Ethan Tech Academy
17/07/2024
Programming အတွက် Laptop ရွေးချယ်မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်ပြီးစဥ်းစားထားသင့်တယ်။
ပထမဆုံးအနေနဲ့ ဘယ်လို CPU မျိုးကိုသုံးမှာလဲ။ ကိုယ်က Programming ပဲလုပ်မှာ၊ ဂိမ်းတွေဘာတွေလည်း အဲ့လောက်မဆော့ဘူးဆိုရင် Intel ဆို i5 လောက်နဲ့ AMD ဆို Ryzen 5600 series လောက်ဆိုရင် လုံလောက်ပြီ လို့ပြောလို့ရတယ်။ Code လေးလည်းရေးချင်တယ်၊ ရေးလို့ပျင်းလာရင် ဂိမ်းလေးဘာလေးလည်း ဆော့ချင်သေးတယ်၊ video editing ပါ တွဲလုပ်ဦးမယ်ဆိုရင် AMD ဆို Ryzen 7 လောက်နဲ့ Intel ဆို i7 or i9 လောက်ရွေးထားတာအကောင်းဆုံးပဲ။
နောက်တစ်ခုစဥ်းစားစရာက Ram၊ Laptop ဝယ်မယ်ဆို Ram များရင်ပြီးရောကွာဆိုပြီး မဝယ်သင့်ဘူး။ဒီ Ram က DDR4 လား DDR5 လား ဘယ်လောက် Speed နဲ့အလုပ်လုပ်တာလဲ slot တွေဘာတွေအပိုပါဦးမလားဆိုတာပါ ထည့်တွက်ရမယ်။ ပုံမှန်အားဖြင့် Web လောက်ရေးမယ်ဆို 8GB တစ်ချောင်းလောက်နဲ့တင် မောင်းလို့ရပေမဲ့ Mobile ရေးမယ်ဆို 8GB လောက်နဲ့က ကလေးကစားသလိုဖြစ်နေပြန်ရော။ အဲ့တော့ 16GB လောက်သုံးနိုင်ရင် ပိုကောင်းတယ်။
Battery အကြောင်းနည်းနည်းပြောမယ်။ ခုဆိုမီးတွေက မမှန်ဘူး အရမ်းကိုပျက်တယ်။ ဒီအချိန်မှာ Battery ကလည်း ထည့်ပြီးစဥ်းစားရပြန်ရော၊ Normal Usage လောက်ပဲသုံးတာကို ၁နာရီ ၂နာရီ လောက်တောင်မခံရင် Programming အတွက်ဆို ပိုဆိုးပြီ။ ခုဆိုလည်း နာရီဝက်လောက်သွင်းထားတာနဲ့ အား တစ်ဝက်လောက် ပြန်ပြည့်တယ်ဆိုတဲ့ fast charging တွေလည်း ထွက်နေတာမို့ Battery အတွက်ဆို wh များလေ ကြာကြာသုံးလို့ကောင်းလေလေပဲ။
ခုနောက်ပိုင်း Laptop Display တွေက 1080P လောက်နဲ့လာတာမို့ အရမ်းကြီးပြောစရာတော့မရှိဘူး။ စျေးတတ်နိုင်ရင်တော့ OLED လောက်သုံးပေါ့။ Budget ပဲဆိုရင်လည်း 100% RGB တွေလည်းရှိတယ်။(ကျွန်တော်ကတော့ 2K လောက်သုံးတယ်၊ ကြွားတာပါ) 😜
Screen Size ကတော့သုံးမဲ့သူပေါ်မှာပဲမူတည်တယ်၊ တစ်ချို့ကလည်း Screen Size သေးတာကြိုက်တယ် ၊ တစ်ချို့ကျပြန်တော့လည်း Size ကြီးမှ ကြည့်ရတာ အားရတယ်တို့ ဘာတို့ပေါ့။ ဒါကတော့ ကိစ္စမရှိဘူး ၊ ကိုယ်နဲ့အဆင်ပြေတာကိုယ်ရွေးပေါ့၊
Modern Storage တော်တော်များများက SSD တွေနဲ့ပဲလာကြတော့တာမို့ ဝယ်မယ်ဆို Storage ပိုများလေ ပိုကောင်းလေပါပဲ။ Storage ကလည်း များလေ စျေးကလည်းကြီးတာမို့ Budget သမားတွေအတွက်ကတော့ minimum 256 GB လိုရပါပြီ။
နောက်ဆုံးတစ်ခုကတော့ brand ရွေးချယ်တဲ့အပိုင်းပဲ။ စျေးကလည်းသက်သာရမယ် ၊ Price to performance ထဲကလိုချင်တယ်ဆိုရင် Lenovo, HP, Dell ဒီသုံးခုကိုတော့ recommend ပေးချင်တယ်။ နောက်ပိုင်း window မသုံးချင်ဘူး Linux ပြောင်းသုံးမယ်ဆိုလည်း ဒီသုံးခုရဲ့ hardware တွေက Linux ရဲ့ hardware certified ဖြစ်ပြီးသားမို့ ရွေးချယ်ကြည့်ဖို့ အကြံပေးချင်တယ်။ ပိုက်ဆံလိုက်နိုင်ရင် MacBook ဝယ်သုံးတာတော့ အကောင်းဆုံးပေါ့။
Leading today, learning tomorrow! ✨
09/07/2024
2024 ခုနှစ် ၊ June လတွင် ကျင်းပခဲ့တော့ UK နိုင်ငံအသိအမှတ်ပြု ABE Endorsed Diploma in Web Development Exam ကို အောင်မြင်ခဲ့ကြသော ABE Batch 1 မှ ကျောင်းသားများအား Ethan Tech Academy မှ ဝမ်းမြောက်ဂုဏ်ယူကြောင်း.........👏👏👏
✅ကောင်းမွန်မှန်ကန်သောရွေးချယ်မှုနှင့် သင့်အောင်မြင်မှုအတွက် Ethan Tech Academy မှ အမြဲ အသင့်ရှိနေပါတယ်။
https://m.facebook.com/story.php?story_fbid=476820561597508&id=100078087033136
Learning today, leading tomorrow!
31/05/2024
Ethan Tech Academy ရဲ့ Quiz time လေးပါ။ 👏
အဖြေမှန်လေးသိတဲ့သူတွေ comment မှာမန့်ပေးခဲ့ကြပါအုံး။
Learning today, Leading tomorrow
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon