Cap Corner

Cap Corner

Share

Photos from Cap Corner's post 07/09/2023

စျေးတွေ သူ့အလိုလိုပြန်ကျရင်ကောင်းမှာပဲ။ ဗိုက်လိမ်းတာတွေကုန်သွားပြီ🥺🥺🥲
က review ရေးဖူးတာမို့ အတော်ရင်းနှီးကြမယ့် brand ဆိုပေမယ့် ခုပြောမှာက MaMa’s choice brand
ကိုကြိုက်လွန်းလို့ လက်ထဲရောက်ကတည်းက သုံးဖြစ်တာခုဆိုကုန်သွားပြီ။
၂ လလောက်တော့ခံလိုက်တယ် 🥺🥺ဗိုက်တင်မက နေရာအနှံ့သုံးရတော့လေ။ ဘာလို့လည်းဆိုတာအောက်မှာဆက်ပြောပြမယ်။

သုံးနည်းကတော့ Serum တစ်စက်-၂ စက် လောက်ကို dropper နဲ့လက်ထဲထည့်ပြီး ဗိုက်တစ်ပြင်လုံးပွတ်ပြီးသေချာစိမ့်ဝင်အောင် လိမ်းပေးတယ်။ ပြီးမှ အပေါ်ကနေ cream or oil ပြန်သုံးပေးရင် အကြောပြတ်ရာလေးတွေကာကွယ်ပြီးသားဖြစ်သလို ရှိပြီးသားအကြောပြတ်ရာကိုမှိန်စေတယ်။
အနံ့ကလည်းအတော်သင်းတော့ ညဘက်မအိပ်ခင် လိမ်းရင် စိတ်ရှုပ်နေရင်တောင် အနည်းငယ်လေးစိတ်ကြည်သွားစေတယ်။
ဗိုက်က အခု မွေးခါနီး ၂ ပတ်လောက်မှာ တစ်
ကွက်လောက်ပဲအကြောပြတ်တယ်။
ဖြိုး body ရဲ့ ထူးဆန်းမှုကြီးက ဗိုက်အကြောပြတ် တာက လိုင်းပိစိ ၂-၃ ကြောင်းပဲကွက် ရှိပြီး လက်မောင်း, ဒူးခေါင်းအနောက်ဖက်၊ နဲ့ ခါးမှာအကြောပြတ်တာအရမ်းဆိုးတာပဲ။ အနီကြောင်းကြီးတွေမို့ ဘေးကမြင်တဲ့သူတွေတောင်လန့်တယ်။
ဒါတောင်ကြိုလိမ်းထားတာရယ်🤔။ အဲ့တော့ serum ကို လက်မောင်းနဲ့ခါးကိုအဓိကသုံးဖြစ်တယ်။

ကိုယ်ဝန်ဆောင်ကာလကတော့ဘာမှကိုကြိုမှန်းလို့ကိုမရတာ ဟော်မုန်းကြောင့် ရော Genetics ကြောင့်ပါ body ကဖြစ်ချင်တိုင်းဖြစ်တော့လေ။ မွေးပြီးရင်တော့ မဲနေတာတွေသူ့အလိုလိုလျော့ပြီး အကြောပြတ်ရာတွေမှိန်သွားပါစေဆုတောင်းတယ် 🥺။

Stretch Marks Serum ရော Cream ရောကိုကိုယ်ဝန်ဆောင်ချိန်ကာလပြီးလို့ မွေးပြီးရင်လည်း နောက်ထပ် ၆လလောက်က စွဲသုံးသွားဖို့ လိုတာမို့
ရိက္ခာတော့စုထားမှဖြစ်မှာ🙈
ဝယ်ရပါဦးမယ်ပေါ့လေ 😁😁😁🫶🏻

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon