MaxMan-Boy Shop

MaxMan-Boy Shop

Share

04/08/2023

👨 အမျိုးသားကျန်းမာရေး 👨
အမျိုးသားအားတိုးဆေးသောက်ရင်
သတိပြုသင့်တာတွေ

ယနေ့ခေတ်မှာ အမျိုးသားအားတိုးဆေးတွေကို တံဆိပ်မျိုးစုံ ကြော်ငြာအားကောင်းကောင်းနဲ့ နေရာတိုင်းမှာ ကြောငြာနေတာတွေတွေ့မြင်ရမှာပါ။ တန်ဆေး လွန်ဘေးဆိုသလို အမျိုးသားအားတိုးဆေးတွေမှာလည်း ကောင်းကျိုးနဲ့ ဆိုးကျိုးတွေဒွန်တွဲနေပါတယ်။ ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးတွေက အမျိုးသားအားတိုးဆေးတွေသုံးစွဲမယ်ဆိုရင် သတိပြုရမည့်အချက်လေးတွေပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေမှာ အမျိုးသားအားတိုးဆေးတွေကို ပုံမှန်မှီဝဲစရာမလိုအပ်ပါဘူး။ အထူးသဖြင့် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေမှာ အမျိုးသားအားတိုးဆေးတွေမသုံးစွဲဘဲ လိင်မှုကိစကိုဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်တဲ့အမျိုးသားတွေနဲ့ ပန်းသေပန်းညှိုးရောဂါခံစားနေရတဲ့အမျိုးသားတွေအတွက်ကတော့ အမျိုးသားအားတိုးဆေးတွေမှီဝဲမှသာ သူတို့ရဲ့ လိင်မှုကိစ္စကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြပါတယ်။

အမျိုးသားအားတိုးဆေးတွေဟာ အမျိုးသားလိင်အင်္ဂါရဲ့ သွေးလည်ပတ်မှုကိုမြှင့်တင်ပေးပီးတော့ လိင်အင်္ဂါကို မာကြောထောင်မတ်စေပါတယ်။ လိင်ဆက်ဆံမှုမပြုလုပ်မီ ဆေးကို နာရီဝက်၊ တစ်နာရီလောက် ကြိုပြီးသောက်ရပါမယ်။ ဆေးရဲ့အာနိသင်ကြောင့် လိင်အင်္ဂါဟာ ထောင်မတ်မာကြောလာပီး လိင်အာရုံခံစားမှုကိုလည်း အထွတ်အထိပ်ထိ မြှင့်တင်ပေးနိုင်သလို လိင်ဆက်ဆံပြီးတဲ့အချိန်မှာလည်း အားရကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ရှိချိန်ကို ကြာစေပြီးတော့ လိင်ဆက်ဆံချိန်ကိုလည်း သာမန်ထက်ပိုကြာစေပါတယ်။ ဥပမာအနေနဲ့ဆိုရရင် သုက်လွှတ်တဲ့ ပုံမှန်အချိန်ဟာ လိင်စဆက်ဆံပြီး ၅မိနစ်ကနေ ၁၂ကြားဆိုပေမဲ့ အမျိုးသားအားတိုးဆေး သုံးစွဲထားသူအနေနဲ့ သုက်လွှတ်ချိန်ကို အနည်းဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ထိ ဆွဲဆန့်ထားနိုင်ပါတယ်။ ဒါကြောင့်အမျိုးသားများရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကိုမြှင့်တင်ပေးနိုင်ပီး အိမ်ထောင်မှုသုခကိုလည်း နှစ်ဦးနှစ်ဖက် အပြည့်အဝရရှိစေပါတယ်။

ယခုဆက်လက်ဖော်ပြပေးမယ့်အချက်လေးတွေကတော့ အမျိုးသားအားတိုးဆေးတွေသောက်သုံးမယ်ဆိုရင် သတိပြုဆင်ခြင်ရမယ့်အချက်လေးတွေပဲဖြစ်ပါတယ်။

ပထမတစ်ချက်အနေနဲ့ ဆိုရင်တော့ သွေးတိုး၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါအခံရှိတဲ့အမျိုးသားတွေအနေနဲ့ မိမိသဘောနဲ့မိမိ လုံးဝမသောက်သုံးသင့်ပါဘူး။ အကယ်၍ သုံးစွဲဖို့လိုအပ်တယ်ဆိုရင်‌‌တောင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့သေချာပြသတိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ရုတ်တရက်သွေးဆောင့်တိုးပြီး ဦးနှောက်သွေးကြောပြတ်တာ နှလုံးခုန်ရပ်တာတွေဖြစ်ပီး အသက်အန္တရာယ်ကိုထိခိုက်နိုင်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျောက်ကပ်နဲ့ အသည်းရောဂါအခံရှိတဲ့လူနာတွေအနေနဲ့ သတိပြုဆင်ခြင်ပြီး သုံးစွဲသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။

အကယ်၍ လိင်ဆက်ဆံပြီးပေမဲ့ လိင်တံဆက်လက်ပြီးမာကြောနေခြင်းက ၄ နာရီထက်ပိုကြာမယ်ဆိုရင်တော့ ရေရှည်မှာလိင်တံကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ကုသဖို့လိုအပ်ပါတယ်။ အခန့်မသင့်ရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ရုတ်တရက် မျက်စိအမြင်ဆုံးရှုံးတာ၊ နားမကြားတာတွေပါ ဖြစ်နိုင်စေတာမို့ သတိပြုဆင်ခြင်ပီးသုံးစွဲသင့်ပါတယ်။ ရောဂါအခံမရှိတဲ့ အမျိုးသားတွေအနေနဲ့ကတော့ မျက်နှာနီရဲတာ၊ ရင်တုန်တာ၊ ခေါင်းကိုက်တာတွေ ခံစားရနိုင်ပါတယ်။
crd. original post 😍

04/08/2023
Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon