Pan Kay Tu

Pan Kay Tu

Share

01/02/2026

ချစ်စရာလေးတွေပါနော်…။

30/01/2026

“”“ဒီရေစီးကြောင်းကြီး တစ်ခုလုံးရဲ့ အရင်းခံဟာ လောဘသက်သက် မဟုတ်ဘူးဗျ။

"သောက" နဲ့ "လမ်းပျောက်ခြင်း" က အဓိက တရားခံပဲ။ မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်တဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြတယ်။

ပုံမှန်လစာလေးနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရုံနဲ့ ဘယ်တော့မှ လူတန်းစေ့ မနေနိုင်တော့ဘူးဆိုတဲ့ အားငယ်စိတ်တွေက ဖိစီးလာတဲ့အခါ၊ လူတွေဟာ အသိဉာဏ် ကွယ်သွားကြတယ်။”””

မနေ့က ကျွန်တော် ကြားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး မွန်းကြပ်သွားတယ်။ ရုံးဝန်ထမ်း ကောင်မလေးတစ်ယောက်ဗျာ။ ပညာတတ်၊ ရိုးရိုးအေးအေးလေးပါပဲ။ ဒါပေမဲ့ အခုတော့ သူ့ခေါင်းပေါ်မှာ တင်နေတဲ့ အကြွေးက သူ့လစာရဲ့ အဆ ၁၀၀ တဲ့။ ယုံနိုင်စရာတောင် မရှိဘူး။ ဘာလုပ်လိုက်လို့ ဒီလောက်တောင် ဖြစ်သွားရတာလဲ မေးတော့... ဟို "ဂိမ်းပေါင်း ၅၀၀" ဆိုတဲ့ အထဲမှာ နစ်သွားတာတဲ့။

အစကတော့ အပျော်သဘောပါပဲ။ ၁ သောင်း၊ ၂ သောင်းလောက် နိုင်လိုက်တဲ့အခါ "ငါ့လစာထက်တောင် ရှာရလွယ်ပါလား" ဆိုပြီး စိတ်အဆိပ်သင့်သွားတာ။ နောက်ဆုံးတော့ ရှိသမျှ စုငွေတွေကုန်၊ မိဘအိမ်ပါ ပေါင်ရတဲ့အထိ ဖြစ်သွားရှာတယ်။ ဒါဟာ ပုံပြင်မဟုတ်ဘူးဗျ။ ဒီနေ့ခေတ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ မြင်ကွင်းတစ်ခုပါ။
အခုခေတ်မှာ လောင်းကစားဆိုတာ "လူမိုက်" တွေရဲ့ အလုပ် မဟုတ်တော့သလို၊ ယောင်္ကျားလေးတွေရဲ့ ကိစ္စ သက်သက်လည်း မဟုတ်တော့ပါဘူး။ ကျောင်းဆရာ၊ ဆရာမကအစ၊ ကုမ္ပဏီဝန်ထမ်းတွေအဆုံး၊ ကျား/မ မရွေး ဖုန်းတစ်လုံးနဲ့ ဘဝပျက်နေကြတာ။ "ရှမ်းကိုးမီး"၊ "စလော့"၊ "ဘောလုံးပွဲ" တွေကြားမှာ အားလုံးဟာ အတူတူ အရူးအမူး ဖြစ်နေကြပြီ။ ကျွန်တော် ရင်အနာဆုံးက ဘာလဲသိလား။ "ငါ့အနာဂတ်အတွက် မြန်မြန် ပိုက်ဆံရှာနေတာ" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မိုက်မဲနေကြတာပဲ။

သေချာကြည့်မယ်ဆိုရင် ဒီရေစီးကြောင်းကြီး တစ်ခုလုံးရဲ့ အရင်းခံဟာ လောဘသက်သက် မဟုတ်ဘူးဗျ။ "သောက" နဲ့ "လမ်းပျောက်ခြင်း" က အဓိက တရားခံပဲ။ မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်တဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြတယ်။ ပုံမှန်လစာလေးနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရုံနဲ့ ဘယ်တော့မှ လူတန်းစေ့ မနေနိုင်တော့ဘူးဆိုတဲ့ အားငယ်စိတ်တွေက ဖိစီးလာတဲ့အခါ၊ လူတွေဟာ အသိဉာဏ် ကွယ်သွားကြတယ်။ ရေနစ်သူ ဝါးကူထိုး ဆိုသလို၊ ထွက်ပေါက်ပိတ်နေတဲ့အချိန်မှာ လောင်းကစားဆိုတဲ့ မီးစကို ရွှေတုံးထင်ပြီး အတင်း ပြေးကောက်မိကြတာပါပဲ။

တစ်ခုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ ဆင်းရဲတာ၊ မပြည့်စုံတာက ရှက်စရာ မဟုတ်ပါဘူး။ ကံတရားနဲ့ ခေတ်ကာလ အခြေအနေအရ ရုန်းကန်နေရတာကို ဘယ်သူကမှ အပြစ်မပြောရက်ပါဘူး။ ဒါပေမဲ့ ဒီဆင်းရဲတာကို လက်နက်လုပ်ပြီး လောင်းကစားတာကတော့ လုံးဝသည်းခံစရာ မဟုတ်ဘူး။ ခင်ဗျားတို့ ရွေးချယ်မှုက ခင်ဗျားတို့ စိတ်ဓာတ်ကို ပြနေတာပဲ။
"ဆင်းရဲလို့ ကစားတာပါလို့ ဆင်ခြေမပေးနဲ့။ မင်းတို့က အလုပ်မလုပ်ဘဲ ချမ်းသာချင်တဲ့ ကပ်ပါးကောင်တွေမို့လို့ ကစားနေကြတာ။ အဲဒီစိတ်ဓာတ်ရှိသရွေ့ တစ်သက်လုံး ဆင်းရဲနေဦးမှာပဲ။"
ပညာတတ်ပြီး အသိဥာဏ်ရှိပါရဲ့နဲ့ ဘာလို့ ဒီလောက် အမြင်ကွယ်ရတာလဲ။ အလုပ်လုပ်ရမှာ ပျင်းပြီး ဖုန်းလေးပွတ်၊ ဖြတ်လမ်းနည်းနဲ့ သူဌေးဖြစ်ချင်နေတဲ့ စိတ်ဓာတ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ခြကိုက်သလို ကိုက်စားနေပြီ။

နောက်ကွယ်က အမှန်တရားကို မြင်အောင်ကြည့်စမ်းပါ။ ဒီပွဲမှာ အနိုင်ရသူ အစစ်အမှန်တွေက စလော့ဂိမ်းပိုင်ရှင်တွေ၊ ၂လုံး ၃လုံး ဒိုင်တွေနဲ့ ဘောလုံးဒိုင်တွေပါပဲ။ သူတို့က တစ်ယောက်စ နှစ်ယောက်စ လုပ်နေတာ မဟုတ်ဘူး။ ဝန်ထမ်းအင်အား၊ ငွေအင်အားနဲ့ စနစ်တကျ ဖွဲ့စည်းပြီး ခင်ဗျားတို့ဆီက ငွေကို ညှစ်ထုတ်ဖို့ ပူးပေါင်းကြံစည်ထားတဲ့ လုပ်ငန်းကြီးတစ်ခုဗျ။ သူတို့က ပိုက်ဆံတွေ ရိုက်ထုတ်နေကြတာ။ အဲဒီ ပိုက်ဆံထုတ်ပေးတဲ့ စက်တွေက ဘယ်သူတွေလဲ သိလား။ ခင်ဗျားတို့ပဲလေ။

မိတ်ဆွေတို့ရေ... သတိရှိကြပါ။ လောင်းကစား စွဲနေတဲ့သူတစ်ယောက်ဟာ သူ့ချစ်သူ၊ သူ့မိသားစုကို ဘယ်လောက်ချစ်ချစ်၊ သူ့ရဲ့ "အာရုံ" က ဖဲချပ်တွေနဲ့ ဂိမ်းရလဒ်တွေပေါ်မှာပဲ ရှိနေမှာ။ ခင်ဗျားတို့ စုဆောင်းထားတဲ့ ငွေ၊ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ရည်မှန်းထားတဲ့ အိပ်မက်တွေဟာ ဖုန်းမျက်နှာပြင်ပေါ်က "Game Over" ဆိုတဲ့ စာလုံးလေးနဲ့အတူ ပျောက်ကွယ်သွားနိုင်တယ်။
ဒါကြောင့် ကိုယ့်လူ ကိုယ်ပြန်ကြည့်ကြပါ။ "ကံ" ကို ယုံတာထက် "ဥာဏ်" ကို ယုံဖို့ သတိပေးကြပါ။ လောင်းကစားဝိုင်းထဲက ပိုက်ဆံဆိုတာ ပူတယ်။ အဲဒီအပူမီးက နောက်ဆုံးတော့ မီးဖိုချောင်ထဲထိ ကူးစက်လာလိမ့်မယ်။
ကျွန်တော် ပြောတာ လွန်သလားဗျာ။ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဖြေပေးကြပါဦး။

https://www.facebook.com/share/1AfKeu6WXY/?mibextid=wwXIfr

08/08/2025

၈လပိုင်း ၉ရက်နေ့မှာ ပေးမယ့် ဒေသကြက်လေးတွေ မီးကိုင်နေတာပါ… ခင်ဗျာ။

ကျွန်တော်တို့ဆီက မီးလွတ်လေးတွေက ၂၅ရက်သားပါ…။ သားခွဲအရွယ်ဖြစ်နေပြီး အမွှေးအတောင် စုံသင့်သလောက် စုံပါပြီ…။ အလေးချိန် ပျှမ်းမျှအားဖြင့် ၁၂ကျပ်သားကနေ ၁၆ကျပ်သား ဝန်းကျင် ရှိနေပြီး သန်မာ ဖျတ်လတ်နေပါတယ်…။ ကျန်းမာရေးအတွက် ကာကွယ်ဆေးများ ပေးထားပြီးသား ဖြစ်သလို အားဆေးများဖြင့် သေချာ ဂရုစိုက်စောင့်ရှောက်လို့ ကြီးထွာဖွံဖြိုးဖို့ အရှိန်ကောင်းနေတဲ့ ဒေသကြက်လေးတွေ ဖြစ်ပါတယ်…။

ဒေသကြက်လေးများအား တနိုင်တပိုင်နှင့် စီးပွါးဖြစ်မွေးမြူနိုင်ရန် ကျွန်တော်များ ပန်ကေတုမွေးမြူရေးမှ စဉ်ဆက်မပြတ် ရောင်းချပေးလျက် ရှိပါတယ်…။ ကြိုတင်စရံပေး မှာယူနိုင်ပါတယ်… ခင်ဗျာ။

ဒေသကြက်မီးလွတ် ၂၅ရက်သားလေးများအပြင် တစ်ရက်သား ဒေသကြက် DOC များ ဝယ်ယူရရှိနိုင်သလို ၄၅ရက်သား ဒေသကြက်များလဲ မှာယူရရှိနိုင်ပါတယ်…။ ကြက်များအားလုံးကို တွံတေးမြို့ တွံတေးမွေးမြူဇုန်ရှိ မွေးမြူရေးခြံမှာ ခြံအထိုင် ရောင်းချပေးလျက်ရှိပါတယ်…။ ရနိကုန်ပြင်ပမြို့မှ မှာယူသူများအတွက် မှာယူသူရဲ့မြို့များသို့လဲ ကားဂိတ်ပို့ခယူပြီး ကားဂိတ်ပို့ဆောင် ရောင်းချပေးလျက်ရှိပါတယ်…။

မွေးမြူခြံလိပ်စာ
အကွက်အမှတ်(၃၀)၊ အပိုင်း(၃)
တွံတေးမွေးမြူရေးဇုန်(၂)
တွံတေးမြို့၊ ရန်ကုန်တိုင်းဒေသကြီး။

09 765 1803 81
09 676 0000 23.
09 51 676 23 (Viber)

05/07/2025

အင်ဒိုနီရှားနိုင်ငံမှ မျိုးကြက်ခြံတခုပါ…။

Video Credit

30/04/2025

လွယ်ကူရိုးရှင်းသော မြေမဲ့စိုက်ပျိုးမူစနစ် (Hydroponic) ဖြင့် မိမိမွေးမြူထားသော တိရိစ္ဆာန်လေးများအတွက် သန့်ရှင်းခြင်းအပြင် ကုန်ကျစရိတ်သက်သာပြီး အာဟာရပြည့်ဝသော အစာစိမ်းများကို ဖန်တီးနိုင်ကြပါတယ်…။

မြေမဲ့စိုက်ပျိုးမူအတွက် ပဲမျိုးစုံ၊ စပါး၊ ပြောင်း၊ နေကြာနှင့် မြက်မျိုးများကို အသုံးပြုနိုင်ပါတယ်…။

နေရောင် ဒါမှမဟုတ် အလင်းရောင်ကို ၆-၈နာရီကြာပေးထားပြီး အမြစ်ရမမြုပ်စေပဲ ရေပုံမှန်လောင်းပေးရုံဖြင့် ဖြစ်ထွန်းနိုင်ပါတယ်…။

ဒေသကြက်မွေးမြူရေးနှင့်ပတ်သက်၍ သိလိုသည်များကို မွေးခြံကိုလာရောက်၍သော်၎င်း Page Messenger မှ စာပို့၍သော်၎င်း၊ Viber, What’s up ဖုန်းဖြင့်ဆက်သွယ်၍သော်၎င်း လွပ်လပ်စွာ မေးမြန်းစုံစမ်း လေ့လာနိုင်ပါတယ်ခင်ဗျာ…။

ပန်ကေတု ဒေသကြက်မွေးမြူရေးလုပ်ငန်းမှ မွေးမြူရန်သင့်လျော်သော ဒေသကြက်များအား ၂၅ရက်သား မီးလွတ်သားခွဲအရွယ်များ၊ ၄၅ရက်သား အရွယ်များမွေးမြူပြီး လစဉ်ပုံမှန် လက်လီလက္ကား ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်…။ မျိုးရင်းကောင်း၊ ကြီးထွားမြန်၊ ရောင်းပန်းလှ​၊ ကျန်းမာရေး ဒေါင်ဒေါင်မြည် စိတ်ချရသော အရွယ်စုံဒေသကြက်များ ဖြစ်ပါတယ်…။

ရန်ကုန်မြို့၊ တွံတေးမြို့၊ တွံတေးမွေးမြူရေးဇုန်ရှိ ပန်ကေတုမွေးမြူရေးခြံကြီးမှ ခြံအထိုင်ရောင်းချပေးပြီး မှာယူသူများရဲ့နီးစပ်ရာ မြို့နယ်၊ အဝေးပြေးကားဂိတ်များသို့ ပို့ဆောင်ခယူကာ ပို့ဆောင်ပေးလျက် ရှိပါတယ်…။ ရန်ကုန်မြို့မှ ထွက်သော မှာယူသူရဲ့မြို့သို့ အဝေးပြေးကားဂိတ်အရောက်ပို့ ဝန်ဆောင်မူဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ်…။

ကြက်များဝယ်ယူရန်နှင့် ကြက်များလေ့လာနိုင်ရန်

ဆက်သွယ်ရန်လိပ်စာ

ပန်ကေတု
သိုး၊ ဆိတ်၊ နွား၊ ကြက်မွေးမြူရေး

တွံတေးမွေးမြူရေးဇုန် (၂)၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

What’s up; 09 676 0000 23,
Viber; 09 51 676 23

Https://www.facebook.com/pktbreederfarm/
Https://www.facebook.com/pktgoatfarm/

#ဒေသကြက်

#ဗမာကြက်
#ကြက်မွေးမြူရေး

#ပန်ကေတုမွေးမြူရေး
#မီးလွတ်ကြက်
#ရက်၁၀၀ကြက်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00