NetX Era

NetX Era

Share

04/04/2026

⚙️WinPE(Windows Preinstallation Environment)

အရင်တခေါက်က WDS Server နဲ့ ပတ်သတ်ပြီးပြောပြပေးခဲ့ပါတယ်။WDS အလုပ်လုပ်ဖို့ WinPE လိုအပ်တယ်ဆိုတာ မိတ်ဆွေတို့ မှတ်မိမယ်ထင်ပါတယ်။
ဆိုတော့ WinPE ဆိုတာဘာလဲ?🤔
WinPE ဆိုတာ lightweight version of Windows OS တခုဖြစ်ပြီး ကျနော်တို့ computer ကို boot လုပ်ရန်၊Windows install လုပ်ရန်၊repair လုပ်ရန် အသုံးပြုကြပါတယ်။
Small & temporary OS တခုဖြစ်ပြီး full Windows မဟုတ်ပါ။ဆိုလိုတာက installation & troubleshooting လုပ်ဖို့ အတွက် mini Windows တခုဖြစ်ပါတယ်။

WinPE မှာ
✔️Windows Installလုပ်ခြင်း
✔️disk partition & format လုပ်ခြင်း
✔️image deploy(WDS,MDT)
✔️System repair & troubleshooting တို့ ပြုလုပ်နိုင်ပါတယ်။

🔄သူ့ အလုပ်လုပ်ပုံက
🔶️Computer ကို USB/Network/CD ဖြင့် boot လုပ်တယ်
🔶️WinPE load လုပ်တယ်
🔶️minimal environment တခု run တယ်
🔶️Windows setup/tools တွေ run တယ်

ဒီလောက်ဆို WinPE အကြောင်း အနည်းငယ် သဘောပေါက်လောက်ပြိထင်ပါတယ်။

နောက်ပိုင်းတွေမှာလည်း networking အ‌ကြောင်း အရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

Follow for more networking tips

10/03/2026

🌍 NAT (Network Address Translation)
NAT ဆိုတာဘာလဲ?
👉 Private IP ကို Public IP ပြောင်းပေးတဲ့ process ကို NAT လို့ခေါ်ပါတယ်။
ကျတော်တို့ အိမ်မှာ Wi-Fi သုံးနေတဲ့ device တွေမှာ
ဥပမာ
📱 Phone ရဲ့ IP : 192.168.1.11
💻 Laptop ရဲ့ IP : 192.168.1.12
စတဲ့ IP တွေက Private IP တွေဖြစ်ပါတယ်။
Private IP တွေကို internet ထဲမှာ တိုက်ရိုက်အသုံးပြုလို့မရပါဘူး။Private Network အတွင်းမှာသာ အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် Router က NAT လုပ်ပြီး Public IP အဖြင့်Internet ပေါ် ပြောင်းပေးခြင်း ပဲဖြစ်ပါတယ်။
ဥပမာ မိတ်‌ဆွေတို့ရဲ့ Phone မှာရှိတဲ့ Private IP : 192.168.1.11 ကို Public IP : 203.X.X.X အဖြင့် ပြောင်းလဲပေးပြီး Internet ပေါ်တင်ပေးခြင်းဖြစ်တယ်။
NAT ဘာကြောင့်လိုအပ်တာလဲ?
Public IP မလောက်ခြင်း၊Internal Network ကို hide လုပ်ချင်လို့၊Security Layer တစ်ခုအဖြစ် စသည့်အချက်များကြောင့် NAT လိုအပ်ပါတယ်။
Private network ထဲက devices များ internet သုံးနိုင်ဖို့ NAT လိုအပ်ပါတယ်။

🏠 ကျတော့်တို့ အိမ်မှာ Google သုံးဖို့ wifi ဖွင့်ပြီး💻 Laptop ကနေ တဆင့် Google လို့ရိုက်တယ်။Laptop IP (Eg: 192.168.1.12) က Google ကို request ပို့တယ်။Router က အဲ့ဒီ Private IP ဖြစ်တဲ့ 192.168.1.12 ကို 203.x.x.x စတဲ့ Public IP အဖြင့် translate လုပ်ပြီး🌐 Internet ထဲကို ပို့တယ်။reply ပြန်လာရင် Router က NAT table ကြည့်ပြီး အဲ့ဒီ request က ဘယ် device ကပို့ခဲ့လဲဆိုတာ စစ်ပြီး သက်ဆိုင်တဲ့ device(eg:192.168.1.12) ကပဲ ဆိုပြီး ကျတော်တို့ laptop 💻ကို ပြန်ပို့ပေးတယ်။Router က Private IP 🔁 Public IP ကြား translator အဖြစ်လုပ်ဆောင်ပေးပါတယ်။ဒါက NAT အလုပ်လုပ်ပုံပဲဖြစ်ပါတယ်။

Types Of NAT
- Static NAT (One to One)
- Dynamic NAT (many to many)
- PAT ( Port Address translation)(many to one)

ဒီလောက်ဆို မိတ်‌ဆွေတို့ NAT နဲ့ပတ်သတ်ပြီး အနည်းငယ် နားလည်ပြီထင်ပါတယ်။နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

05/12/2025

⚙️ Network Addressing Structure ⚙️

IP ပေးထားတဲ့ network တိုင်းမှာ Addressing (၄) ခုရှိပါတယ်။
ဥပမာ - 192.168.1.x လို့ class C ထဲက IP ပေးထားတယ်ဆိုပါဆို့။
Total IP = (0-255) = 256 လုံး၊
အသုံးပြုလို့ရတဲ့ devices = 2⁸ - 2 = 254 လုံး

ဒီ network မှာ

Network Address : 192.168.1.0
Start IP : 192.168.1.1
End IP : 192.168.1.254
Broadcast Address : 192.168.1.255

ဆိုပြီး address (၄) ခုရှိပါတယ်။

🔸Network Address
192.168.1.x network တခုလုံးကို ဦးဆောင်မယ့် network ဖြစ်ပြီး၊192.168.1.0 ဆိုတာ network group ရဲ့ အမည်တခုလို့ ပြောလို့ရပါတယ်။ ဥပမာ ကျတော်တို့ ကွန်ဒိုတိုက် တလုံး မှာဆိုရင် 192.168.1.0 ~ network address ဆိုတာ အဲ့ကွန်ဒိုရဲ့ အမည်ပဲဖြစ်ပါတယ်။

🔸Star IP & End IP
192.168.1.x network ရဲ့ ပထမဆုံး စတင်အသုံးပြုလို့ရတဲ့ Start IP , နောက်ဆုံးအသုံးပြုလို့ရတဲ့ End IP
ဒီ 192.168.1.1 ( Start IP) နဲ့ စပြီး 192.168.1.254 (End IP) အထိ နောက်ဆုံးအသုံးပြုလို့ရခြင်းပဲဖြစ်ပါတယ်။ကွန်ဒိုတိုက် ဥပမာနဲ့ဆို 192.168.1.1 to 254 က နေထိုင်လို့ရတဲ့ အခန်းတွေပဲဖြစ်ပါတယ်။များသောအားဖြင့် Star IP ကို Router မှာ assign လုပ်ပြီး၊End IP ကို Server မှာ assign လုပ်ပါတယ်။

🔸Broadcast Address
192.168.1.x Network တခုလုံးကို announce လုပ်ပေးသော address ပဲဖြစ်ပါတယ်။ကွန်ဒိုတိုက်မှာ အားလုံးကြားနိုင်တဲ့ speaker တလုံးလိုပေါ့။

Network Address (192.168.1.0) နဲ့ Broadcast Address (192.1681.255) ဒီ(၂) ခုက ဘယ် device မှာမှ assign လုပ်ထားခြင်း မရှိပါဘူး။network address က 192.168.1.x network ကို ကိုယ်စားပြု အမည် တခုဖြစ်ပြီး broadcast Address က ဒိ network ထဲက devices တွေကြား announce လုပ်ပေးသော address ဖြစ်ပါတယ်။

ဒါက network တခုရဲ့ Addressing structure အကြောင်း အကျဉ်းချုပ်ပြောပြပေးသွားခြင်းပဲဖြစ်ပါတယ်

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်

19/11/2025

Cloudflare ⚙️☁️

နိုဝင်ဘာ ၁၈ ရက်၊မနေ့က Cloudflare outage ဖြစ်ပေါ်ခဲ့တာကို မိတ်ဆွေတို့ သတိထားမိလို့ထင်ပါတယ်။

ဆိုတော့ Cloudflare ဆိုတာဘာလဲ?ဘယ်လိုအလုပ်လုပ်တာလဲ?
☁️Cloudflare ဆိုတာ website တွေနဲ့ online services တွေကို speed, security, performance and load balancing အတွက် ထောက်ပံ့ပေးတဲ့ CDN + Security + DNS ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ တစ်ခုပဲဖြစ်ပါတယ်။

နားလည် လွယ်အောင် ပြောရရင် ကျတော်တို့ 💻 သာမန်အင်တာနက်သုံးစွဲသူတွေ အနေနဲ့ သူတို့ဝင်ရောက်ကြည့်ရှုလိုတဲ့ website တွေရဲ့ ကြားမှာ (reverse proxy)ကြားခံဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတစ်ခုပါပဲ။ cloudflare ဟာ အချက်အလက် ဖြန့်ဝေရေးကွန်ရက် (CDN) နဲ့ လုံခြုံရေးဝန်ဆောင်မှုတွေကို ပေးပြီး visitor တယောက် က website address တစ်ခုကို ရိုက်ထည့်လိုက်တဲ့အခါမှာ အဲ့ဒီတောင်းဆိုမှုကို မှန်ကန်တဲ့ ဆာဗာဆီကို အမြန်ဆုံးနဲ့ အလုံခြုံဆုံးရောက်အောင် လမ်းကြောင်းရှာပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
📌Cloudflare က Visitor တစ်ယောက် website ကိုဖွင့်လိုက်တဲ့အခါ အနီးစပ်ဆုံး Cloudflare server ကနေ content ကို cache ထုတ်ပေးတယ်။
📌malicious traffic, bots, attacks တွေကို filter လုပ်ခြင်း၊DDoS attacksကို blockလုပ်ပေးခြင်း၊Malicious IPs ကို ပိတ်ပေးခြင်း၊Bot protection
၊Web Application Firewall (WAF) စတဲ့ ကာကွယ်မူတွေကို လုပ်ဆောင်ပေးပါတယ်။
📌Cloudflare ကို website မရှိဘူးဆိုရင်လည်း DNS,firewall,DDoS protection,content caching လို feature တွေကိုသုံးလို့ရပါတယ်။
📌ကျတော်တို့ အသုံးများတဲ့ 1.1.1.1 DNS ကလည်း Cloudflare ရဲ့ service တခုပဲဖြစ်ပါတယ်။
📌Cloudflare ကို website owner, server admin, cloud engineer, sysadmin တွေအများကြီးအသုံးပြုကြပြီး Cloudflare ရဲ့ အခြေခံ features အများစုက free ပါပဲ။
📌Google Store၊ X (ယခင် Twitter)၊ Spotify, ChatGPT နဲ့ Canva စတာတွေကလည်း Cloudflare ရဲ့ DNS,CDN, Security services စတဲ့ ဝန်ဆောင်မူတချို့ ကို အသုံးပြုကြခြင်းပဲဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon