True Stories

True Stories

Share

15/12/2025

၁၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ထဲက သတင်းတိုထွာ။
အလိမ်အညာအေဂျင်စီတွေနဲ့ အလိမ်အညာခံရသူတွေရဲ့သတင်း။
အလိမ်အညာတွေကနေ ကင်းဝေးကြပါစေ

15/12/2025

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ရဲ့ ၁၂ ရက်နေ့ က သတင်းတိုထွာ။
မြောက်ဦးသတင်းနဲ့ ခံစားရသူအချို့ရဲ့ အသံ
သူတို့အသံ သူတို့ခံစားချက်တွေကို ကြားကြပါစေ

Source: BBC Burmese

02/08/2025

သရဲစာကျွေးခြင်း

ဖခင်ရဲ့ မျက်လုံးကျန်းမာရေးအတွက် သူ့ကို ပြန်ခေါ်ဖို့ ထိုင်းကနေ မြန်မာပြည်ကိုလေယာဉ်နဲ့ ပြန်ခဲ့ တယ်။ ရန်ကုန်လေဆိပ်ရောက်တော့ အဝင်တုံးထုတဲ့နေရာအရောက်မှာ တာဝန်ကျအရာရှိက စာအုပ် ကိုကြည့်ပြီး “ခင်များ…အလည်စာအုပ် (PV) နဲ့ အလုပ်သွားလုပ်နေတာမဟုတ်လား၊ မိသားစုနဲ့ သွားနေ တာမဟုတ်လား၊ ခင်များပြန်ထွက်တဲ့အခါအပေါ်မှာ ဒုက္ခရောက်လိမ့်မယ်။ ဒါ့ကြောင့် အလုပ်သွား လုပ် တယ်ဆိုရင် အလည်စာအုပ် (PV) ကနေ အလုပ်စာအုပ် (PJ) ပြန်ပြောင်းရမယ်” လို့ပြောပြီး တုံးထုပေး လိုက်တယ်။

စာအုပ်က အလည်စာအုပ် (PV) ဆိုပေမဲ့ ဗီဇာက သာသနာပြုဗီဇာ (Missionary Visa) တနှစ်ရထား ပါတယ်။ တနှစ်လုံးလုံး တခါမှ မြန်မာပြည်ထဲမပြန်ဘဲနေခဲ့တယ်။ အဲဒါကြောင့် ထိုင်းမှာ မိသားစုနဲ့ နေပြီးအလုပ်လုပ်နေတယ်လို့ စွပ်စွဲပြောဆိုခံရတာဖြစ်မယ်။ဒါ့အပြင် ဗီဇာကလဲ တနှစ်အသစ် ထပ်တိုး ထားပြီး ပြန်ဝင်ခွင့်ဗီဇာကလဲပါနေတော့ အရစ်ခံရတာလို့ထင်ပါတယ်။

လေဆိပ်အဝင်မှာ အဲလိုခြိမ်းခြောက်ခံရတဲ့အခါကျတော့ ထိုင်းကိုပြန်ဖို့အတွက် စိတ်ထဲအတော် စိုးရိမ် ပူပန်ခဲ့ရတယ်။ ရန်ကုန်လေဆိပ်ကနေပြန်သွားလို့ရပါ့အုံးမလားဆိုတဲ့ အတွေးတွေနဲ့ နေခဲ့ရတယ်။

ဒါပေမဲ့ မရရအောင်ပြန်မယ်။ အဲလိုပြန်ရဖို့ ပိုက်ဆံအကုန်ကအကျခံပြီး ဗီဇသက်တမ်းတိုးစဉ်က တင်ခဲ့ တဲ့ ထိုင်းဘာသာနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေကို ထိုင်းဘာသာစကားနဲ့လဲ စာရွက်တွေထုတ်။ အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့စာရွက်တွေကိုလဲ ကြိုတင်ထုတ်ပြီး ပြင်ဆင်ထားခဲ့တယ်။

တုံးထုတဲ့နေရာရောက်လို့ ရစ်လာ၊ခြိမ်းခြောက်လာရင်လဲ “ကျွန်တော်က သာသနာပြုဗီဇာနဲ့နေနေတာပါ၊ အလုပ်လုပ်ခွင့် (Work Permit) မရှိ၊ ကျန်းမာရေးအာမခံမရှိ၊ လစာဆိုတာမရှိဘူး၊ ထိုင်းက ကက်သလစ် ခရစ်ယာန်သာသနာရဲ့ အထောက်အပံ့နဲ့ နေနေရ၊ စားနေရတာပါ” လို့ ပြောမယ်ဆိုပြီးလဲ စဉ်းစား ပြင်ဆင် ထားခဲ့ပါတယ်။

ဒီလိုနဲ့ ထိုင်းကိုပြန်လာဖို့ နေ့ရက်ရောက်တဲ့အခါ ဖခင်နဲ့အတူ ရန်ကုန်လေဆိပ်ကို စိတ်လေးလံစွာနဲ့ ဝင်ခဲ့တယ်။ လေယာဉ်လက်မှတ်ယူတဲ့နေရာမှာတော့အဆင်ပြေခဲ့ပြီ။ အထွက်တုံးထုတဲ့ အပေါ်ထပ် လဝကဌာန ရောက်ရင် အဆင်ပြေပါ့မလား စိတ်တထစ်ထစ်ဖြစ်နေရတယ်။ တကယ်လဲ လဝက ရောက်လို့ နိုင်ငံကူးစာအုပ်ကို ပေးလိုက်တဲ့အခါမှာ အရာရှိက ဘာမှမပြောဘဲ အသာတကြည်နဲ့ တုံးထု ပေးခဲ့တယ်။ စိတ်ထဲအတော်ပေါ့သွားခဲ့ရတယ်။ အပူလုံးတွေလဲ ကျသွားခဲ့တယ်။ ဒီလိုနဲ့ ထိုင်းကို ပြန်ရောက်လာခဲ့တယ်။

ဖခင်ဖြစ်သူရဲ့ မျက်လုံးကျန်းမာရေးကိစ္စ သက်ဆိုင်ရာဆရာဝန်နဲ့ပြပြီးနောက် သူ့ကို မြန်မာပြည် ပြန်ပို့ဖို့လုပ်ရတော့တယ်။ ရန်ကုန်လေဆိပ်ပြန်ဝင်ဖို့အတွက် စိတ်ကလေးလံလာပြန်တယ်။ အတွေးထဲမှာလဲ ဒီတခါ ထပ်အရစ်ခံရအုံးမှာဘဲ။ ဘာဘဲဖြစ်ဖြစ်ပြန်မယ်ဆိုပြီးတွေးထားတယ်။

ဒီလိုနဲ့ မမျှော်လင့်ဘဲ ထိုင်းမှာအလုပ်အကြာကြီးလာလုပ်ပြီး မြန်မာပြည်အဝင်အထွက်လုပ်ခဲ့ဖူးသူ မြန်မာအမျိုးသမီးတယောက်က စာအုပ်ထဲ ဘတ်ငွေ ၂၀ တန်၊ တရာတန် ထည့်ပြီး ရန်ကုန်လေဆိပ် ဖြတ်ကျော်ခဲ့ဖူးတဲ့ သူ့ရဲ့အတွေ့ကြုံကို ပြောပြခဲ့တယ်။ အဲဒီလို လုပ်ပြီး ဖြတ်ဖို့ကိုလဲ သူအကြံ ပေးခဲ့တယ်။

သူပြောတဲ့အတိုင်းမှတ်ထားပြီး ရန်ကုန်ကို ပြန်ခဲ့တယ်။ မှန်ပါတယ်။ ရန်ကုန်လေဆိပ်ရောက်လို့ အဝင်တုံးထုတဲ့နေရာရောက်တဲ့အခါတန်းစီဝင်ကြရတယ်။ နိုင်ငံခြားသားတွေက ဘယ်ဘက်အခြမ်း၊ မြန်မာပြည်သားတွေက ညာဘက်အခြမ်းတန်းစီဝင်ကြရတယ်။

ကိုယ့်ရဲ့ ညာဘက် မျက်စောင်းထိုးက တန်းစီဝင်နေကြတဲ့သူတွေကို ကြည့်လိုက်တဲ့အခါ တုံးထုတဲ့ နေရာရောက်တာနဲ့ ပိုက်ဆံအိတ်ကိုယ်စီထုတ်ပြီး စာအုပ်ထဲ ဘတ် ၁၀၀ တန်တွေ ထိုးထည့် ကြရတာ ကိုမြင်လိုက်ရတယ်။

