CHUU VLOG & OS
08/08/2020
Chuu's motivation (part-1)
Hello guys
Resultတွေထွက်ပြီဆိုတော့တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေထားတဲ့ teenager တွေအကုန်လုံးပဲအောင်မြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်
ဒီနေ့ကတော့ teenagerတွေရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့
တက္ကသိုလ်၀င်တန်းဖြေဆိုထားတဲ့ညီလေးညီမလေးတွေကိုအကြံညဏ်လေးတွေ Motiလေးတွေပေးသွားမှာပါ
ဒီအချိန်မှာ အလွဲလွဲအချော်ချော်ဖြစ်သွားတဲ့ ညီလေး
ညီမလေးတွေ ရှိကြမှာပဲလေ အားမငယ်ပါနဲ့
စိုက်ပျိုးရေးမှာတောင်မှန်းချက်နဲ့နှမ်းထွက်မကိုက်တာမျိုးရှိသေးတာပဲ တစ်ကယ်လို့ အိမ်ကလူကြီးတွေဆူနေပြီအပြစ် ပြောနေပြီဆိုရင်တော့ mobile legend or PUBG ကို soloတစ်ပွဲဆော့ခိုင်းလိုက်ပါ အဲ့ဒါမှာ cheaterတွေဆေးတွေနဲ့တွေ့ပြီး ဘ၀မှာ ကိုယ်ကြိုးစားတိုင်းပြန်မရဘူးဆိုတဲ့အဓိပ္ပာယ်နားလည်သွားလိမ့်မယ်
တစ်ကယ်လို့ ကိုယ်ကကိုယ့်လမ်းကြောင်းတစ်ခုခိုင်ခိုင်မာမာရှိနေပြီ ၁၀တန်းဆိုတဲ့စာကိုပြန်ဖြေဖို့လဲ စိတ်မပါတော့ဘူးဆိုရင်တော့ ကိုယ့် carrierကို ဆက်လက်လေ့လာလိုက်စားပါ ဘ၀ရဲ့တစ်ဆစ်ချိုးအချိန်လို့သတ်မှန်ထားကြတဲ့ဒီ၁၀တန်းစာမေးပွဲကိုမအောင်မြင်ပေမယ့် အခြားဘ၀ရဲ့နေရာတွေမှာအောင်မြင်နိုင်ပါသေးတယ်
လူတွေမှာ EQ based နဲ့ IQ basedဆိုတာရှိပါတယ်
ကံဆိုတာအလုပ်ဆိုပေမယ့် အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး resultတွေပြောင်းလဲနိုင်တာကြောင့် အားမငယ်ပါနဲ့ ဆက်လက်ကြိုးစားပါ
ငြိမ်ငြိမ်လေးမတ်တပ်ရပ်ပြီးနေတာဟာ ပျက်သုဉ်းပျောက်ကွယ်ဖို့အသေချာဆုံးနည်းလမ်းတစ်ခုပဲတဲ့
ဒါကြောင့်စာမေးပွဲအောင်မြင်သွားတဲ့ကျောင်းသားကျောင်းသူတွေကလဲ လေ့လာမှုကိုမရပ်တန့်ပဲ ဆက်လေ့လာဖို့ကျွန်မအနေနဲ့တိုက်တွန်းလိုက်ပါတယ်
Part (2) မှာ scholarshipတွေနဲ့ပက်သက်တဲ့ informationတွေ sharing လုပ်ပေးသွားမှာဖြစ်လို့
Please like and share guys 🥺✨
Click here to claim your Sponsored Listing.