edu.Myanmar
03/12/2021
Hello!
ကလေးငယ်များအတွက် Saturday & Sunday English 4 skills အွန်လိုင်းသင်တန်းလေးကို မိမိရဲ့ရင်သွေးငယ်များအတွက် ဈေးနူန်းလဲသင်တင့်ရမယ် သင်ကြားရေးမှာလဲစိတ်ချစေချင်တယ် လူဦးရေးနည်းနည်းနဲ့ထိထိရောက်ရောက်သင်ချင်တယ် ဒီလိုသင်တန်းမျိုးကိုရှာနေတယ်ဆိုရင်တော့ edu.Myanmar က ဖွင့်လှစ်မယ့် Weekend Class လေးကိုစိတ်ချလက်ချရွေးချယ်လိုက်ပါ ။
✅ဘယ်အရွယ်တွေကစတက်လို့ရမလဲ?.........................................................
အသက် 6 နှစ်ကနေစပြီး level အလိုက်တက်လို့ရပါတယ်ခင်ဗျ
✅အတန်းတစ်တန်းကိုကလေးဘယ်နှစ်ယောက်လက်ခံလဲ?..........................................................................
Pair Work, Group Work အရ သင်ကြားမူထိရောက်စေရန် အတန်းတစ်တန်းကို 6~10 ဦးမျှသာလက်ခံသင်ကြားပေးပါတယ်။
✅သင်တန်းကြေးကတစ်လကိုဘယ်လောက်လဲ?......................................................................
သင်တန်းကြေးက တစ်လကို 15000ကျပ်သာပေးသွင်းရပါတယ် (Class book + Work book)များကို မှာယူချင်ပါကလဲ စီစဉ်ပေးပါမယ်
✅ဘယ်လိုသင်မှာလဲ?...............................
Zoom Cloud Meeting ဖြင့် ဆရာမနဲ့ Face to Face သင်ကြားမှာဖြစ်ပြီး သင်တန်းမှာ ကလေးငယ်တို့အတွက်လိုအပ်တဲ့ English 4skills အပြင် Activities များဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ် Zoom app နှင့် Face to Face သင်ကြားတဲ့ပုံစံဖြစ်တဲ့တွက် ကလေးငယ်တွေရဲ့တစ်နေ့တာ သင်ယူချိန် လေ့ကျင့်ချိန်တွေပုံမှန်ရှိနေမှာပါ ဒါအပြင်သင်ကြားတဲ့ဆရာမနှင့်လဲတိုက်ရိုက်သင်ယူခွင့် လေ့ကျင့်ခွင့်ရသလို အတန်းဖော်သူငယ်ချင်းတွေနဲ့လဲအွန်လိုင်းမှာပုံမှန်တွေ့ခွင့်ရတဲ့အတွက် Social Skills တွေရရှိပြီး ပျော်ပျော် ရွှင်ရွှင်နဲ့သင်ယူနိူင်မှာဖြစ်ပါတယ်။
✅ဘယ်လိုဆက်သွယ်ရမလဲ?..........................................
📍ကန့်သတ်ဦးရေဖြင့်သာ လက်ခံမည့် အတွက် Registration ပြုလုပ်ရန် Linkကို Page chat box တွင် ရယူနိုင်ပါတယ်။
ကလေးငယ်များ၏ပညာရေးကို အစဥ်အမြဲ တိုးတက်စေချင်သော စေတနာဖြင့်🙆♀️
.MyanmarEducationServices
☎09950391530
📧[email protected]
📞https://t.me/joinchat/YGy3MoB0PKE0NGM9
📲https://www.facebook.com/eduMyanmar-113774287074972/
19/10/2020
စနစ်သစ်ပညာရေးတွင် အဓိကကျသော Skill Development
------------- #---------------
ပညာရေးဝန်ကြီးဌာနရဲ့ အသစ်ပြန်လည်ရေးဆွဲထားတဲ့ သင်ရိုးသစ်တွေမှာ KG, Grade-1, Grade-2, Grade-4, Grade-6, Grade-7 နဲ့ Grade-10 တို့ဖြစ်ပါတယ်။
သင်ရိုးသစ်တွေမှာ ထူးခြားမှုတစ်ခုအနေနဲ့ကတော့ ယခင်စနစ်ဟောင်းနဲ့မတူတဲ့ Skill Development ပါ….
