြီဆိုရင် လူတိုင်းက "အေးဖို့" ထက် "ဘယ်လောက်ကြာကြာ အသုံးခံမလဲ" ဆိုတာကို ပိုပြီး စဉ်းစားကြတာပါ…
အထူးသဖြင့် ဂက်စ်ယိုတာတို့၊ ပိုက်လိုင်းတွေ သံချေးတက်တာတို့က အဲကွန်းအသုံးပြုသူတွေအတွက် တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ကိစ္စတွေပါပဲ…
Haier ရဲ့ Air Con တွေမှာဆိုရင်တော့ တခြားပစ္စည်းတွေထက် ပိုပြီးခိုင်ခံ့အောင် ၁၀၀% ကြေးပိုက်စစ်စစ်ကိုမှ အပြာရောင်အလူမီနီယမ် Coat ထားတာကို အသုံးပြုပေးထားတဲ့အတွက် ဂတ်စ်ယိုတာနဲ့ ပိုက်ပေါက်တာတွေကို အထိရောက်ဆုံး တားဆီးပေးနိုင်သလို Blue Fin Evaporator နည်းပညာကြောင့် ဘယ်လိုရာသီဥတုဒဏ်ကြောင့်ပဲဖြစ်ဖြစ် သံချေးတက်ပြီး ဆွေးမြည့်မှာ မပူရတော့ပါဘူး 💯
ဒါ့အပြင် 2 + 2 နှစ် (Parts & Service Warranty) အပြင် အဓိကအကျဆုံးဖြစ်တဲ့ Condenser အတွက်ကိုပါ (10 Years Warranty) အထိ အာမခံပေးထားတဲ့အတွက် တစ်ခါဝယ်ထားရုံနဲ့ နှစ်ပေါင်းများစွာ စိတ်ချလက်ချ အသုံးပြုချင်တယ်ဆိုရင်တော့ အကြမ်းခံဆုံး Haier ရဲ့ Aircon တွေကိုသာ ရွေးချယ်လိုက်ပါနော် ✨
#အကြမ်းခံဆုံးအဲကွန်း
24/05/2026
Haier လျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး...
✅ ပစ္စည်းအသစ်ဝယ်ယူဖို့ စုံစမ်းချင်တာပဲဖြစ်ဖြစ်
🛠️ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တာပဲဖြစ်ဖြစ်
💡 ပစ္စည်းအသုံးပြုပုံနဲ့ အခြားသိလိုတဲ့ အခက်အခဲတွေအတွက်ပဲဖြစ်ဖြစ်
Haier Call Center ဖုန်းနံပါတ် 09964000801 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော် 🥰
📞 Haier Call Center: 09964000801
ဒါ့အပြင် Haier Myanmar ရဲ့ နောက်ဆုံးပေါ် Products တွေနဲ့ ပရိုမိုးရှင်းသတင်းတွေကို အချိန်နဲ့တပြေးညီ Up-to-date သိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Social Media Channel တွေကိုလည်း Join ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ် ⚡️
🔹 Telegram: https://t.me/onmaxmm
🔹 TikTok: https://www.tiktok.com/
🔹 Facebook: https://www.facebook.com/share/1HGAmepgQf/
မီတာခတွေ တက်လာတိုင်း ရေခဲသေတ္တာကို ခဏခဏ ပိတ်ထားရမလား စဉ်းစားနေရပြီလား?
အစားအသောက်တွေ မလတ်ဆတ်မှာလည်း ကြောက်၊ မီတာခတက်မှာကိုလည်း ရင်တုန်နေရတဲ့ အခိုက်အတန့်တွေကို Haier ရဲ့ HRF-320MNI 2Door Refrigerator နဲ့ အဆုံးသတ်လိုက်ပါ 💡
အဆင့်မြင့် Twin Inverter ကို ထည့်သွင်းအသုံးပြုထားလို့ စွမ်းဆောင်ရည်ပိုင်းမှာရော၊ အအေးပေးစနစ်မှာပါ ထိပ်တန်းရောက်နေတဲ့အပြင် မီးအားစားနှုန်းကိုလည်း အံ့ဩစရာကောင်းလောက်အောင် လျှော့ချပေးပြီး ၂၄ နာရီပတ်လုံး မောင်းထားရင်တောင် မီးအားက ၁ ယူနစ် ပဲ ကျသင့်မှာဆိုတော့...
တစ်လလုံး အေးအေးလူလူ သုံးထားရင်တောင် မီတာဘေလ်အတွက် လုံးဝ စိတ်ပူစရာမလိုတော့ဘဲ မိသားစုတိုင်းအတွက် လတ်ဆတ်တဲ့ အာဟာရတွေကိုလည်း အမြဲအသင့် စားသုံးနိုင်မယ့် Haier ရဲ့ HRF-320MNI 2Door Refrigerator ကို ရွေးချယ်လိုက်နော်! ✨
15/05/2026
မီးခဏခဏပျက်လို့ အသားငါးတွေ ပုပ်ကုန်မှာ စိုးရိမ်နေလား?
အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေက မီးပြတ်နေတဲ့အချိန်မှာ အရည်ပျော်ပြီး ပုပ်သွားမှာကို အိမ်တိုင်း၊ ဆိုင်တိုင်း စိုးရိမ်နေကြရတာ မဟုတ်လား?
Haier Freezer ရှိနေရင်တော့ ဒီစိုးရိမ်စိတ်တွေကို အဝေးမှာ ထားခဲ့လိုက်လို့ ရပါပြီ။
Haier ရဲ့ နည်းပညာသစ် Freezer တွေမှာ ဘယ်လိုထူးခြားချက်တွေပါဝင်လဲဆိုရင် -
✅ မီးပြတ်သွားရင်တောင် အအေးဓာတ်ကို (၁၀၀) နာရီအထိ ကြာရှည်အောင် ထိန်းထားပေးနိုင်လို့ အစားအသောက်တွေရဲ့ လတ်ဆတ်မှုကို ရက်အတော်ကြာ စိတ်ချလက်ချ ထားနိုင်ပါတယ်။
✅ အအေးခန်း (Chilling) နဲ့ အေးခဲခန်း (Freezing) ဆိုပြီး စနစ် (၂) မျိုးပါဝင်တာကြောင့် ကိုယ်လိုအပ်သလို အပူချိန် ၁၀ ဒီဂရီကနေ အနှုတ် ၃၀ ဒီဂရီအထိ စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
✅ အပူချိန်ကို Digital စနစ်နဲ့ တိတိကျကျ ထိန်းချုပ်ပေးနိုင်သလို၊ လက်ရှိအပူချိန်ကိုလည်း Real-time ပြသပေးနေမှာပါ။ ဒါ့အပြင် အမြန်ဆုံး အေးခဲစေမယ့် Accelerated Freezing Mode လည်း ပါဝင်ပါတယ်။
✅ ရေခဲသေတ္တာရဲ့ ဘေးပတ်ပတ်လည် ၅ ဖက်စလုံးကနေ အအေးဓာတ်ပေးစွမ်းနိုင်သလို၊ Compressor နားမှာ Fan (ပန်ကာ) ပါဝင်လို့ ပိုမိုမြန်ဆန်ပြီး ညီညာတဲ့ အအေးဓာတ်ကို ရရှိစေမှာပါ။
ဒီလို ခေတ်မီနည်းပညာတွေပါဝင်လို့ အစားအသောက်တွေ ပုပ်သိုးပြီး လွှင့်ပစ်ရတဲ့ဒုက္ခကနေ ကင်းဝေးသွားမှာဖြစ်သလို၊ အိမ်ရှင်မတွေရော စီးပွားရေးသမားတွေအတွက်ပါ တကယ့်ကို အားကိုးရတဲ့ အဖော်မွန်ပါပဲ။
ဒါကြောင့် အရည်အသွေးနဲ့ နည်းပညာပိုင်းမှာ စိတ်ချရတဲ့ Freezer ကို ရှာနေတယ်ဆိုရင်တော့ Haier ကိုသာ မျက်စိမှိတ်ရွေးချယ်လိုက်ပါ...
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:00 |