The Crest

The Crest

Share

Provide quality training in line with NSSA Myanmar.
3. Consult to existing and new emerging businesses. We are Tourism and Hospitality Training & Consultancy services include feasibility studies for hotel developments and acquisitions, valuations and opinions. We tailored solutions through an experienced team of pecialists. Take a look at the services we offer or get in touch today!

23/08/2023

သိသင့်သော အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန Room Status code များ
(အပိုင်း-၅)

Sleep - Sleep
FO status ထဲမှာ အခန်းက Vacant ဖြစ်ပေမယ့် HK က ဝင်တဲ့အခါ Occupied ဖြစ်နေတယ်ဆိုရင် သုံးတဲ့ status ပါ။
Sleep နဲ့ Skip ကို FO နဲ့ HK တနေ့ ၂ကြိမ်စစ်တဲ့ Room Discrepency report - (အခန်းအခြေအနေကွဲလွဲမှု အစီရင်ခံစာ)အတွက်သုံးပါတယ်။
(***Room Discrepency report အကြောင်းကို သီးသန့်ရေးပါမယ်)

Blocked - BLO
Blocked room များက အဖွဲ့တဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်တဦးတယောက် အတွက် ရောင်းပြီးလို့ သီးသန့်ဖယ်ထားပေးတဲ့အခန်းကိုခေါ်တာပါ။ ဥပမာ- သင်္ကြန်အချိန်ကာလမတိုင်ခင် လပိုင်းလောက်ကြိုပြီး အခန်းတွေကိုအဖွဲ့လိုက် booking လုပ်တဲ့သူတွေများတော့ ယူမှာသေချာတယ် ငွေလည်းထိုက်သင့်သလို ကြိုရှင်းထားတယ်ဆိုရင် အချိန်ကာလတခုအတွင်း အဲဒီအခန်းကို တခြားဧည့်သည်တွေကို ထပ်မရောင်းမိအောင် reservation ကနေပြီး အဲဒီအခန်းတွေကို blocked လုပ်ထားတဲ့အခါမျိုးမှာသုံးတဲ့ status ပါ။

Turn Down Service - TDS
ဟိုတယ်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး turndown services တွေက ကွဲမှာဖြစ်ပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ ဧည့်သည်အတွက် ညဘက် အိပ်ယာမဝင်ခင် အိပ်ယာနဲ့အခန်းတွင်းမှာ အရာအားလုံး အဆင်သင့် အစီစဉ်တကျဖြစ်အောင် ပြုလုပ်ပေးတဲ့ဝန်ဆောင်မှုကိုခေါ်တာပါ။
(***Turndown Service နဲ့ပါတ်သက်ပြီး post တခု သီးသန့်ရေးပါမယ်)

Under Repair - UR
ရောင်းလို့မရသေးတဲ့ Vacant အခန်းတခုပါ။ OS/OOO ကို ရက်အတော်ကြာ ထား ထားတာကြာရင် GM က ခုထိမပြီးသေးဘူးလားဆိုပြီး ပွစိတက်မှာစိုး လို့ နောက် status တမျိုးထပ်ပြောင်းထားတာ 😁 (စတာနော် တကယ်မထင်နဲ့ 😂ဒါပေမယ့် အဲလိုလုပ်တတ်တဲ့သူတွေလည်း တကယ်ရှိတယ် 😁)
ဒါမှမဟုတ် အခန်းကို ပြန်လည်ပြင်ဆင်ခြင်း (renovation) လုပ်တဲ့အခါမျိုးတွေမှာသုံးတတ်တဲ့ status ပါ။

Not Cleared - NC
အဲဒီ UR အခန်း ပြင်ဆင်ပြီးတဲ့အခါ ပြန်မရှင်းရသေးတဲ့အချိန်မှာ NC ဆိုတဲ့ status နဲ့ပြတတ်တယ်။ VD လို့ဘာလို့မပြလဲဆိုတော့ reception က Queue တွေ Arrived တွေ rush room တွေ အချိန်မတော်ကြီးလုပ်မှာစိုးလို့ 😁...... ဆိုပြီး အဲလိုမထင်နဲ့လို့.... တကယ်ကတော့ not clear ဆိုမှတော့ တကယ်မပြီးသေးလို့ပါ။ renovation work ပြီးပေမယ့် spring cleaning / thorough cleaning လုပ်ဖို့ကျန်နေတာလည်းဖြစ်နိုင်တာပဲလေ။

NC နောက်တမျိုးက Occupied or Vacant status မကွဲပြားလို့ ရောင်းဖို့အဆင်သင့်မဖြစ်သေးတဲ့ အချိန်မျိုးမှာလည်းသုံးတတ်ပါတယ် (များသောအားဖြင့် Status မကွဲပြားတဲ့အခါသုံးတာပိုများပါတယ်) သူ့အခေါ်အဝေါ်ကတော့ ကျနော်သေချာမမှတ်မိတော့ဘူးဗျ။ NC O/V (not clear occupied or vacant) ထင်တာပဲ ဟုတ်ချင်မှလည်းဟုတ်မယ်။ အဓိပ္ပါယ်ကတော့ဟုတ်တယ်။
Special Attention - SA
အထူးဂရုစိုက်ရမယ့် ဧည့်သည်မျိုးဆို ဘာကိုဂရုစိုက်ရမယ်ဆိုတာကို SA ဘေးမှာ notes လေးရေးထားပေးတဲ့ status ပါ။ ဥပမာ - SA to put 4btls of water per day / SA - FG ဆိုတာမျိုးပေါ့။
FG ဆိုတာ Fuzzy Guest (ပြဿနာမရှိ ပြဿနာရှာတတ်တဲ့ဧည့်သည်) လို့ဆိုလိုတာပါ။ ဒီ status ကတော့ maid report ထဲမှာ ပါမှာတော့မဟုတ်ဘူး။ ဒီဧည့်သည်ကို သတိထား ဂရုစိုက် ဆိုပြီး အထက်အရာရှိက ပါးစပ်နဲ့ပဲပြောမှာ။ PMS System ထဲမှာတော့ note နဲ့ရေးထားတယ်

Returned Guest/ Repeat Guest -Ret/RG
အရင်ကလာတည်းဖူးပြီး နောက်တခါပြန်လာတည်းတဲ့ဧည့်သည်ကိုခေါ်တာပါ။
လာပြန်တည်းတယ်ဆိုမှတော့ ဒီမှာတည်းရတာ သူ့အတွက် အဆင်ပြေလို့ပေါ့။ အဲလိုဧည့်သည်မျိုးကိုတွေ့ရင် welcome back Mr./Ms. ဘယ်သူ thank you for staying with us again ဘာညာပေါ့.... ရွှီးသာရွှီး ဖောသာဖော သူ့နာမည်တပ်ပြီးခေါ်တာပြောတာမျိုးဆို ဧည့်သည်က ဖရဏပီတိဂွမ်းဆီထိသကဲ့သို့ပဲ။ ဟုတ်တယ်လေ "ကမ္ဘာပေါ်မှာ ကြားရတာနားဝင်အချိုဆုံးက ကိုယ့်နာမည်ကိုခေါ်တာ" တဲ့။
ကျနော်ပြောတာမဟုတ်ဘူး မိတ္တဗလဋီကာ (How to win people) ကိုရေးတဲ့ ဒေးလ်ကာနက်ဂျီပြောတာ သေချာတာက သူ့မန်နေဂျာက နာမည်ခေါ်ပြီးရုံးခန်းထဲခဏလာခဲ့ဦးလို့ခေါ်ပြီး မုန့်ဟင်းခါးကျွေးတာမခံခဲ့ရဖူးလို့ အဲဒီလိုပြောတာဖြစ်မယ် 😂😂😂
ဘာ? ဧည့်သည်ရဲ့နာမည်မှ ကျနော်/ကျမ က မသိတာ ဘယ်လိုခေါ်မလဲ? ဟုတ်လား?
စံနစ်ကျတဲ့ ဟိုတယ်မှန်သမျှ Maid report မှာ အခန်းနံပါတ်ဘေးမှာ ဧည့်သည် နာမည်ပါတယ်။ ခင်ဗျားတို့ maid report က ခင်ဗျားတို့အတွက် cheat sheet ပဲ။ ရအောင်မှတ်။
နိုင်ငံခြား cruise ship လိုင်းလိုက်ရင် နေ့တိုင်းကိုယ်ရှင်းရမယ့်အခန်း အနည်းဆုံး ၃၀ လောက်ထဲမှာရှိတဲ့ ၃-၄-၅ရက်လောက်ပဲတည်းတဲ့ လူအယောက် ၇၀လောက်ရဲ့ နာမည်တွေကို မမှတ်မိရင် ကြီးကြပ်ရေးမှူးပြဿနာရှာတာခံရမယ်မှတ်။
ဧည့်သည်ကို မတော်ရသေးတဲ့ယောက္ခမလိုမျိုးတွေ့ရမှာကြောက်ပြီးပတ်ပြေးမနေနဲ့။ အဲဒါက HK က ဝန်ထမ်းတွေရဲ့ အကြီးဆုံးအားနည်းချက်ပဲ။

Honeymooner - HM / Honeymoon
ခုမှမီးဖိုကချတဲ့ ပူပူနွေးနွေး ညားကာစ စုံတွဲ ဒါမှမဟုတ် မင်ဂါဆောင်တာ နှစ်ပေါင်း ဘယ်ဒင်းဘလောက်ဘလောက်ပြည့် စုံတွဲ တွေက ရည်ရွယ်ချက်နဲ့ (ဟန်းနီးမွန်းကိုပြောတာ) လာတည်းတဲ့အခန်းမျိုးကိုပြောတာပါ။
ဒီလိုအခါမျိုးဆိုရင်တော့ HK က ဝန်ထမ်းတွေလက်စွမ်းပြကြပြီပေါ့။ အိပ်ယာခင်း ဖြူဖြူလွလွလေးပေါ်မှာ နှင်းဆီပွင့်ဖတ်လေးတွေကြဲချ တာဝါလေးတွေကို ငန်းပုံ အသည်းပုံဖော် မီးလေးတွေထွန်း ​ပူစီဖောင်း နဲ့ ဖဲပြားလေးတွေချိတ် လှတပတပေါ့။ နောက်နေ့ မနက်ရှင်းရတဲ့သူကတော့ မစားသာဘူး 😁
အခန့်မသင့်လို့ အိပ်ယာပေါ်က ပန်းပွင့်ဖတ် အနီရဲရဲလေးတွေကိုမဖယ်ပဲ လှိမ့်လိုက်လို့ အိပ်ယာခင်းက အနီကွက်တွေဖြစ်ကုန်ရင်အတော်ရုပ်ဆိုးပြီး Laundry က မေတ္တာပို့ဦးမှာ...😁 ကျနော်တဦးထဲရဲ့ဆန္ဒ ပုဂ္ဂိုလ်ရေးအရဆို အိပ်ယာပေါ်ကိုစွန်းထင်းနိုင်တဲ့ မည်သည့်ပစ္စည်းမှတင်တာကိုအားမပေးပါဘူး။ ကျနော်မလုပ်ချင်တာလို့ပဲပြောတာပါ။ Trend ဆိုတော့လည်း Trend ပေါ့နော်။

VIP – qVery Important Person
VVIP – Very Very Important Person
အရေးကြီးပုဂ္ဂိုလ်နဲ့ အလွန်အရေးကြီးပုဂ္ဂိုလ်ပေါ့ *** ဘယ်လိုလူတွေကို VIP VVIP လို့ သတ်မှတ်ခေါ်တာလဲ? သက်ဆိုင်ရာရာထူးအလိုက် ဘယ်လိုခေါ်ရမလဲ Mr. Dr. Sir. Highness. Excellency. စသည်ဖြင့် ဆိုတာတော့ post သီးသန့် ရေးပါမယ်။

Cleaning in Progress
HK ဝန်ထမ်းက သန့်ရှင်းရေးလုပ်နေသည် ဆိုတဲ့ DND/MUR card လိုမျိုး တံခါးလက်ကိုင်မှာဆွဲလို့ရတဲ့ Card တခုပါ။ အပြာရောင်အောက်ခံမှာ အဖြူရောင်စာသား နဲ့ ရေးထားတာကိုသုံးကြသလို အစိမ်းရင့်ရောင်အောက်ခံမှာ အဖြူရောင်စာသားနဲ့ရေးထားတဲ့ card ကိုလည်းသုံးတတ်ကြပါတယ်။
ကျနော့်အနေနဲ့တော့ အစိမ်းအောက်ခံ အဖြူစာသား (information sign) က formal sign ဖြစ်တယ်လို့ခံယူပါတယ်။
ဒီ sign card ကို အခန်းတံခါးပိတ်ပြီးရှင်းတဲ့ ဟိုတယ်တွေမှာအသုံးပြုတာများပါတယ်။

Connecting Room - ဘေးချင်းကပ်အခန်း၂ခန်း အလယ်မှာ အခန်းကူးလို့ရတဲ့ တံခါးရှိ
Adjoining room - ဘေးချင်းကပ်အခန်း
Adjecent room - မျက်နှာချင်းဆိုင်အခန်း (ရှေ့တည့်တည့်အခန်းနဲ့ ဘယ်ညာမျက်စောင်းထိုးအခန်း၂ခန်းကိုလည်း တချို့က adjecent room ထဲ ထည့်တွက်)
အဖွဲ့လိုက်လာတဲ့သူတွေ အဲလိုကပ်လျှက်အခန်းမျိုးပေးပါလို့တောင်းကြတာများတယ်။

အပိုင်း ၅ နဲ့ပဲ သိသင့်တဲ့ room status များကို ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ alphabetically အစီစဉ်တကျမဟုတ်ပဲ စိတ်ထဲပေါ်တာကိုချရေးလို့ ဟိုရောက် ဒီရောက်ဖြစ်တာကို သည်းခံပြီးဖတ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျန်တာတွေလည်းရှိဦးမှာပါ။ အခုရေးမိတဲ့ဟာတွေက သိသလောက် မှတ်မိသလောက်လေးသာရေးထားတာမို့ အမှားပါခဲ့ရင် စေတနာအမှားလို့သာ မြင်ပေးပြီး ပြင်ဆင်ထောက်ပြပေးကြပါလို့။

နောက်ထပ် ကျနော် *** လုပ်ပြီး ရေးဖို့ မှတ်ထားတာတွေကိုလည်း အချိန်ရသလောက် ရေးပါဦးမယ်။

21/08/2023

သိသင့်သော အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန Room Status code များ

(အပိုင်း-၃)

Do Not Disturb - DND
များသောအားဖြင့် Do Not Distrub ဆိုတဲ့ Tag အနီရောင် ကို ဧည့်သည်အခန်းရဲ့ အဝင်တံခါးလက်ကိုင်မှာချိတ်ထားရင် သို့မဟုတ်နောက်ပိုင်းဟိုတယ်တွေမှာသုံးလာကြတဲ့ တံခါးနား လူခေါ်ခေါင်းလောင်းနားမှရှိတတ်တဲ့ာ privacy lamp အနီရောင်လေးလင်းနေတာဟာ ဧည့်သည်က (အထူးသဖြင့်) HK ဝန်ထမ်းကို လာမနှောင့်ယှက်ပါနဲ့လို့ဆိုလိုတာပါ။ ဒီ sign ကိုတွေ့တာနဲ့ ကိုယ့်ရဲ့ maid sheet report က အဲဒီအခန်းနံပါတ်ဘေးမှာ ကိုယ်တွေ့တဲ့အချိန်ကို ချက်ချင်တခြားအခန်းတခန်းကိုသွားရှင်းပြီးတိုင်း အဲဒီ sign လေး ဖြုတ် မဖြုတ်ကို ပြန်သွားကြည့်ပါ မဖြုတ်သေးရင်ကြည့်တဲ့အချိန်ကိုမှတ်ပြီး အချိန်တခါထပ်ရေးပါ။ တခါတလေ DND အခန်းတွေများနေရင် အားနေတယ်ဆိုပြီး ပျော်ရသလိုဖြစ်ပေမယ့် နေ့လည် ထမင်းစားချိန်ကျော် ဂျူတီချိန်ပြီးခါနီးမှ ရှိသမျှ DND တွေအကုန်ပြုတ်ပြီး Make up sign တွေချိတ်တော့မှ ငိုရမလို ရယ်ရမလိုဖြစ်ပြီး ငိုသံပါကြီးနဲ့ ကူပါကယ်ပါ မဖြစ်ရလေအောင် အချိန်ရှိတုန်း ရှင်းလို့ရတဲ့အခန်းတွေကုန်ပြီး ကျန်တဲ့အခန်းတွေ DND ဖြစ်နေတုန်းဆိုရင် ကိုယ့်အထက်အရာရှိကို အကြောင်းကြားပါ။ တခြားရှင်းလို့ရမယ့် အခန်းကိုပေးပါဆိုပြီးတောင်းပါ၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တောင်းပါ။ ဘာလို့လဲဆိုတော့ ကြီးကြပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူ အထက်အရာရှိက ဝန်ထမ်းတိုင်းကို သာတူညီမျှဖြစ်အောင် credit/point system နဲ့ အခန်းတွေကို တာဝန်ချထားတာမို့ ကိုယ်မရှင်းနိုင်ရင် ကိုယ့်ရဲ့ performance ပဲထိခိုက်မှာမို့ပါ။ မယုံမရှိပါနဲ့ တိကျသေချာပြီး ထက်မြက်တဲ့ မန်နေဂျာတယောက် သို့မဟုတ် အထက်အရာရှိတယောက်က စာရွက်ပေါ် ဒါမှမဟုတ် ကွန်ပြူတာ စခရင်ပေါ်ကနေ ထိုင်ရာမထပဲ ခင်ဗျားတို့ အခန်းကို ချမှတ်ထားတဲ့ procedure အတိုင်းရှင်းလား ဒါမှမဟုတ် Cleaning cloth လေးတခုပဲကိုင်ပြီး အခန်းထဲဝင် ဒုံးယိမ်းကသွားသလားဆိုတာ သိနိုင်တဲ့ အချက်အလက်​တွေ နည်းလမ်းတွေရှိပါတယ်။
အချိန်တန်လို့ပြန်ခါနီးအထိ DND မဖြုတ်သေးဘူးဆိုရင် အထက်အရာရှိဆီကနေလည်း အစားထိုးရှင်းဖို့အခန်းမရခဲ့ဘူးဆိုရင် ထုံးစံအတိုင်း အခန်းရှေ့ကနေဖြတ်တဲ့အခါ အသံမထွက်အောင် trolley တွန်းပြီးသွားတတ်အောင်လေ့ကျင့်ထားပေါ့ 😂😂😂 ဒါပေမယ့် DND အခန်းဆို လုပ်ရမယ့် procedure ကိုတော့ မေ့မထားဖို့တော့လိုပါမယ်နော်။ နောက်ဆုံးအကြိမ် ကြည့်ပြီး DND လုပ်ထားဆဲအချိန်ကို report ထဲက အခန်းနံပါတ်ဘေးမှာရေးထည့်ဖို့လည်းမမေ့နဲ့ပေါ့။

