ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှု

ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှု

Share

🏰"နန်းဆန်တဲ့ နေထိုင်မှု၊ ရွှေဘုံနန်းမှာ အစပြု"🚘

💵ရွှေဘုံနန်း အိမ်ခြံမြေ ဝန်ဆောင်မှုသည် လူကြီးမင်းတို့၏ အဖိုးတန်လှသော အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ကိစ္စရပ်များကို စိတ်အေးချမ်းသာစွာဖြင့် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။🤝

17/02/2026

ပုံစံ(၇) လယ်ယာ​မြေလုပ်ပိုင်ခွင့်လက်မှတ်

18/01/2026

📣💥လှည်းကူး၊ တိုက်ကြီးဘက်မှာ မြေဝယ်ပြီး ငှက်ပျောစိုက်ရင် အမြတ်ကြမ်းနိုင်သလား? 🍌💰

​ရန်ကုန်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး ဒေသတွေဟာ ငှက်ပျောစိုက်ပျိုးဖို့ မြေဆီလွှာ အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။

အခုနောက်ပိုင်း ရန်ကုန်ဈေးကွက်မှာ ငှက်ပျောသီးဈေးကလည်း ပုံမှန်ရှိနေတာကြောင့် တစ်ဧကစိုက်ရင် ဘယ်လောက်ကုန်ပြီး ဘယ်လောက်ပြန်ရမလဲဆိုတာ တွက်ချက်ကြည့်ရအောင်ပါ။

​၁။ အပင်ဦးရေနှင့် မျိုးရွေးချယ်မှု

​၁ ဧကမှာ ၈ ပေ x ၈ ပေ စနစ်နဲ့ စိုက်မယ်ဆိုရင် အပင်ဦးရေ ၆၈၀ ဝန်းကျင် ဝင်ပါတယ်။ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးဖြစ်တဲ့ "ဖီးကြမ်း" ကို အခြေခံပြီး တွက်ပြပါရစေ။

​၂။ ကုန်ကျစရိတ် ခန့်မှန်းခြေ (ပထမတစ်နှစ်)

​မျိုးတက်ဖိုး: ၆၈၀ ပင် x ၇၀၀ ကျပ် ≈ ၄ သိန်း ၇ သောင်းကျော်
​မြေပြင်စရိတ်: ထွန်ယက်ခြင်း၊ ကျင်းတူးခြင်း၊ မြောင်းဖော်ခြင်း ≈ ၅ သိန်းဝန်းကျင်
​မြေဩဇာနှင့် ဆေးဖိုး: နွားချေးနှင့် ဓာတ်မြေဩဇာများ ≈ ၇ သိန်းဝန်းကျင်
​လုပ်အားခနှင့် အထွေထွေ: ပေါင်းရှင်း၊ ရေလောင်း၊ သားတက်နှုတ် ≈ ၅ သိန်းဝန်းကျင်
​စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု: သိန်း ၂၀ ကျပ် ဝန်းကျင် (ဒေသအလိုက်နှင့် သုံးစွဲမှုအလိုက် ကွာခြားနိုင်သည်)

​၃။ ဝင်ငွေပြန်ရနိုင်ခြေ (Harvest)

​ငှက်ပျောဟာ စိုက်ပြီး ၁၀ လကနေ ၁၂ လအတွင်း စတင်ခုတ်ရပါတယ်။
​၁ ဧကမှာ ပျမ်းမျှ အခိုင် ၆၀၀ ထွက်တယ်ဆိုပါစို့။

​လက်ရှိ ပေါက်ဈေး (ဖောက်သည်ဈေး) အနိမ့်ဆုံး တစ်ခိုင်ကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ် ကြား ရှိပါတယ်။
​ပျမ်းမျှ ၆,၀၀၀ ကျပ်နဲ့ မြှောက်ရင် = ၃၆ သိန်းကျပ်

​၄။ အသားတင်အမြတ်

​ပထမနှစ်မှာ ရင်းနှီးစရိတ် သိန်း ၂၀ နုတ်ရင် အသားတင်အမြတ် ၁၆ သိန်း ဝန်းကျင် ကျန်ပါမယ်။

​ထူးခြားချက်: ဒုတိယနှစ်ကစပြီး မျိုးဖိုးနဲ့ မြေပြင်စရိတ် မလိုတော့သလို၊ သားတက်တွေကနေပါ ထပ်ထွက်လာတာကြောင့် အမြတ်က နှစ်ဆနီးပါး တက်လာနိုင်ပါတယ်။

​💡 ဘာကြောင့် လှည်းကူး/တိုက်ကြီးဘက်မှာ စိုက်သင့်တာလဲ?