ယခုလို ကာလအတွင်းမှာ ကျောင်းတွေပိတ်ထားရတယ်… ဒါပေမယ့် သင်ယူမှု အဆက်မပြတ်စေဖို့ ICT တွေသုံးပြီး လေ့လာလာကြပါတယ်…
အခက်ခဲဆုံးက စနစ်သစ်ကျောင်းသား/သူတွေပါ… သူတို့အတွက် အကောင်းဆုံးဖြစ်အောင် ရေးဆွဲထားတဲ့ စနစ်သစ်ကို မပြည့်မစုံနဲ့ လေ့လာနေရတာပါ…
လေ့လာနေရင်းနဲ့ပဲ ပိုတိုးတက်အောင်လုပ်နိုင်မဲ့ သင်ရိုးသစ်ပါ Skills လေးတွေကို ထည့်သွင်းလေ့ကျင့်စေလိုပါတယ်…
စနစ်သစ် ၂၁ ရာစု လေ့လာမှုတွေမှာ အရေးကြီးတဲ့ Skills လေးတွေကတော့
လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု အရည်အသွေး
#ဒီအချက်မှာ ကျောင်းသား/သူတွေဟာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး သူတို့ရဲ့ အတွေးအခေါ် အယူအဆ ဗဟုသုတတွေကို အဖွဲ့အလိုက် ဝေမျှမယ် ဆွေးနွေးမယ် ပြသနာတွေကို အတူတူဖြေရှင်းမှုတွေ အများဆုံးလုပ်ဆောင်နိုင်ရပါမယ်။
လို့ခေါ်တဲ့ ဆက်သွယ်ပြောဆိုနိုင်မှု အရည်အသွေး
#ဒီအချက်လေးက အပေါ်မှာပြောထားတဲ့ အဖွဲ့အလိုက် လုပ်ဆောင်မှုတွေမှာ အချင်းချင်း နှုတ်ဖြင့်ဖြစ်စေ ကိုယ်ဟန်အမူအရာနဲ့ ဖြစ်စေ ဆက်သွယ်ပြောဆိုနိုင်မှု လေးတွေလုပ်ဆောင်နိုင်ရပါမယ်။
Thinking and Problem Solving ဆိုတဲ့ ဆန်းစစ်ဝေဖန်ပိုင်းခြားမှုနဲ့ ပြသနာတွေ၊ ပုစ္ဆာတွေဖြေရှင်းနိုင်မှု အရည်အသွေး
#ဒီအချက်လေးမှာတော့ ကျောင်းသား/သူများကိုယ်တိုင် ပုစ္ဆာတွေ မေးခွန်းတွေ ပြသနာတွေကို စိတ်ပါဝင်စားစွာ အဖြေရှာမယ် စဥ်းစားမယ် ရလာတဲ့ အချက်အလက်တွေကို ဝေမျှရင်း အမှား အမှန်ဝေဖန်ပိုင်းခြားနိုင်အောင် လုပ်ဆောင်ရပါမယ်။
and Innovation လို့ခေါ်တဲ့ ဆန်းသစ်တီထွင်နိုင်မှုဆိုတဲ့ အရည်အသွေး
#ဒီအချက်လေးကတော့ ၂၁ ရာစုအတွက် အလွန်အရေးပါပြီး အသုံးဝင်တဲ့ အချက်လေးပါ။ ကျောင်းသား/သူတွေက သိပြီးသား ရှိပြီးသားအရာတွေအပြင် အသစ်တွေ နည်းလမ်းအသစ်တွေ တီထွင်ဖန်းတီးမှုအသစ်တွေကို စူးစမ်းရှာဖွေ လေ့လာဖော်ထုတ်ပြီး အသစ်အသစ်တွေကို ဖန်တီးနိုင်တဲ့အထိ လုပ်ဆောင်နိုင်ရမှာပါ။
လို့ခေါ်တဲ့ နိုင်ငံသားကောင်းစိတ်ဓာတ်နဲ့ နိုင်ငံသားကောင်းတစ်ယောက်အဖြစ်ရပ်တည်နိုင်မှု ဆိုတဲ့ အရည်အသွေးလေးတွေပဲ ဖြစ်ပါတယ်
#ဒီနောက်ဆုံးအချက်လေးက ကျောင်းသား/သူတွေဟာ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်ပြီး တိုင်ပြည်အကျိုး နိုင်ငံအကျိုး ကိုယ့်နယ် ကိုယ့်ဒေသအကျိုးတွေကို သူတို့သင်ယူတက်မြောက်ထားတဲ့ အရာတွေ skills တွေအသုံးချပြီး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။
Stay Home ကာလ… Online Learning ကာလတွေမှာ ကျောင်းသား/သူ တွေက ဒီ Skills လေးတွေနဲ့ အသစ်တွေကိုအသားကျအောင် လေ့လာသင်ယူနိုင်ပါစေ…
.mm
်တန်းများWorkshopများဖန်တီးပေးရန်ရည်ရွယ်လျက်
Source: Text book, Internet
Click here to claim your Sponsored Listing.