Boom Boom
#မှားယွင်းတဲ့တိုင်းထွာမှုစံနူန်းတွေထဲကနေရုန်းထွက်ဖို့လို
တယ်၊မှားနေလွဲနေရင်ပြင်ချင်တဲ့ဆန္ဓရှိလို့ကပိုလို့တောင်
အရေးပါတယ်။မှားတယ်ဆိုတာကအုပ်စုဖွဲ့ပြီးမှားရင်ပြင်
ရအခက်ခဲဆုံးဖြစ်သလိုအစဉ်အဆက်ယုံကြည်ကျင့်သုံး
မှုလဲဖြစ်သွားတတ်လို့သတိပြုစရာပါပဲ..
(24.5.2026)
23/05/2026
ဘယ်လိုလူတွေလဲ? ဘာမို့လို့လဲ? လို့တွေးမိဖူးလား?
ဣသရေလူတို့ရဲ့သတင်းတော်ကိုကြားပြီးကြောက်တဲ့အ
တွက်မိတ်သဟာရဖွဲ့ဖို့လာတဲ့ဂိဗောင်မြို့သားတွေကိုမင်း
တို့ကဘယ်လိုလူတွေလည်းလို့ယောရှုကမေးခဲ့ဖူးတယ်။
(ယောရှု ၉း၁-၁ရ)
ဣသရေလူတွေကိုအဲဂုတ္တုပြည်ကထုတ်ဆောင်ဖို့ အ
တွက်ဘုရားကရွေးကောက်စေခိုင်းတဲ့အခါဒီလောက်ကြီး
လွန်းတဲ့အမှုကိုထမ်းဆောင်ရအောင်ကျွန်တော်က ဘာမို့
လို့လဲလို့ မောရှေဖြေခဲ့ဖူးတယ်။ (ထွက် ၃း၁-၁ရ)
မေဖိဗောရှက်ကဒါဝိဒ်ကယောနသန်ကျေးဇူးကိုတုန့်ပြန်ဖို့
သူ့ကိုခေါ်လာတဲ့အခါ သိမ်ငယ်စွာနဲ့ကိုယ်တော်ကကြည့်ရှု
ပြုစုရလောက်အောင်ကျွန်တော်ကဘာမို့လို့လဲနေးခဲ့ဖူး
တယ်။ (၂ရာ ၉း၁-၁၁)
ဒါဝိဒ်ကလည်းလူသည်အဘယ်သို့သောသူဖြစ်၍ပမာဏ
ပြုတော်မူရသနည်းဆိုပြီးဘုရားသခင်ဘာ့ကြောင့်ကျွန်
တော်အပေါ်မှာကောင်းမြတ်လွန်းရတာလဲဆိုတဲ့သဘောနဲ့
မေးခဲ့ဖူးတယ်။ (ဆာ ၁၄၄း၃)
ဒါကြောင့်လည်းဒါဝိဒ်ဟာသူခံစားရတဲ့အရာတွေ၊လုပ်နိုင်
တာတွေ၊လုပ်ခဲ့တာတွေ၊နိုင်ခဲ့တဲ့တိုက်ပွဲတွေ၊ အစိုးရတဲ့အ
ခွင့်တွေကိုကြည့်တဲ့အခါ တွေးတဲ့အခါ ဒီအရာတွေကဖြစ်
လာရခြင်းရဲ့အရင်းမြစ်ကိုအမြဲတမ်းကြည့်တတ်မြင်
တတ်ချီးမွမ်းတတ်သောသူဖြစ်ခဲ့တယ်။
တခါတလေမှာဘုရားရဲ့ကောင်းမြတ်ခြင်းကိုခံစားနေရပါ
လျှက်နဲ့ကျေးဇူးနဲ့ဂရုဏာကိုခံစားနေပါလျှက်နဲ့၊ဘုရားအ
တူရှိခြင်းသက်သေ၊မှစခြင်းသက်သေတွေကိုခံစားနေပါ
လျှက်နဲ့ မိမိကိုယ်ကိုဗဟိုပြုပြီးအရာရာကိုဆင်ခြင်စဉ်းစာ
မိခြင်းရဲ့ဆိုးကျိုးဟာစိတ်ဓတ်ကျခြင်း၊အားငယ်စိတ်တွေ
နဲ့အတူအသက်ရှင်ခြင်းတွေကိုပင်ပန်းနွမ်းနယ်စေတတ်
တယ်။
ဘုရားရဲ့ကျေးဇူးတော်တွေကိုမြင်တတ်သောသူ၊ကျေးဇူး
နဲ့ဂရုဏာကိုအမြဲခံစားပြီးရေတွက်တတ်သောသူဟာဒါဝိဒ်
လိုပဲ
ဘုရားသခင်ရယ်ဘာ့ကြောင့်ကျွန်တော်အပေါ်မှာအဲ့ဒီ
လောက်တောင်ကောင်းမြတ်ရတာလဲ?
