Mae Goun Htan

Mae Goun Htan

Share

Photos from Yu Ko - Visual Artist 's post 25/05/2025

Fabric Painting Class
Pre Recorded Videos
Lifetime Access

ပန်းချီဆွဲရတာ ကြိုက်တယ်။ သင်တန်း အစအဆုံး အခြေခံကစပြီး တက်ဖို့လည်း မချိန်မပေးနိုင်ဘူး။

ကိုယ့်ရဲ့ အင်္ကျီလေးတွေပေါ် ကိုယ်တိုင် ပန်းချီရေးမလား…။

ကိုယ့် products လေးတွေပေါ် ပန်းချီရေးမလား …။

ကိုယ့်အင်္ကျီအဟောင်းလေးတွေပေါ်မှာ Recreation ပြန်လုပ်မလား …။

Tote bag, Zipper Bagလေးတွေပေါ် ပန်းချီရေးပြီး အပိုဝင်ငွေရအောင် တနိုင်တပိုင် စီးပွါးရေးလေး စလုပ်ဦးမလား …။

ရေးဆွဲထားတဲ့ပုံတွေဟာ ဘယ်လိုဆပ်ပြာအမျိုးအစားနှင့်လျှော်ပါစေ အရောင်မကျ ဆေးမကျွတ်ပါဘူး။ အဓိက ဒီသင်တန်းမှာ သူ့ရဲ့ လျှို့ဝှက်ချက်လေးပါပဲ….။

ပန်းချီရေးရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ်…
Handmadeလေးတွေ ပြုလုပ်ပြီး ရောင်းချဖို့ပဲ ဖြစ်ဖြစ် တက်သင့်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ သင်တန်း videoအစမှာ ပြောထားပေးပါတယ်။

Pre Recorded Videos များဖြစ်တဲ့အတွက် Zoom live classလို အမေး အဖြေ ရှိမှာ မဟုတ်ပါ။

သင်တန်းပြီးဆုံးပါက Final အနေနှင့် အိမ်စာ ပုံတခု ရေးဆွဲပြရမှာ ဖြစ်ပါတယ်။

အိမ်စာပြနိုင်တဲ့သူလေးတွေကိုတော့ Basic Fabric Painting Certificate ပေးသွားမှာပဲ ဖြစ်ပါတယ်။

သင်တန်းကြေး - လေးသောင်းကျပ်
သင်တန်းစမည့်ရက် - 13 June 2025

Telegram Group ပြုလုပ်ပြီး သင်ကြားပေးမှာဖြစ်လို့ telegram account ရှိဖို့တော့ လိုပါမယ်ရှင်။

ယခု သင်တန်းမှ ရရှိလာသည့်​ငွေများကို ရန်ပုံငွေအဖြစ် Free Vocational Training တွေ ဖွင့်နိုင်ဖို့အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Photos from Art of Healing's post 21/05/2025
18/05/2025

Sashiko သင်တန်း လုပ်ချင်တယ်
ပညာ တန်ဖိုးမထားကြလို့ မလုပ်ချင်ဘူး။

Different types of dye ဘာလဲ မေးလိုက်ရင်
အပူဆိုးနည်း အအေးဆိုးနည်း ပြောကြလို့
သင်ချင်စိတ်ကို မရှိတော့တာ။

မနှစ်က သင်တန်းပြန်ဖွင့်တယ် professional career အလုပ် ပြန်လုပ်တယ်ဆိုပါတော့။

သင်တန်းသားတွေကြောင့် traumaတွေကို ရသွားလို့
ခုထိ သင်တန်း ပြန်တောင်မဖွင့်နိုင်တာပဲ။

