Duessla - Service-Learning Organisation

Duessla - Service-Learning Organisation

Share

20/05/2026

𝐃𝐞𝐬𝐢𝐠𝐧𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞: 𝐀 𝐂𝐚𝐫𝐞𝐞𝐫 𝐓𝐚𝐥𝐤 𝐟𝐨𝐫 𝐀𝐦𝐛𝐢𝐭𝐢𝐨𝐮𝐬 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬

Vietnam မှာ Scholarship နဲ့ကျောင်းတက်ပြီး Startup တွေမှာ Product Designer အနေနဲ့ တက်လမ်းရှာနေတဲ့ Ko Stephen ရဲ့ Life journey က UI,UX နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတယ် Vietnam မှာ ကျောင်းတက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ မြန်မာကျောင်းသားတော်တော်များများသိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးနိုင်မယ့် Workshop တစ်ခု အဖြစ်ပုံဖော်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ကိုယ်တိုင်လည်း ကျောင်းတက်နေပြီး Volunteer နဲ့ Leadership Experience တွေအများကြီးနဲ့ အတူ Technical project တွေ ပြီးမြောက်အောင်မြင်ထားတဲ့ Ko Stephen က ဒီ Workshop မှာ ဘာတွေ ဆွေးနွေးသွားမလဲဆိုရင်

🔰 Vietnam မှာ Full Scholarship ရဖို့လျှောက်ထားနည်း
🔰 ကျောင်းတက်နေရင်းရခဲ့တဲ့ Work experiences
🔰 UI/UX & Product design career ကို ဘယ်ကစပြီးတည်ဆောက်မလဲ
🔰 Vietnam job market မှာရှိတဲ့ Freelance & part-time job opportunity စတာတွေပဲဖြစ်ပါတယ်။

Speaker's biography;

Name : Mr. Stephen Nyi Thway Thit Nyi Thway Thit - ညီသွေးသစ်
Education : BBA (Business Administration) | Ho Chi Minh City Open University

Work Experiences :
1. Junior Product Designer | RAPBANK, HCMC
2. Product Marketing & Development Intern | SIMCEL, HCMC
3. Product Design/Researcher Intern | Delta Cognition, HCMC

🗓 Date : 22 May 2026 (Friday)
🕰 Time : 8:00 - 9:30 PM (MMT)
💻 Platform : Zoom

Limited seats ဖြစ်တာမို့ အောက်က Registration Link ကို Click ပြီး မြန်မြန်လေး Register လုပ်ဖို့တော့လိုမယ်နော် ✨

https://docs.google.com/forms/d/e/1FAIpQLSclY_R2cVVa9aitvw_hC5Qf9mO7zjZzdgR8a1CHgwsDEL5hyw/viewform?usp=publish-editor

Photos from Duessla - Service-Learning Organisation's post 19/05/2026

“Gemini တွေကို အနိုင်ပိုင်းဖို့ စဉ်းစားထားရင် DUESSLA ကို လာ Join လို့ရပြီ”

ကိုယ်က တခြားရာသီခွင် ဖြစ်နေလို့ အားငယ်စရာမလိုပါဘူး။ DUESSLA ရဲ့ Speaking Club တွေ Join ပြီးသွားရင် စကားပြောကောင်းပါတယ်ဆိုတဲ့ Gemini တွေ ထိုင်ငိုသွားလိမ့်မယ်။

တစ်ပတ်တစ်ခါ DUESSLA မှာ Speaking Skill တိုးတက်အောင် လေ့ကျင့်ပေးရင်း သူငယ်ချင်းအသစ်တွေလည်း တိုးမယ်၊ ဗဟုသုတတွေလည်း တိုးမယ်၊ စကားအရာမှာလည်း ကျွမ်းကျင်လာမယ်ဆိုတော့ စဉ်းစားစရာတောင်မလိုဘဲ လာရောက်လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

DUESSLA ကနေ English, Korean, Chinese, Thai Language တွေအပြင် ကလေးတို့အတွက် English နဲ့ Burmese Speaking Club တွေကိုပါ စီစဉ်ပေးထားတာမို့ 100% Free နဲ့ Join နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သက်ဆိုင်ရာ Speaking Club တစ်ခုချင်းစီရဲ့ Telegram Group တွေကိုပါ ပူးတွဲဖော်ပြပေးထားတာကြောင့် Group Join ထားရုံနဲ့ Zoom Link ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

📌 1. မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

📌 2. Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့
- Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ဗျ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေက Information တွေ မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။

https://t.me/DUESSLA

16/05/2026

"Workshop Memo"

DUESSLA မှာ ကျင်းပခဲ့တဲ့ "Study in Indonesia & Earn Online: Remote Teaching Guide for Myanmar Students" Workshop လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီဗျာ။

ဒီ Workshop လေးမှာတေ့ာ Guest Speaker အဖြစ် ပါဝင်ပေးခဲ့တဲ့ Ko Oak Soe က Indonesia Scholarship Journey, Overseas Student Life, Remote Teaching Career နဲ့ Education Platform တစ်ခု တည်ထောင်ခဲ့တဲ့ Real Experiences တွေကို Sharing လုပ်ပေးခဲ့ပါတယ်။

ဒါတင်မကဘဲ ကျောင်းတက်ရင်း Online Income ရရှိနိုင်မယ့် Opportunity တွေ၊ လိုအပ်တဲ့ Skill တွေနဲ့ Mindset တွေကိုပါ Practical ကျကျ မျှဝေပေးခဲ့တာကြောင့် Participant တွေအတွက် Knowledge ရော Inspiration ပါ ရရှိခဲ့တဲ့ Session တစ်ခု ဖြစ်ခဲ့ပါတယ်ဗျ။

ဒီ Workshop လေးကို တက်ရောက်ပေးခဲ့ကြတဲ့ Participant တွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် Speaker အဖြစ် အချိန်ပေးပြီး Valuable Experience တွေကို မျှဝေပေးခဲ့တဲ့ Ko Oak Soe ကိုလည်း ကျွန်တော်တို့ DUESSLA ဘက်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။

DUESSLA ကနေ အခုလို လူငယ်တွေအတွက် အကျိုးရှိမယ့် Workshop တွေနဲ့ ပြန်လာဦးမှာမလို့ Stay Tuned ပါဗျာ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00