​၁။ သယ်ယူစရိတ် သက်သာခြင်း: ရန်ကုန် သီရိမင်္ဂလာဈေးနဲ့ နီးတဲ့အတွက် ကားခ သက်သာပါတယ်။

၂။ မြေဆီလွှာ အခြေအနေ: ရေစိမ့်ဝင်မှုကောင်းတဲ့ မြေနီဂဝံနဲ့ နုန်းမြေရောလို့ ငှက်ပျောအရသာ ပိုချိုပါတယ်။

၃။ ဘေးထွက်ဝင်ငွေ: ငှက်ပျောရွက်၊ ငှက်ပျောဖူးတွေကလည်း နေ့စဉ်ဝင်ငွေ ဖြစ်စေပါတယ်။

​⚠️ သတိပြုရန်

​ငှက်ပျောဟာ "ရေကြိုက်ပေမယ့် ရေမဝပ်ရဘူး" ဆိုတာကိုတော့ မမေ့ပါနဲ့။ ရန်ကုန်မှာ မိုးများတဲ့အတွက် မြောင်းစနစ် ကောင်းကောင်းလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

​အနှစ်ချုပ်: ငှက်ပျောစိုက်ပျိုးရေးဟာ တစိုက်မတ်မတ် ဂရုစိုက်ရင် အရှုံးမရှိတဲ့ လုပ်ငန်းတစ်ခုပါ။ အခုကတည်းက မြေပြင်၊ မျိုးရှာပြီး မိုးဦးကျမှာ အမိအရ စိုက်ပျိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
​ #စိုက်ပျိုးရေး #ငှက်ပျောစိုက်ပျိုးရေး #လှည်းကူး #တိုက်ကြီး #စိုက်ပျိုးရေးဗဟုသုတ

Photos from Mee Lay - Real Estate's post 09/05/2023

🏡အိမ်ခြံမြေကို ရှိစုမဲ့စုငွေလေး နဲ့ စုဆောင်းဝယ်ယူမယ့် မိတ်ဆွေများ အဝယ်မမှားရအောင် အထူးသတိထားစေလိုတဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ (***ဖတ်ဖြစ်အောင် ဖတ်ပါ***🫵👇👇👇🔥)

- ပုံစံ ၇ ပေအကျဥ်းအကွက်များမှာ အမည်ပေါက် လုံးဝ ထုတ်မရပါ။
- ရွာမြေ၊ ခြံမြေ၊ ဥယျာဥ်ခြံမြေ အထူးသတိထားဝယ်ပါ။

🔥မြေဝယ်မယ်ဆိုတာနဲ့ ပထမဦးဆုံး လေ့လာသင့်တာက...
- ရွာမြေအဂ်ါရပ် ညီရဲ့လား?
- ရွာရဲ့သက်တမ်းက ဘယ်လိုရှိလဲ?
- မြေစာရင်းပုံစံ ၈ မြေခွန်ပြေစာ ရှိရဲ့လား?
- မြေခွန်ပြေစာ ရှိခဲ့ရင်လည်း အမည်ပေါက်မှန်ကန်ရဲ့လား?
- ပေ ၂၀ ပေ ၆၀ အမည်ပေါက် ထုတ်လို့ရမလား?
- ပုံစံ ၇ ထွက်ရှိထားတာလား? ဒီအချက်လေးတွေ အရင်စုံစမ်းကြည့်ပါ။

🔥ပုံစံ ၇ ကို ဝယ်နိုင်တဲ့သူအတွက် ဧက အလိုက် ဝယ်တာဟာ ပြဿနာ မရှိပေမယ့် ရှိစုမဲ့စုနဲ့ ပုံစံ ၇ အကွက်သေးလေးတွေ ဝယ်တဲ့သူတွေ အဖို့တော့ ပြဿနာ မဖြစ်ဖို့ ဆုတောင်းနေရပါမယ်။ (***သတိပြုပါ***)

🔥ပုံစံ ၇ ဆိုတာ လယ်မြေမှာသာ ရှိတာမဟုတ်ပါဘူး။ G တစ်လုံးတည်း အပေါ်မှာလည်း ပုံစံ ၇ ထုတ်ထားတဲ့သူတွေ ရှိပါတယ်။ G တစ်လုံးတည်းကိုပဲ ပုံစံ ၇ ထွက်ရှိထားတာဟာ ပေ ၂၀ ပေ ၆၀ ဝယ်တဲ့အခါလည်း ဝယ်ယူသူရဲ့ အမည်ပေါက်နဲ့ ပေအကျဥ်း မရရှိနိုင်ပါဘူးဗျာ။

🔥ပေအကျဥ်းအကွက် မြေစာရင်းမှာ ဝယ်ယူသူရဲ့ မြေစာရင်းပုံစံ ၈ အမည်ပေါက် ထုတ်လို့ရတဲ့ မြေများကိုသာ ဝယ်စေချင်ပါတယ်ဗျာ။

🏡"ရွာမြေ အဂ်ါရပ်များ"

🔥လမ်း၊ အစိုးရမီး၊ ပတ်ဝန်းကျင်အနေအထား၊ စာသင်ကျောင်း ရှိပါတယ်။ မျက်လုံးထဲ ကြည့်တာနဲ့ ကွဲပြားနိုင်ပါတယ်။

🔥မြေစာရင်းပုံစံ ၈ ဆိုတာက ကျူးမြေအတွက် မရပါ၊ ပလပ်မြေမရပါ၊
ကြိုးဝိုင်းမြေအတွက် မရပါ၊ ရွာကြီး စားကျက်ရနိုင်ပါတယ်၊
ခြံမြေ/ရွာမြေ/ဥယျာဥ်မြေများအတွက်ဆိုရင်လည်း ရပါတယ်။

🔥ရွာမြေမှာ စလစ် မရှိပါ။ ပြေစာနဲ့ပဲ နေထိုင်ကြတာပါ။ အရင်က ပြေစာ မထုတ်ခဲ့လို့ အရပ်စာချုပ်နဲ့နေတာ ပြဿနာမရှိပါ။ ဒါပေမဲ့ ထုတ်မရတဲ့မြေ ဆိုရင် တစ်ခုခုလွဲနေလို့ပါ။

🏡"အနည်းဆုံး ပေ ဘယ်လောက်မှ စိတ်ချရလဲ???"

🔥ပုံစံ ၇ ထွက်ရှိထားတဲ့အရာဆို တတ်နိုင်ရင် ဧက ပြည့်အောင် ဝယ်ပါ။ ဒသမ ၅၀ လောက်လည်း ဝယ်ယူနိုင်ပါတယ်။ ဥပမာ - ပေ ၁၁၀ ပေ ၂၂၀ မျိုးဆိုရင် စိတ်ချရပါပြီ။

(✍️စာရေးသူသည် ဆရာကြီး မဟုတ်တဲ့အတွက် အဝယ်မမှားအောင် သိသလောက် ပြောပြရခြင်းသာဖြစ်ပါတယ်။ ဆ,ဆ,ရ,က များ ကျော်သွားနိုင်ပါတယ် ခင်ဗျာ။ ဘယ်သူအပေါ်မှ ထိခိုက်စေလိုတဲ့ စိတ်မျိုးနဲ့ ရေးသားခြင်း မဟုတ်ပါ။ အနာပေါ် ဒုတ်ကျသွားရင်လည်း မတတ်နိုင်ပါဘူး ဗျာ။ တန်ဖိုးထားတတ်ကြပါစေ ခင်ဗျာ။)🙏🙏🙏

📜Content Credit - Hmawbithargyi
📸Photo Credit - YgnHome Website, White Sone Website

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Dawpone
Yangon
951