MY FOUR
04/05/2024
ပိုအရေးကြီးတယ်
30/04/2024
အရမ်းပူတယ်နော် ရင်ထဲမှာ အေးသွားအောင် ဆေးကုလားမ ကျောက်ကျော ချီရာစေ့ ဖျော်ရည်လုပ်သောက်ကြမယ်
ရင်ကိုအေးမြစေမယ် အလွယ်ဆုံး low carb high fiber ဖျော်ရည်ကို ပျားရည် လေးနဲ့ဖျော် အရသာလေးကဲအောက် သံပုရာရည်လေးညှစ်စားပါ။🥤😋
#ကျောက်ကျောဖျော်ရည်
#ဆေးကုလားမ
16/04/2024
အမြည်းအိုင်ဒီယာ ရှယ်လို့မရလို့ကော်ပီလာတာ။
ပိတ်ရက်တွေမှာ ဘာလုပ်စားရင်ကောင်းမလဲစဉ်းစား မရဖြစ်နေရင်ပိုပိုကောင်းဆလက် လေးလုပ်စားပါလား။
ဝက်မှိုလုံးရဲ့ချို ကြွပ် မွ နေတဲ့ အရသာကို အချဉ် အစပ် ကဲကဲထဲ့ ရှမ်းနံနံ နဲ့ တရုပ်နံနံရဲ့မွှေးပျံ့ခြင်း တွေ ခရမ်းချဉ်သီး, သခွားသီးလတ်လတ်ဆတ်ဆတ်တွေနဲ့ သုပ်လိုက်တာ ဘာနဲ့မဆိုလိုက်ဖက်နေလို့ 😋
ပထမဆုံးဝက်မှိုလုံးကိုဆီအနည်းငယ်နဲ့ နီညိုရောင်သမ်းလာတဲ့အထိ အိုးပူတိုက်ပါ။ 🍢🫕
ဒုတိယ အဆင့် ဆော့စ် အတွက် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ကိုထောင်းပါ သံပုရာသီး နှစ်လုံးခန့်ကို အရည်ညှစ်ထဲ့ ပါ ။ငံပြာရည် အကြည် ,ဆား,ဟင်းခတ်မှုန့် အနည်းငယ် နဲ့ sweet chili sauce ကို ရောစပ်ပီးသမအောင်မွှေပါ။ ရှမ်းနံနံနဲ့တရုပ်နံနံ အနည်းငယ်ကို သေးသေးလေးတွေ ဖြစ်အောင် ဖြတ်ပြီး ဆော့အရည်ထဲကိုထဲ့ပါ။ 🥣🧄🌶️
တတိယအဆင့်ကတော့
ခရမ်းချဉ်သီးအလုံးခပ်ကြီးကြီးကို ခပ်သင့်သင့်လှီးပါမယ် အသုတ်မှာ အရည်ရွှမ်းရချင်လို့ အစေ့တွေမဖယ်ပါဘူး။ သခွားသီးကိုတော့ လေးတောင့်လေးဖြစ်အောင် အူတိုင်မပါပဲအပြင်သားတွေချည်းယူထားပါတယ်။ ကြက်သွန်မြိတ်ကြိုက်တယ်ဆိုရင် လက်တစ်ဆစ်လောက်အနေအထားဖြတ်ထည့်ပါ။ 🥒🍅
ဒါဆိုရင်တော့ လှီးထားတဲ့ ဝက်မှိုလုံးတွေနဲ့အားလုံး ရောပြီးအရသာနံ့အောင်မွှေလိုက်ရင်တော့ ချဉ်စပ်ချိုမွှေးနေတဲ့ ဝက်မှိုသုပ်ကို ကိုရပါပီ။😍
ဒီအတိုင်းပဲစားစား ဘာနဲ့ပဲ တွဲသောက်သောက် ထမင်းနဲ့ပဲစားစား အရမ်းကိုကောင်းနေပါပြီ။😋🍻🥤
#အမြည်း
12/04/2024
သင်္ကြန် အချိန် တွေ တိုင်း လုပ်စားဖြစ်တဲ့ မော်လမြိုင် သင်္ကြန်ထမင်းနဲ့စားရတဲ့
သရက်သီး နဲ့ကြော်တဲ့ငါးခြောက်ထောင်းကြော်
အကောင်းဆုံးက တော့ ငါးကွန်းရှ ပ် နဲ့ကြော်တာပါ။
ပထမဆုံး ကြက်သွန်နီ အလုံးသင့်သင့်ထက်ခြမ်းခွဲ
သရက်သီးစိမ်းကို ခြစ်ထားပီး အချဉ်ရေတွေကို ညှစ်ပါတယ်။ အချဉ်အရသာလျော့စေချင်လို့ပါ။ ပြီးရင် ကြက်သွန်နီ ကိုအနည်းငယ် နွမ်းအောင်ဆီသတ် သရက်သီးခြစ်ထဲ့ ဆားအနည်းငယ် ဟင်းခတ်မှုန့် ထဲ့
ငရုတ်သီးအရောင်တင်မှုန့်ထဲ့ မွှေ ပီး ပုံထဲကလိုသရက်သီးနွမ်းလာချိန် ကျ ပြုတ်ပြီး အရိုးဖယ်ထောင်းထားတဲ့ ငါးကွန်းရှပ် နဲ့ ကြော်ပါ အရသာမြည်းပြီး ငါးခြောက်နဲ့ သရက်သီးအရသာရော စပ်သွား တဲ့အချိန်ဆို အဆင်သင့်ဖြစ်ပါပီ။
ဖယောင်းရေ နဲ့ထမင်းတော့ မကြိုက်လို့ ရိုးရိုးထမင်းနဲ့ပဲ စားဖြစ်ပါတယ်။ ငရုတ်သီးခြောက်ကြော်လေးကောပါပါစေ။
Click here to claim your Sponsored Listing.