Green Tech
14/01/2025
Green Technology Engineering Co., Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းများခေါ်ယူခြင်း (၃၁.၀၁.၂၀၂၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရန်📣📣
၁။ Accountant မ ---> (၂) ဦး
🔹B.com (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ပြီး ACCA (သို့) LCCI Level (III) အောင်မြင်ပြီးသူဖြစ်ရမည်။
🔹Computerized Accounting Software ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်ပြီး အသက် (၃၀) နှစ်အောက်ဖြစ်ရမည်။
🔹စာရင်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် နှင့်အထက်ရှိရမည်။
🔸နေ့စဉ် အရောင်းပြေစာများ၊ အသုံးစရိတ်များ၊ ငွေလက်ကျန်စာရင်းများ စာရင်းသွင်းထားမှုအခြေအနေကို စစ်ဆေး ပေးရမည်။
🔸ရရန်ရှိစာရင်းများ၊ ပေးရန်ရှိစာရင်းများ၊ ငွေဝင်/ငွေထွက် စာရင်းနှင့် ကုန်ပစ္စည်းစာရင်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ရမည်။
🔸စာရင်းနှင့်ပတ်သက်သည့် လုပ်ငန်း Operation ကိစ္စများ၊ ပုံသေပိုင်းပစ္စည်းဆိုင်ရာ စာရင်းသွင်းပြုစုခြင်း ဆောင်ရွက် နိုင်ရမည်။
🔸ကုန်သွယ်ခွန်၊ ဝင်ငွေခွန်နှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ခြင်းများလုပ်နိုင်ရမည်။ Accounting Software အသုံးပြုပြီး လချုပ်/နှစ်ချုပ် စာရင်းများရေးဆွဲနိုင်ရမည်။
🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)
၂။ Delivery ---> ကျား (၂) ဦး
🔹အခြေခံပညာအရည်အချင်းအလယ်တန်းအဆင့်ရှိသူ၊ ကျန်းမာသန်စွမ်းပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။ အသက် (၂၅) နှစ်အောက်ဖြစ်ရမည်။
🔹လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
🔸IT, Mobile & Electronic နှင့်ဆက်စပ်သည့် ကုန်ပစ္စည်းများကို ထိခိုက်ပျက်စီးမှုမရှိအောင် တင်/ချ ပြုလုပ်ပေးခြင်း၊ အရောင်းကားနှင့်လိုက်ပါ၍ ပစ္စည်းများလိုက်လံသယ်ယူပို့ဆောင်ခြင်း၊ ရောင်းကုန်ပစ္စည်းများရောက်ရှိလျှင် ဂိုထောင်သို့ သယ်ယူနေရာချထားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ရမည်။
🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)
၃။ Driver ---> ကျား (၂) ဦး
🔹အခြေခံပညာအရည်အချင်းအလယ်တန်းအဆင့်ရှိသူ နှင့် အသက် (၂၅) နှစ် မှ (၄၀) နှစ် အတွင်းဖြစ်ရမည်။
🔹လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် နှင့်အထက်ရှိရမည်။
🔸ဘယ်/ညာမောင်း နှင့် Auto ၊ Manual (၂) မျိုးလုံးကို ကျွမ်းကျင်သူဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ရန်ကုန်မြို့တွင်း ကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ်ရမည်။
🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)
- အထက်ဖော်ပြပါ ရာထူးများအတွက် လျှောက်ထားလိုသူများသည်
၁။ စည်းကမ်းစနစ်ရှိစွာ အကျင့်စာရိတ္တကောင်းမွန်စွာဖြင့် နေထိုင်တတ်သူဖြစ်ရမည်။
၂။ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး အလုပ်ကိုဦးစားပေး၍ ရိုးသားကြိုးစားစွာ လုပ်ကိုင်လိုသူဖြစ်ရမည်။
၃။ အစမ်းခန့်ကာလ (၃) လ လုပ်ကိုင်ရမည်ဖြစ်ပြီး လုပ်ငန်းနှင့်ကိုက်ညီမှုရှိသည့် စွမ်းဆောင်ရည်ကောင်းမွန်သည့် သူများကိုသာ အမြဲတမ်းဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်မည်ဖြစ်သည်။
၄။ နေ့စဉ်ပုံမှန်ရုံးတက်ချိန်မှာ နံနက် (၉:၀၀) မှ ညနေ (၅:၃၀) နာရီဖြစ်သည်။ အချိန်ပိုဆင်းရန်မလိုပါ။
၅။ တစ်ပတ်လျှင် တနင်္ဂနွေနေ့နားရက် တစ်ရက် နှင့် အများပြည်သူရုံးပိတ်ရက် (အစိုးရရုံးပိတ်ရက်) အတိုင်းနားရက် ခံစားခွင့်ရရှိမည်။ အဆိုပါနားရက်မှအပ အခြားရက်များအားလုံး လုပ်ငန်းခွင်ဝင်ရပါမည်။
- လျှောက်ထားလိုသူများသည် ဓါတ်ပုံ (၁) ပုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံ (မိမိလျှောက်ထားလိုသောရာထူးနှင့် ဖုန်းနံပါတ် ထည့်ပေးရန်)၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ နှင့် သန်းခေါင်စာရင်း မိတ္တူများဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။
- အသေးစိတ်အချက်အလက်များကို သိရှိလိုပါက HR Department Hotline 09 31 833 444 သို့ နံနက် (၉) နာရီခွဲ မှ ညနေ (၅) နာရီ အထိ တနင်္ဂနွေနေ့မှအပ စုံစမ်းမေးမြန်းနိုင်ပါသည်။
- လျှောက်ထားရန်လိပ်စာ...
အမှတ် (၁၈+၁၉)၊ သန်လျင်ကျောက်တန်းလမ်း၊
ဘုရားကုန်း၊ သန်လျင်မြို့နယ်။
Click here to claim your Sponsored Listing.