Service Refuse - SR or Refuse
ဧည့်သည်က အခန်းရှင်းဖို့မလိုအပ်ကြောင်းပြောတာပါ။
အခုမရှင်းသေးဘူး(Not NOW) နောက်မှပြန်လာ (Comeback Later)ဆိုတဲ့စကား ၂ခုက SR မဟုတ်ဘူးနော်။ အဲဒါကို SR ဆိုပြီးအခန်းနံပါတ်ဘေးမှာအချိန်နဲ့မှတ်ထားမိရင် ကွိုင်ရှိတယ်။ ဧည့်သည်က အဲလိုပြောလာခဲ့ရင် ဘယ်အချိန်ပြန်လာရှင်းရမလဲဆိုတာကို ယဉ်ကျေးစွာမေးပါ။ နောက်တနာရီ ဒါမှမဟုတ် နာရီဝက်မှပြန်လာပါဆို ဟုတ်ကဲ့ပြောပြီးမထွက်လာပါနဲ့ အချိန်ကိုကြည့်ပြီး ဥပမာ- ဟုတ်ကဲ့ပါ အခုက ၁၀နါရီခွဲဆိုတော့ နောက်တနာရီဆို၁၁နာရီခွဲမှာပြန်လာပြီးအခန်းရှင်းရင် အဆင် ပြေပါသလားခင်ဗျာ/ရှင် ဆိုပြီး အချိန်ကို အတိအကျနဲ့ သဘောတူညီမှုယူပါ။ မဟုတ်လို့ကတော့ အခန်းအရှေ့ပြန်သွားတိုင်း comeback Later, နဲ့ချည်းတိုးရင် အချိန်ကုန်လူပမ်းဖြစ်မယ်။
အဲလိုမဟုတ်ပဲ ဒီနေ့မရှင်းဘူးဆိုရင်တော့ ဘာများလိုအပ်ပါသေးလဲ ဆိုပြီး ကိုယ်ပံပိုးပေးရမယ့် aminities ရေသန့်ဗူး towel ​စတဲ့ ဧည့်သည်လိုအပ်မယ်ထင်တာတွေကိုထည့်ပေးရမလားဆိုတာ offer လုပ်ပါ။ဒီနေရာမှာ ပြောချင်တာတခုက တနေ့စာအခန်းထဲထည့်ရမယ့် shampoo shower gel စတဲ့ aminities တွေအတွက် ဧည့်သည်က ပေးထားပြီးသားဆိုတာမမေ့ပါနဲ့ သူသုံးသည်ဖြစ်စေ ယူသွားသည်ဖြစ်စေ အဲဒါတွေအတွက် အခန်းခထဲ ထည့်ပေါင်းပြီးသားမို့ သူယူထားတာ မဟုတ်ပဲ သူဝယ်ထားတာကို သူသိမ်းတယ် သုံးတယ်လို့သဘောထားပါ။
Make Up Request - MUR
အခန်အဝင်ဝလက်ကိုင်မှာ အစိမ်းရောင် Please Make Up Room ဆိုတဲ့ Tag လေးချိတ်ထားမယ် ဒါမှမဟုတ် နောက်ပိုင်းဝိုတယ်တွေမှာသုံးလာတဲ့ တံခါးနားက Make up indicator အစိမ်းရောင်လေးလင်းနေတယ်ဆိုရင် အခန်းကိုရှင်းပေးဖို့ ဧည့်သည်ကတောင်းဆိုထားတာပါ။ ကြားဖြတ်ပြောစရာရှိတာတခုက Make up room Tag ချိတ်ထားတာနဲ့ Make up indicator မီးအစိမ်းလေးလင်းနေတာ ဘာကွာသလဲဆိုတာပါ။ အခန်းရှင်းခိုင်းတာချင်းတူပေမယ့် မတူတာက အခြေအနေပါ။ Tag လေးချိတ်တာက အဲဒီဧရိယာက အခန်းတွေ ရှင်းဖို့တာဝန်ကျတဲ့သူ နဲ့ စစ်ဆေးတဲ့ ကြီးကြပ်ရေးမှူးက အရင်ဆုံးမြင်နိုင်မှာဖြစ်ပြီး ဘယ်အချိန်မှာ အဲဒါလေးချိတ်လိုက်တာကိုမသိနိုင်ဖို့များပါတယ်။
Indicator လေး လင်းတာကတော့ များသောအားဖြင့် hotel ရဲ့ system နဲ့ချိတ်ထားတာမို့ ဘယ်အချိန်မှာ request လုပ်လိုက်တယ်ဆိုတာ room status တွေကိုကြည့်နေတဲ့ FO receptionist, Telephone operator, HK Clark, HK Mgrစတဲ့သူတွေဆီမှာ အခန်းနံပါတ်ဘေးမှာ MUR အစိမ်းရောင်လေးက သွားလင်းနေပါပြီ DND လည်းထိုနည်း၎င်းပါ။ indicator မှာ DND လုပ်ထားရင် အများအားဖြင့် အဲဒီအခန်းက bell ကိုနှိပ်ရင် အသံမမြည်တော့ပါဘူး။ ***(ဒါက MakeUp & DND sign နဲ့ပါတ်သက်ပြီး နောက်ပိုင်းဟိုတယ်တွေမှာသုံးလာကြတဲ့ Technology ပါ)
MUR နောက်တမျိုးကတော့ ဧည့်သည်ကိုယ်တိုင် ဝန်ထမ်းကိုလာပြောတာပါ။

***ဒီနေရာမှာ မေးခွန်းလေးတခု ခေါင်းထဲဝင်လာပါတယ်။
1. MUR tag ချိတ်ထားတဲ့အခန်း
2. MUR ကို ကိုယ်တိုင် request လာလုပ်တဲ့ ဧည့်သည်ရဲ့အခန်း
သင်သာဆို ဘယ်အခန်းကို အရင်ရှင်းမှာလဲ? ဘာကြောင့်လဲ?
ဒီမေးခွန်းလေးကို ကိုယ့်ဟာကိုယ်စိတ်ထဲ ဖြေကြည့်ပါ။
မှန်တယ်မှားတယ်ဆိုတာထက် ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်က ပိုအဓိကကျပါမယ်။ ဘယ်အခန်းကိုအရင်ရှင်းမယ်ဆိုတာ အကြောင်းပြချက်မှားရင် အဖြေမှားပြီး အကြောင်းပြချက်မှန်ရင် အဖြေမှန်ပါမယ်။

ဒီတခါ ၃ခုထဲနဲ့စာရှည်သွားလို့ ဒီမှာ ခဏရပ်ပါရစေ။

အပိုင်း ၄ မကြာမီတင်ပေးပါမယ်။

18/08/2023

သိသင့်သော အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန Room Status code များ
(အပိုင်း-၁)

အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာနမှာ ဟိုတယ်များမှာ အသုံးပြုတတ်တဲ့ အခန်းအခြေအနေပြကုဒ်များ (Room Status Codes) အမျိုးမျိုးရှိပါတယ်။ အခန်းအခြေအနေပြကုဒ် (Room Status Codes) ဆိုတာတွေက ဟိုတယ်အခန်းတခုခြင်းစီနှင့်သက်ဆိုင်ပြီး ဟိုတယ်အခန်းတွင်း ဧည့်သည်များ တည်းခိုနေထိုင်မှုနှင့် သန့်ရှင်းမှုဆိုင်ရာ အချက်အလက်နှစ်ခုလုံးကို ပေါင်းစပ်ပြသပေးတာဖြစ်ပါတယ်။

အခန်း၏အခြေအနေပြောင်းလဲမှုမှန်သမျှကို အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန (Housekeeping) မှ ဧည့်ကြို (Reception) သို့ ဆောလျင်စွာအကြောင်းကြားခြင်းဖြင့် အခန်းရောင်းအားနှင့် ၎င်းတို့၏နှစ်စဉ်ဝင်ငွေကို တိုးမြင့်နိုင်စေပါသည်။ ဟိုတယ်တွင်းရှိ Front Office နှင့် Housekeeping ဌာနနှစ်ခုကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှသာ ဧည့်သည်များအတွက် ဟိုတယ်မှ ထိထိရောက်ရောက် ဝန်ဆောင်မှုများပေးနိုင်မှာဖြစ်လို့ ဒီဌာန၂ခုမှ တခုနှင့်တခု သေချာစွာ ဂရုတစိုက်ဖြင့် အခန်းအခြေအနေ (Room Status)များကို အချိန်နှင့်တပြေးညီ အသိပေးအကြောင်းကြားဖလှယ်သင့်ပါတယ်။
ဆက်လက်ပြီး Housekeepingနဲ့ပါတ်သက်တဲ့ အခန်းအခြေအနေကုဒ်များ (Room Status Codes) ကို လေ့လာလိုသောဝန်ထမ်းများအတွက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာပြောလိုတာတခုက ဟိုတယ်တခုနဲ့တခု PMS(Property Management System) သုံးခြင်း မသုံးခြင်းအပေါ်မှာမူတည်ပြီးရေးတာမဟုတ်ပဲ အသုံးများတဲ့ ကုဒ်များကိုသာ လေ့လာရန်အတွက် ရေးထားတာဖြစ်လို့ အတိုကောက်စာလုံးများ ကွဲလွဲမှုရှိကောင်းရှိလာနိုင်ပါတယ်။စိတ်ထဲပေါ်လာတဲ့ဟာကိုချရေးတာဖြစ်တဲ့အတွက်လည်း စာလုံးတွေအစဉ်လိုက်မဖြစ်တာရှိခဲ့ရင်လည်း ကျနော့်ရဲ့ မပြည့်စုံမှုကို သည်းခံပေးစေလိုပါတယ်ခင်ဗျ။

Vacant Clean - VC
အခန်းလွတ်/အခန်းကိုသန့်ရှင်းရေးလုပ်ပြီး
(မှတ်ချက်။ ဧည့်သည်ကို ရောင်းရန် အဆင်သင့်ဟု မမှတ်ယူသင့်ပါဘူး။ အိပ်ခန်းဆောင်ထိန်းသိမ်းရေးက အခန်းကိုသန့်ရှင်းရေးလုပ်ပြီးသားအခန်းဟုသာမှတ်ယူပါ။ ရောင်းရန်အဆင်သင့်ဖြစ်/မဖြစ်ကို ပုံမှန်အားဖြင့် သက်ဆိုင်ရာ ကြီးကြပ်ရေးကစစ်ဆေးပြီးမှသာ အတည်ပြုပေးပါလိမ့်မယ်။ အတွေ့အကြုံအရ VC အခန်းကို အဆင်သင့်ဖြစ်ပြီအထင်နဲ့ FO မှရောင်းလိုက်ပြီးတဲ့အခါမျိုးမှာ အခန်းတွင်း သန့်ရှင်းရေးသာလုပ်ထားပြီး ပစ္စည်းမပြည့်မစုံဖြစ်လို့ ဧည့်သည်ပြဿနာရှာတာမျိုးဖြစ်တတ်ပါတယ်။)

Vacant Clean Inspected or Inspected - VCI/IS
သန့်ရှင်းပြီး ရောင်းရန်အဆင်သင့်ဖြစ်သောအခန်း
ပုံမှန်အားဖြင့် ကြီးကြပ်ရေးမှူးမှ Vacant Clean ခန်းကို စစ်ဆေးပြီး ရောင်းရန်အဆင်သင့်ဖြစ်ပြီဟူသောအခြေအနေပြကုဒ်တခုပါ။
ဒီလိုစစ်ဆေးပြီးအခန်းမှသာ FOမှ ဧည့်သည်ကိုရောင်းသင့်ပါတယ်။ ဒီမှာပြောစရာရှိတာက VC ခန်းကို ရောင်းလို့ မရဘူးလားဆိုတာပါ။ VC code က သန့်ရှင်းရေးလုပ်ပြီးဆိုတာကိုပဲ ရည်ညွှန်းပါတယ်။ စစ်ဆေးပြီးရောင်းရန်အသင့်လို့ရည်ညွှန်းတာမဟုတ်တဲ့အတွက် အခန်းတွင်းမှ ရှိရမယ့်ပစ္စည်းများ ပစ္စည်းပြည့်စုံမှု ရှိ/မရှိ ပျက်စီးမှု ရှိ/မရှိနဲ့ ရောင်းချရန်အဆင်သင့် ဖြစ်/မဖြစ်ဆိုတာကို စစ်ဆေးထားခြင်းမရှိသေးတဲ့အတွက် ပြဿနာတစုံတခုပေါ်မလာအောင် VC ခန်းကို ပုံမှန်အခြေအနေတွေမှာ မလိုအပ်ပဲနဲ့ ရောင်းချဖို့ မသင့်တော်ဘူးလို့ပဲပြောပါရစေ။ အကယ်၍ ရောင်းချပြီး ပြဿနာတစုံတခုပေါ်ပေါက်လာပါက FO & ဘော်လီဘောပွဲကို စတင်ကြည့်ရှုရုံသာမက ကိုယ်ပါ ပါဝင်ကစားရတတ်လို့ စိတ်ညစ်ညူးမှု ဖြစ်ပေါ်လာနိုင်ပြီး အခန့်မသင့်လျှင် အဝါကတ်ပြခံရတဲ့သူဖြစ်သွားနိုင်ပါတယ်။

Vacant Dirty - VD
အခန်းလွတ်၊ မရှင်းရသေး
(VD အများစုက ယခင်နေ့က ဧည်သည် check out ထွက်သွားတဲ့ မရှင်းရသေးတဲ့လက်ကျန်ဖြစ်နိုင်သလို ရှင်းပြီး Status မပြောင်းရသေးတာ သို့မဟုတ် Out of Service, Out of Order ကနေ Status ပြောင်းလာတာလည်းဖြစ်နိုင်ပါတယ်။ )

Vacant and Ready - VR
သန့်ရှင်းပြီး ရောင်းချရန်အဆင်သင့်
တချို့ဟိုတယ် PMSများတွင်အသုံးပြုတတ်ပြီး ပုံမှန်ဟိုတယ်များမှာတော့ အများအားဖြင့် Vacant Clean- VC status အဖြစ်သာတွေ့နိုင်ပါတယ်။ ယခင်နေ့က ကြီးကြပ်ရေးမှူး စစ်ဆေးထားသော VCI/IS status အခန်းများ နောက်တနေ့ရောက်လျှင် ပြောင်းသွားတတ်သော room status တခုဖြစ်ပါတယ်။ ရောင်းချရန်အတွက် ဝန်ထမ်းများနှင့်ကြီးကြပ်ရေးမှူးပြန်လည်ကြည့်ရှုရန် (touch up and inspect) လိုအပ်တဲ့အခန်းဖြစ်ပါတယ်။

Out of Service - OS / OOS
အဲဒီအခန်း သို့မဟုတ် အဲဒီနေရာက အသုံးပြုလို့မရတာမျိုးပါ။
(ဒီအခန်း Status Code ကိုတွေ့ရင် အခန်းထဲကဘယ်ဟာက ဘာဖြစ်နေတယ်ဆိုတာ ကြီးကြပ်ရေးမှူးက သိကိုသိရမှာဖြစ်ပြီး ဝန်ထမ်းကိုလည်းအသိပေးထားရမှာဖြစ်တဲ့အပြင် FO နဲ့ M&E ကိုလည်းအကြောင်းကြားထားရမှာပါ။ ပုံမှန်အားဖြင့် OOS/OS code ကို လုပ်ငန်းချိန် (Duty ချိန်) အတွင်း ပြန်လည်ပြင်ဆင်လို့ရနိုင်တဲ့အရာမျိုးတွေမှာအသုံးပြုပါတယ်။)

Out of Order - OO / OOO
ရောင်းချရန်အဆင်သင့်မဖြစ်သောအခန်း
များသောအားဖြင့် အခန်းအတွင်းရှိ ဧည့်သည် ကြီးကြီးမားမားအသုံးပြုသည့် နေရာ/ပစ္စည်း ပျက်စီး/အသံုးပြုမရပဲ ဖြစ်နေမည်၊ ယင်းကို ပြန်လည်ပြင်ဆက်ရန်အတွက် အချိန်ကြာမြင့်စွာလိုမည် (၈နာရီအထက်) ဆိုလျှင် ထိုအခန်းကို OOO status ဖြင့်တွေ့ရှိနိုင်သည်။ ဧည့်ခန်းဆောင်ကြီးကြပ်ရေးမှူးမှ သိရှိပြီးဖြစ်ရမည့်အပြင် ဧည့်ကြို နှင့် ပြင်/ထိန်း ဌာနများသို့လည်း အကြောင်းကြားပြီးဖြစ်ရမည်။ အထူးသဖြင့် ပြင်/ထိန်း (M&E) သို့ ပြင်ဆင်ရန် (maintenance request form)ဖြင့် အကြောင်းကြားပြီး မှတ်တမ်းယူထားရပါမည်။

Vacant Maintenance - VM
အခန်းလွတ်ဖြစ်ပြီ များသောအားဖြင့် M&E သို့မဟုတ် HK မှ Out of Service နှင့် သဘောတရားတူညီသော အကြောင်းပြချက်တခုခုဖြင့် ပြင်ဆင်နေသောအခန်းဖြစ်ပါတယ်။
Early Arrival - EA
ဟိုတယ်၏ပုံမှန် Check in time ထက်စေားပြီ check in ဝင်ရန် ဧည့်သည်မှ တောင်းဆိုမှုပြုသည့်အတွက် ဟိုတယ်မှခွင့်ပြုသဘောတူထားသောအခန်းဖြစ်ပါတယ်။ Dirty Vacant status -DV ဘေးမှာ EA ပါလာလျှင် သင် စောစောစီးစီး မုန့်ဟင်းခါးစားရတော့မှာဖြစ်လို့ ဝမ်းသာလိုက်ပါ 😁
Clean Vacant status ဘေးတွင် EA ပါလာပါက သတိထားပါ။ ကိုယ်အလုပ်မဝင်ခင် ဧည့်သည်က အခန်းထဲအရင်ရောက်နေတာဖြစ်တတ်ပါတယ်။ သေချာအောင် ကြီးကြပ်ရေးမှူးကို PMS ထဲတွင် ကြည့်ခိုင်းပါ။ PMS မရှိတဲ့ဟိုတယ်များကတော့ FO ကိုလှမ်းမေးပြီး confirm လုပ်သင့်ပါတယ်။ Vacant Clean Status မို့ လူမရှိဘူးထင်ပြီး အခန်းတံခါးကို မခေါက်ပဲဖွင့်ရင် ၅ပါးတင်မက ကိုယ်ပါမှောက်သွားတတ်လို့ Standard Procedure အတိုင်း တံခါးခေါက်ပြီးမှဝင်ဖို့ ဘယ်တော့ ဘယ်တော့မှ မမေ့သင့်ကြောင်းပါ။

Arrival Expected - AE
ယနေ့ဝင်ဖို့အတွက် သတ်မှတ်ထားပြီးသော ဧည့်သည်အခန်းပါ။ Dirty Vacant မဖြစ်ရင် ကိုယ့်အတွက် အဆင်ပြေပြီ အခန်းး အဆင်သင့်ဖြစ်အောင်တော့ ကိုယ့်ဘက်ကသေချာအောင် ပြန်စစ်ပေးရပါမယ်။

ကျန်တာတွေကို နောက်ထပ် အပိုင်းလိုက်တင်ပေးပါမယ်။

04/01/2021

73 နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုပါသည်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 32, Pyay Road, Hmawbi
Yangon
130103