ကိုယ်တော်အဲ့ဒီလောက်အထိကောင်းမြတ်ရလောက်
အောင်ကျွန်တော်ကဘာမို့လို့လည်း
ဆိုတဲ့နာမတော်ကိုချီးမွမ်းစရာအကြောင်းတွေကိုနူတ်ခမ်း
ကနေသီးပွင့်လာစေပါလိမ့်မယ်။
နေ့တိုင်းကျေနပ်တယ်ဆိုတဲ့စိတ်ချမှုဟာကျေးဇူးတော်ကို
ရေတွက်ပြီးကျေးဇူးနဲ့ဂရုဏာကိုမြင်တွေ့နားလည်ခံစား
ရေတွက်ခြင်းကပဲလာပါတယ်။ကျေးဇူးတော်ကိုမှန်ကန်
စွာနားလည်၊ရေတွက်၊ချီးမွမ်းတတ်ပြီး အရာရာမှာကျေး
ဇူးတော်၌ကျေနပ်ခြင်းပကတိခံစားရသောသူပဲဖြစ်ပါ
စေ။
(23.5.2026)
09/05/2026
ယောဘနဲ့ယောသပ်၊ယေရမိတို့ကြုံရသလိုအဖြစ်
မျိုးဘုရားသခင်နဲ့အတူအသက်ရှင်သွားလာနေပါ
လျှက်နဲ့ဘုရားသခင်ရဲ့အကြံအစည်တော်နဲ့လက်
တွေ့ဘဝအပေါ်မေးခွန်းထုတ်စရာအဖြစ်တွေ ယုံ
ကြည်သူတွေမှာတနေ့မဟုတ်ရင်တစ်နေ့တွေ့ကြုံခံ
စားရနိုင်ပါတယ်။
တကယ်ဆင်ခြင်စရာကအဖြစ်အပျက်တွေကြုံရတဲ့
အခါတိုင်းမှာကိုယ်သွားရပ်တည်တဲ့နေရာကစိတ်
ပျက်စရာအကြောင်းအရာအပေါမှာမဟုတ်ပဲနူတ်က
ပတ်တော်ဆိုတဲ့ဂတိတော်အပေါ်မှာပဲဖြစ်ရပါမယ်။
အဲ့ဒီလိုအချိန်မှကိုယ့်ရဲ့မြင်တဲ့အမြင်ကနူတ်ကပတ်
တော်အပေါ်မှာရပ်တည်ပြီးမြင်တဲ့အမြင်ဖြစ်ရမယ်
မဟုတ်ရင်ခါနန်ပြည်ကိုသွားစုံစမ်းတဲ့လူဆယ်ဦးလို
ကတိတော်အတိုင်းမျက်ဝါးထင်ထင်မြင်နေရတာ
တောင်ဝမ်းမမြောက်နိုင်ပဒစိတ်ပျက်ပြီးငိုးကြွေးမိ
တတ်တယ်။(ကိုယ့်ဘဝကိုကိုယ်အားမလိုအားမရ
နဲ့အားငယ်မိခြင်းရဲ့အဓိကပြဿနာဟာဒီအချက်နဲ့
အများဆုံးဖ့စ်နေမိတတ်တယ်)
ဒီလိုအချိန်မျိုးမှာဖြစ်လာမိတဲ့ဘဝအမေးပုစ္ဆာတွေ
ကိုလည်းနှုတ်ကပတ်တော်နဲ့အညီ၊နူတ်ကပတ်တော်
၌အဖြေရှာရှာတာမျိုးမဟုတ်ပဲအခြားနည်းလမ်းအ
ခြားနေရာမှာအဖြေရှာမိရင်ဘဝတကယ်အဖြေမှန်
နဲ့ဝေးရတတ်တယ်။
ဒီလိုအချိန်မျိုးမှာကြုံတွေ့ရသမျှကိုဘုရားစကား
နာခံပြီးရင်ဆိုင်ဖြေရှင်းဖို့လိုတယ်ဆိုလိုတာကတစ်
ခုခုဆိုရင်ကိုယ့်ဉာဏ်ရှေ့ရောက်ပြီးဘုရားအလို
တော်ကနောက်ရောက်နေတာမျိုးပေါ့ဒါမျိုးတွေက
အဖိုးအခကြီးကြီးပေးရတတ်တယ်။
ဒါဝိဒ်ဟာပြဿနာအခက်အခဲရင်ဆိုင်ကြုံရချိန်ဘု
ရားကိုပဲကိုးစားလျှက်နေခဲ့တယ်။(၁ရာ ၃၀:၆)
ယောရှဖတ်ဟာဘေးကြပ်နံကြပ်ကြုံရာကာလမှာ
ဘုရားကိုရှာခဲ့တယ်။(၆ရာ ၂၀:၃)
ဟေဇကိမင်းကြီးကအန္တရာယ်အမျိုးမျိုးဝိုင်းနေချိန်
မှာဘုရားရှေ့တော်တိုးဝင်ပြီးဆုတောင်း(ဖြန့်ထား)
ခြင်းအခြေအနေတိုင်းအတွက်အဖြေကိုရှာခဲ့တယ်။
(၄ရာ ၁၉:၁၄)
ဘာပဲဖြစ်ဖြစ် ဘာပဲကြုံကြုံ ကျွန်တော်တို့ဖမ်းဆုပ်
ဖို့ကြိုးစားမိတဲ့အရာကနူတ်ကပတ်တော်ပဲဖြစ်ပါ
စေ။
(9.5.2026)
07/05/2026
ယုံကြည်သူတယောက်အတွက် နေ့စဉ်အသက်တာမှာအ
များဆုံးတွေ့ကြုံရလေ့ရှိတာတွေကအမြင်မတူလို့အဆင်
မပြေဖြစ်ရတာတွေသဘောထားကွဲလို့ဆက်ဆံရေအဆင်
မပြေတာတွေ၊မှန်နေပါလျှက်နဲ့ ပြဿနာဖြစ်ရတာမျိုတွေ
တဖက်သတ်အခြောက်တိုက်အပြောခံရတာမျိုးတွေကိုမ
လွဲမရှောင်သာကြုံရတာမျိုးတွေပါ။
ဒီလိုအခြေအနေမျိုးမှာဘုရားကသင်ဘယ်လိုနှလုံးသားနဲ့
ဘယ်လိုတုန့်ပြန်သလဲဆိုတာကိုသင်ကြုံရတဲ့အခြေအနေ
ထက်ပိုပြီးစိတ်ဝင်စားပါတယ်။သမ္မာကျမ်းစာအရ ယုံ
ကြည်သူတယောက်အပေါ်ဘုရားဖြစ်စေချင်တဲ့ရည်ရွယ်
ချက်ရှိပါတယ်။
၁ပေ ၂:၉
သင်တို့မူကား၊မှောင်မိုက်ထဲမှအံ့ဘွယ်သောအလင်းတော်
သို့ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို
ဘော်ပြစေခြင်းငှါ၊ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏
မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုးသန့်ရှင်းသောလူ
မျိုး၊ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏။
မ ၅း၁၆
ထိုနည်းတူသူတပါးတို့သည်သင်တို့၏ကောင်းသောအ
ကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အ
ဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊သူတပါးရှေ့၌သင်
တို့အလင်းကိုလင်းစေကြလော့။
ဆိုလိုတာက ကျွန်တော်တို့အများစုကတော့အခြေအနေ
ကိုပိုပြီးအာရုံစိုက်ပေမယ့်ဘုရားကတော့ဒီလိုအခြေအနေ
မျိုးမှာသင်ဘယ်လိုတုံ့ပြန်လာမလဲ?ဆိုတာကိုပိုပြီးစိတ်
ဝင်စားတဲ့အတွက် ဘာပဲကြုံကြုံ၊ဘာပဲဖြစ်ဖြစ်အခြေအ
နေအရမဟန်တာမှန်ပေမဲ့ သဘောသဘာဝအရတော့ဘု
ရားဘုန်းထင်းရှားဖို့ပါပဲ။
ဒါကြောင့် မိမိရဲ့သူတပါးအပေါ်တုန့်ပြန်မှုတွေဟာသူတ
ပါးဆိုးသလို ဒေါသနဲ့တုန့်ပြန်လိုက်မယ်ဆိုရင် ဘုရားရဲ့
အလိုတော် ၊ဝိညာဉ်သဘောအရ မိမိဟာ ရှုံးသောသူဖြစ်
သွားတယ်ဆိုတာပါပဲ
ဒါဝိဒ်ဟာ ရှိမိဆဲပေမဲ့ သူဆဲ့တဲ့အတိုင်းဒါဝိဒ်မတုန့်ပြန်ခဲ့
ဘူး။သူ့အပေါ်ဘယ်လိုပဲုမကောင်းနေပါစေ သူတုန့်ပြန်
မှုမှန်ခဲ့တယ်။ (၂ရာ ၁၆း၅-၁၄)
မောရှေ့ဟာ မိရိအံနဲ့အာရုန်ရဲ့အပြစ်တင်ဝေဖန်ခံခဲ့ရပေမဲ့
သူ့တုန်ပြန်မှုဟာဒေါသမပါပဲ မေတ္တာနဲ့တုန့်ပြန်မှုမှန်ခဲ့
တယ်။ (တော ၁၂း၁-၁၆)
သူတပါးမကောင်းပေမဲ့၊.မိမိရဲ့မေတ္တာနဲ့တုန့်ပြန်အနိုင်ယူ
လိုက်ပါ။သူတပါးကဲ့ရဲ့ပေမဲ့ မိမိရဲ့ခွင့်လွတ်မေတ္တာနဲ့တုန့်
ပြန်အနိုင်ယူလိုက်ပါ။မလွယ်ကူတာမှန်ပေမယ့်လည်းဘု
ရားသားသမီးတွေအနေနဲ့အဆိုးအားဖြင့်ကိုယ့်အသက်
တာကိုအရှုံးမခံပဲအကောင်းအားဖြင့် အနှိုင်ယူကြပါစို့။
(7.5.2026
Click here to claim your Sponsored Listing.
Contact the school
Telephone
Address
Yangon
1358
Opening Hours
| Tuesday | 07:00 - 20:00 |
| Thursday | 07:00 - 20:00 |
| Sunday | 07:00 - 20:00 |