ကိုယ်ကတော့ လေယာဉ်ပေါ်ကဆင်းလာကတည်းက စာအုပ်ထဲ ဘတ် ၂၀ တန် နှစ်ရွက်ညှပ် ထည့်ထား ပြီးသားပါဘဲ။ သူများတွေက ဘတ် ၁၀၀ တန်တွေထည့်တာတွေ့တော့ ကိုယ့်စိတ်ထဲ မလုံမခြုံ ဖြစ်သွား တယ်။ ငါထည့်ထားတာနည်းနေတယ်ထင်တယ်။ ပိုက်ဆံအိတ်ထုတ်ပြီး ဘတ် ၂၀ တန် သုံးရွက်ထပ် ထုပ်ပြီး ညှပ်ထည့်ထားလိုက်တယ်။

တန်းစီစောင့်နေရတဲ့အချိန်မှာလဲ စိတ်ထဲခံစားရတာက သူများနိုင်ငံသွားတာ ဘာမှစိုးရိမ် ကြောက်ရွံမှု မရှိခဲ့ရဘူး။ ကိုယ့်နိုင်ငံပြန်ဝင်လာမှဘဲ စိုးရိမ်ထိန့်လန့်နေရတယ်။

ကိုယ့်ရှေ့မှာ တန်းစီနေတဲ့အဖေ့ကို တိုးတိုးလေးပြောလိုက်တယ်..”အဖေ့ညာဘက်မျက်စောင့်ထိုးက အတန်းကို ကြည့်လိုက်၊ ပိုက်ဆံတွေထုတ်ပြီးပေးနေရတာတွေ့လား” လို့ပြောလိုက်တော့ လိုက်ကြည့် ရှာတယ်။ နောက်တော့ သူတွေ့သွားတယ်။

စာရေးသူကျွန်တော်က သူ့ကိုပြောလိုက်တယ်။ ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဘယ်လို ဒုက္ခ ခံပြီးလုပ်ကိုင်စားသောက်နေရလဲ သူတို့မသိဘူး။ ပြဿနာဖြစ်ရင်လဲ ဖြေရှင်းပေးဖို့ကျတော့ လျစ်လျူ ရှုထားတယ်။

ကိုယ့်နိုင်ငံထဲ ပြန်ဝင်လာတော့ ပိုက်ဆံတွေမသိမသာတောင်းခံကြတယ်။ ပိုဆိုးတာက ဘယ်ဘက် အခြမ်းမှ တန်းစီဝင်နေကြတဲ့ နိုင်ငံခြားသားတွေက ဝိုင်းကြည့်နေကြတာဘဲ။ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတိုင်းနီးပါး ပိုက်ဆံအိတ်ကိုင်ပြီး ပိုက်ဆံညှပ်ထည့်ကြရတာကို မြင်နေကြရတယ်။

ကိုယ့်စိတ်ထဲမှာလဲ အတော်ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တွေဘဲလို့တွေးပြီး ရှက်မိခဲ့တယ်။ ဘယ်တတ် နိုင်ပါ့မလဲ။ အဆင်ပြေပြေနဲ့ ဖြတ်ရဖို့ သူများနည်းတူလုပ်လိုက်ရတာဘဲ။

ဒီလိုနဲ့ အဖေ့အလှည့်ရောက်တော့ အဖေက အသက်ကကြီး ကျန်းမာရေးကိစ္စနဲ့ လာခဲ့တာဆိုတော့ ဘာမှ အမေးမခံရ အရစ်မခံရဘူး။ ကိုယ့်အလှည့်ရောက်တော့ စာအုပ်ထဲ ညှပ်ထည့်ထားလို့လားတော့မသိဘူး ဘာမှကို အမေးမခံရ၊ အပြောမခံရတော့ဘဲ အသာတကြည်ဖြတ်ခွင့်ရခဲ့တယ်။

စိတ်ထဲမှာလဲ “ဪ..သရဲတွေဆိုတာ အစာမကျွေးရင် အခြောက်ခံရတယ်။ အစာကျွေးလိုက်တော့ အခြောက်မခံရတော့ပါလား” ဆိုတဲ့အတွေးပေါ်လာခဲ့တယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

မန်းကျော်

12/11/2024

" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "
""""""""""""""""""""""""""""""""""""""""""""""""""""


သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။


သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။


သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။


သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။


သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။


သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

အစဉ်လေးစား ချစ်ခင်နေလျှက် .......

#စာအုပ်စာပေလူ့မိတ်ဆွေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Thamardi
Yangon
11071