စိတ်နဲ့အလုပ် လုပ်တဲ့လူမို့ စိတ်ထိခိုက်ရင် အလုပ် ဆက်မလုပ်နိုင်ဘူး။

ဖော်လန်ဖားအလုပ်လည်း မလုပ်တတ်ဘူး။ ကိုယ့်လာလုပ်လည်း မကြိုက်ဘူး။ လာမလုပ်ကြနဲ့။

လိုချင်တာရှိလို့ ချဉ်းကပ်တာလည်း လာမလုပ်နဲ့ မကြိုက်ဘူး။

ပညာလိုချင်တယ် အမှန်တကယ် ငွေကြေးမတတ်နိုင်ဘူး ရိိုးသားပွင့်လင်းပြီး ပညာအပေါ် တန်ဘိုးသာထား ထမင်းချက်ကျွေးပြီး သင်ပေးလိုက်မယ်။

ပညာသင်မယ့်နေရာ မသုံးချင်ဘဲ တခြားနေရာသုံးပြီး အချောင်ခို သင်တဲ့လူတွေ မသင်ပေးနိုင်ဘူး။

ကျမ ပညာကို စော်ကားသူမှန်သမျှ ဘယ်သူ့မှ
မကြိုက်ဘူး။ ဟန်ဆောင်မပေါင်းတတ်ဘူး။

ရိုးရိုးရှင်းရှင်းပဲ တွေးတယ်
ရိုးရိုးရှင်းရှင်းပဲ နေတယ်။

မကြိုက်ရင် မပေါင်းနဲ့ ကျော်သွားကြပါ။

မကောင်းတဲ့အကျင့်က ကျမအပေါ် တခါလောက် ethic မရှိဘဲ ပြုလုပ်လိုက်တယ်ဆို တသက်လုံး မိတ်ဆွေ အပေါင်းအသင်းအဖြစ် ဆက်လက်မပေါင်းတော့တာပဲ။

အငြိုးမထားဘူး။ အရေမရ အဖတ်မရ အတင်း မပြောဘူး။

အလုပ် လုပ်ရင် မြန်တယ် တိကျတယ် ပြတ်သားတယ် အားမနာတတ်အောင် လေ့ကျင့်ထားတယ်။ တက်စောင်းနင်း မလုပ်ဘူး။ သမမျှတအောင် လုပ်တယ်။ ခွဲဝေတဲ့တာဝန် ကိုယ်စီ ကျေပွန်အောင် လုပ်မှကြိုက်တယ်။ အလုပ် လုပ်ရင် မဖြစ် ဖြစ်အောင် လုပ်လေ့ရှိတယ်။ စည်းကမ်းတကျ အချိန်နဲ့အညီ လုပ်နိုင်ရမယ်။

ကိုယ့်နာမည် အလုပ်နှင့်ပတ်သက်လို့ ပညာနှင့်ပတ်သက်လို့ နာမည်ပျက် တခုမှ မရှိခဲ့ဘူး။

Page မှာ တင်ထားတဲ့ သင်တန်းမှန်သမျှ one by one session အမြဲ ရှိတယ်။ သင်တန်းတက်ချင် စုံးစမ်းလို့ရတယ်။

သင်တန်းကြေး စျေးကြီးတယ်။ ပေးတဲ့စျေးနဲ့ ထိုက်တန်အောင် သင်ပေးသူကိုယ်တိုင် $ သောင်းချီအကုန်ခံ လေ့လာထားခဲ့ရတာ။

လုပ်နည်းပဲ သင်တာမဟုတ်ဘူး။ conceptual ဆိုတဲ့ technique တခုရဲ့ framework/ ethics တွေကို သင်တာ။

တက်ချင်လည်း တက်ကြ။ မတက်ချင်လည်း ဘာမှ မဖြစ်ဘူး။ သင်တန်းမဖွင့်ဘူးလား ။
စျေးများလိုက်တာ အတင်းတုတ်နေကြလို့ တလက်စထဲ တခါထဲ နောက်ဆုံး ဖြေရှင်းပေးလိုက်ရကြောင်းပါ။
ကြိုက်ရာ ကွယ်ရာ အတင်းပြော။

ကိုယ့်ဘာကိုယ် မလုံမလဲ ဖြစ်နေကြသူများအတွက် နောက်ဆုံးရေးခြင်းပဲ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00