GED Study Guide Myanmar

GED Study Guide Myanmar

Share

�Grade 10,11,12 စနစ်သစ် Online ကျုရှင်

- ပညာရေးမြို့တော် " မလှိုင်" မှ အတွေ့အကြုံရှိဝါရင့်ဆရာဆရာမများဦးစီးကာ ဖွင့်လှစ်တည်ထောင်ထားသော ကျောင်းဖြစ်ပါတယ်

�ရည်ရွယ်ချက်

- နိုင်ငံရေးအခြေအနေအရ ကလေးများ၏ပညာရေးထိရောက်စေရန် ၊ အဆက်မပြတ်ပညာသင်ကြားနိုင်ရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရန်

GED , Social studies ဘာသာရပ်အား ပထမဆုံးစတင်လေ့လာရန် " The earliest civilization " #mcgrawhill 05/03/2024

💭GED , Social Studies ကို နားလည်အောင် ဘယ်လိုလေ့လာမလဲ ?

မြန်မာနိုင်ငံကကျောင်းသားတွေအတွက် GED , Social Studies ဘာသာရပ်ဟာ မြန်မာသင်ရိုးနဲ့ မဆက်စပ်တာကြောင့် ခက်ခဲတယ်လို့ထင်ကြပါတယ် ။ အဓိကအားဖြင့်တော့ Social မှာ သမိုင်း /အုပ်ချုပ်ရေး / ပထဝီဝင် နဲ့ စီးပွားရေးဆိုပြီး အပိုင်းတွေ ပါပြီး အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့အခင်အကျင်းတခုလုံးစာကို ခြုံငုံပြီးမေးကြပါတယ် ။

GED မှာ Social Studies ဘာသာရပ်အနေနဲ့ Knowledge ပိုင်းကို စစ်တာကြောင့် ပထမဦးဆုံးအနေနဲ့ လေ့လာရတာကျယ်ပြန့်တယ်လို့ ယူဆလို့ရပါတယ် ... GED အတွက် ပြဌာန်းစာအုပ်မရှိပေမယ့် ‌အများစုက MC Graw Hill , Kaplan စတဲ့ စာအုပ်တွေကို ‌ဖတ်ရှုလေ့လာကြပါတယ် ။ Foundation, Preparation, Pre Plus စသည်ဖြင့် စာအုပ်တွေရှိပါတယ်

Social Studies ဘာသာရပ်မှာ American History, Government, Economic and Geographyအကြောင်းကို ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲကြာချိန် ၇၀ မိနစ်ဖြစ်ပါတယ်။

📌 လေ့လာကြရမဲ့ topics တွေကတော့
- Reading for Meaning in Social Studies
- Analyzing Historical Events and Arguments in Social Studies
- Using numbers and graphs in social studies တို့ပဲဖြစ်ပါတယ်။

✅ ဆရာမအနေနဲ့ အကြံပေးလိုတာက စာအုပ်တစ်အုပ်ချင်းစီ မဖတ်ပဲ Timeline နဲ့လေ့လာတာက သမိုင်းကြောင်းကို ပိုပြီးမှတ်မိစေပါတယ်

သမိုင်းကြောင်းကို သေချာသိလာရင် အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရရဲ့ အခန်းကဏ္ဍတွေကို လေ့လာရတာ ပိုပြီး နားလည်သဘောပေါက်စေပါတယ်

ဒါကြောင့် ဆရာမအနေနဲ့ video lesson တွေကို Timeline အလိုက် သေချာရှင်းပြထားပြီး Google က ရှာဖွေလေ့လာမှုတွေကိုပါ ပေါင်းစပ်သင်ကြားပေးထားတာမို့ ကျောင်းသားတွေ စိတ်သက်သာ လူသက်သာပြီး လေ့လာရလွယ်ကူစေမှာပါ

✅ GED , Social Studies ဘာသာရပ်အတွက် online Class များကို " GED , Social Studies By Tr.Htet Wai " ... page တွင် အသေးစိတ်မေးမြန်း၍ လေ့လာနိုင်ပါသည် ။

Telegram User Name -

GED , Social studies ဘာသာရပ်အား ပထမဆုံးစတင်လေ့လာရန် " The earliest civilization " #mcgrawhill GED , Social Studies ကို နားလည်အောင် ဘယ်လိုလေ့လာမလဲ ? မြန်မာနိုင်ငံကကျောင်းသားတွေအတွက် GED , Social Studies ဘာသာရပ်ဟာ မြန်မာသင်ရိုးန.....

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon