Better Life Int

Better Life Int

Share

08/06/2026

တစ်အိမ်သားလုံးအတွက် တစ်နေ့တာ လန်းဆန်းခြင်းနဲ့ ကိုယ်ခံစွမ်းအားကို Vitamin-C Effervescent နဲ့ စတင်လိုက်ပါ။
အလုပ်များတဲ့ ဖေဖေ၊ အိမ်မှုကိစ္စနဲ့ ပင်ပန်းတဲ့ မေမေ၊ စာကျက်ရတဲ့ သားသားမီးမီးတို့ အားလုံးအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို တစ်ခွက်တည်းနဲ့ အလွယ်တကူ ဖြည့်တင်းပေးနိုင်ပါတယ်။ လိမ္မော်အရသာလေးဖြစ်လို့ သောက်ပြီးတာနဲ့ ချက်ချင်းလန်းဆန်းတက်ကြွစေပါတယ်။

အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

31/05/2026

ဒီနေ့မှာတော့ Better Life မှ ပျိုမေတို့အတွက် ကျန်းမာရေးဗဟုသုတ အနေနဲ့ နေ့စဥ်သောက်တားဆေး 28 လုံးကဒ်ဆေးလေးတွေအကြောင်း ပြောပြပေးသွားပါမယ်ရှင်..

နေ့စဥ်သောက်တားဆေး(28လုံးပါ တားဆေးကဒ်) ဆိုတာဘာလဲ?
ဒီဆေးတွေကို စတင်မှီဝဲမယ်ဆို ဘာတွေသိထားရမလဲ?

OCP (Oral Contraceptive Pill) လို့ခေါ်တဲ့ နေ့စဉ်သောက် ကိုယ်ဝန်တားဆေးဟာ စနစ်တကျ သောက်သုံးရင် ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်တဲ့ အလွန်ထိရောက်ပြီး စိတ်ချရတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ မိမိနဲ့ ကိုက်ညီပြီး အာနိသင် အပြည့်အဝရဖို့အတွက် အခြေခံအချက်လေးတွေကို ကြိုတင်သိထားဖို့ လိုအပ်ပါတယ်။

OCP ဆိုတာ ဘာလဲ?
OCP ဆိုတာ အမျိုးသမီး ဟော်မုန်းတွေ (Estrogen နဲ့ Progestin နှစ်မျိုးစပ် သို့မဟုတ် Progestin တစ်မျိုးတည်း) ပါဝင်ပြီး ကိုယ်ဝန်မရအောင် နေ့စဉ်သောက်ရတဲ့ ဆေးကဒ်တွေကို ခေါ်တာ ဖြစ်ပါတယ်။

ဆေးကို စနစ်တကျ ဘယ်လိုသောက်မလဲ?
တားဆေးသောက်တဲ့အခါ အချိန်မှန်ဖို့က အဓိကပါပဲ။
ဆေးကို နေ့တိုင်း၊ တစ်ရက်မှမပျက်၊ ဖြစ်နိုင်ရင် မိနစ်ပိုင်းအထိ အချိန်တူတူမှာ သောက်ရပါမယ် (ဖုန်းထဲမှာ Alarm ပေးထားတာ အကောင်းဆုံးပါပဲ)။

ဆေးစသောက်ရမယ့်ရက်
အများအားဖြင့် ရာသီလာတဲ့ ပထမဆုံးနေ့ မှ စသောက်လေ့ရှိပါတယ်။

ဆေးသောက်ဖို့ မေ့သွားရင် ဘာလုပ်ရမလဲ?
သတိရရချင်း မေ့သွားတဲ့ဆေးကို ချက်ချင်းသောက်ပါ။ အဲဒီအတွက် နောက်တစ်ရက်မှာ ဆေးနှစ်လုံး ပြိုင်သောက်ရရင်လည်း သောက်လိုက်ပါ။ ဒါပေမဲ့ ၂ ရက်ထက်ပိုပြီး ဆေးမေ့သွားရင်တော့ သာဖွားမီးရပ် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာဆက်လက် သောက်သုံးသင့်ပါတယ်။

⚠️ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးများ (ခန္ဓာကိုယ်ညှိယူရတဲ့ကာလ)
ဆေးစသောက်ခါစ ပထမဆုံး ၂ လ၊ ၃ လအတွင်းမှာ ခန္ဓာကိုယ်က ဟော်မုန်းအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိနေရလို့ အောက်ပါလက္ခဏာလေးတွေ ပြတတ်ပါတယ်-

ပျို့အန်ချင်သလို ဖြစ်တာ (အဆင်ပြေအောင် ဆေးကို အစာစားပြီးမှ သို့မဟုတ် ညအိပ်ခါနီး သောက်ပါ)

ရာသီပေါ်ရက် မဟုတ်ဘဲ ကြားရက်တွေမှာ သွေးနည်းနည်းစွန်းတာ

ရင်သား တင်းပြီး နာတာ

စိတ်ခံစားချက် အနည်းငယ်ပြောင်းလဲတာ ဒါမှမဟုတ် ခေါင်းနည်းနည်းကိုက်တာ

မှတ်ချက် - ဒီလက္ခဏာတွေက ပုံမှန်အားဖြင့် ၂ လကနေ ၃ လအတွင်း အလိုလို ပျောက်သွားတတ်ပါတယ်။

ဒါဆို... ဘယ်လိုလက္ခဏာပြရင် ဆေးခန်းချက်ချင်းသွားရမလဲ?

ဒီဆေးလေးတွေ ဟာ အမျိုးသမီးအများစုအတွက် ဘေးကင်းပေမဲ့ အောက်ပါ အရေးကြီးအန္တရာယ်လက္ခဏာတွေ ပြလာရင်တော့ ဆေးသောက်တာကို ရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

ဝမ်းဗိုက်ထဲကနေ အလွန်အမင်း အောင့်ပြီး ပြင်းထန်စွာ နာကျင်ခြင်း။
ရင်ဘတ်ထဲက အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း သို့မဟုတ် ချောင်းဆိုးလျှင် သွေးပါခြင်း။
ခေါင်းကိုက်တာ အရမ်းဆိုးရွားခြင်း၊ မူးဝေခြင်း သို့မဟုတ် အမြင်အာရုံ ဝေဝါးလာခြင်း။
လူတစ်ယောက်ကို နှစ်ယောက်မြင်ရတာ၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးသွားတာ ဒါမှမဟုတ် ခဏတာ မမြင်ရဘဲ ဖြစ်သွားခြင်း။
ခြေသလုံး သို့မဟုတ် ပေါင်တွေမှာ ရုတ်တရက် ဖောရောင်လာတာ၊ နီရဲလာတာ ဒါမှမဟုတ် စူးရှစွာ နာကျင်တာ (ဒါဟာ သွေးကြောပိတ်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်)။

အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီကြသလို တားဆေးအမျိုးအစားတွေကလည်း အများကြီးရှိပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ဆေးကို ရွေးချယ်နိုင်ဖို့ ကျွမ်းကျင်တဲ့ ဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးဖို့ အကြံပြုလိုပါတယ်။

Better Life မှလဲ ပျိုမေတို့အတွက် ကိုယ်ဝန်ကို ထိရောက်စွာတားပေးနိုင်ယုံသာမက သံဓာတ်အားဖြည့်ပေးတဲ့
Trust-Iron(28လုံးပါ ဆေးကဒ်) ကို တင်သွင်းရောင်းချပေးနေပြီဖြစ်ပါတယ်။
Trust-Iron ကို India နိုင်ငံအခြေစိုက် ESKAG Phama မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး 47 နှစ်တာ အောင်မြင်မှု ရထားပြီးသား ဖြစ်လို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင်။ အမြို့မြို့ အနယ်နယ်ရှိဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပြီး
မိမိနှင့်အနီးစပ်ဆုံးဝယ်ယူနိုင်သော ဆိုင်ကို သိချင်တာပဲ ဖြစ်ဖြစ်
အမျိုးသမီးကျန်းမာရေးအကြောင်းမေးလိုတာပဲ ဖြစ်စေ Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။



-iron

19/05/2026

အမျိုးသမီး အတော်များများဟာ အလုပ်တွေရှုပ်ပြီး နေ့စဉ်ဘဝကို အားသွန်ခွန်စိုက် ဖြတ်သန်းနေရတဲ့အခါ ခဏခဏ မောပန်းတာ၊ ခေါင်းမူးတာ ဒါမှမဟုတ် စိတ်မကြည်မလင် ဖြစ်တာမျိုးတွေကို သာမန် ပင်ပန်းရုံတင်လို့ ထင်ပြီး ကျော်သွားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ခန္ဓာကိုယ်ထဲက သံဓာတ် (Iron) ချို့တဲ့နေတာကြောင့် ဖြစ်နိုင်တယ်ဆိုတာ သတိထားမိကြရဲ့လားရှင်...

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ လစဉ်ရာသီသွေးဆင်းမှုကြောင့် သွေးဆုံးရှုံးမှု အမြဲရှိနေတာမို့ အမျိုးသားတွေထက် သံဓာတ်ချို့တဲ့နိုင်ခြေ ပိုပြီး မြင့်မားပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေကို တည်ဆောက်ပေးတာမို့ လုံလောက်တဲ့ သံဓာတ်မရှိရင် သွေးအားနည်းပြီး အမြဲ နုံးခွေနေတတ်ပါတယ်။ တစ်နည်းအားဖြင့် သံဓာတ်ဟာ ပျိုမေတို့ရဲ့ တစ်နေ့တာ အားအင်နဲ့ တက်ကြွမှုကို ထိန်းချုပ်ပေးထားတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝပြီး အားအင်ရှိနေစေဖို့အတွက် နေ့စဉ်စားသောက်မှုပုံစံကို စနစ်တကျ ဂရုစိုက်ပေးရပါမယ်။ ပထမဆုံးအနေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အမဲသား၊ ဆိတ်သား၊ အသည်းနဲ့ သွေးခဲတို့လို တိရစ္ဆာန်ထွက် အစားအစာတွေဟာ ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှု အကောင်းဆုံးဖြစ်စေတဲ့ အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ အသားမစားတဲ့ ပျိုမေတို့အတွက်ကတော့ ဟင်းနုနွယ်၊ ကန်စွန်းရွက်တို့လို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေကို အားကိုးနိုင်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး လျှို့ဝှက်ချက်ကတော့ ဗီတာမင်စီ (Vitamin C) နဲ့ တွဲဖက်စားသုံးဖို့ပဲ ဖြစ်ပါတယ်။ သံဓာတ်ပါတဲ့ အစားအစာတွေကို စားတဲ့အခါ သံပရာရည်၊ လိမ္မော်သီး ဒါမှမဟုတ် ဂေါ်ဖီထုပ်တို့လို ဗီတာမင်စီပါတာတွေနဲ့ တွဲစားပေးရင် ခန္ဓာကိုယ်က သံဓာတ်ကို ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်မှာပါ။ တစ်ဖက်မှာလည်း အစားစားပြီးပြီးချင်း လက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်တာမျိုးကို ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ လက်ဖက်ရည်ထဲမှာပါတဲ့ တန်နင် (Tannin) ဓာတ်ဟာ သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို သတိထားပြီး နေထိုင်စားသောက်မယ်ဆိုရင် ပျိုမေတို့ရဲ့ ကျန်းမာရေးဟာ အတွင်းပိုင်းကနေ စတင်ပြီး သိသိသာသာ တက်ကြွလန်းဆန်းလာမှာ သေချာပါတယ်ရှင်။

30/04/2026

မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) မှာ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး၊ ကဆုန်ရေ သွန်းလောင်းသလို ဘဝမှာလည်း အေးချမ်းသာယာမှုတွေ အမြဲရရှိပါစေလို့ Better Life မိသားစုမှဆုတောင်းပေးလိုက်ပါတယ်။

17/04/2026

ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းက အခက်အခဲတွေဆိုတာ မိမိကိုယ်ကို ပိုပြီး ရင့်ကျက်စေတဲ့ သင်ခန်းစာတွေပါပဲ။ အခုရောက်ရှိလာတဲ့ နှစ်သစ်မှာတော့ အတိတ်က အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီး စိတ်သစ်၊ လူသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့ ရှေ့ဆက်ကြနိုင်မယ်လို့ ယုံကြည်ပါတယ်။ မိသားစုတိုင်း ဘေးအန္တရာယ်ကင်းဝေးပြီး ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့ Better Life မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Address

Sanchaung
Yangon
11111