YZ Chronicles
16/10/2025
✅Software တော့ သုံးနေတယ် ဒါပေမဲ့ လုပ်ငန်းတစ်ခုလုံးကိုမထိန်းချုပ်နိုင်သေးတာ ဘာကြောင့်လဲ✅
Software တစ်ခုသုံးတာနဲ့ System တစ်ခုလုံးကို ချက်ချင်း ထိန်းချုပ်နိုင်သွားတာ မဟုတ်ပါဘူး System နဲ့ ထိန်းချုပ်မှု ဆိုတာ Software, Process, People တို့အပေါ် မူတည်နေတဲ့ ပေါင်းစည်းမှုဖြစ်ပါတယ်။
1. Process မပြည့်စုံသေးခြင်း
Software ရှိပေမဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ မသတ်မှတ်ထားရင် System တစ်ခုလုံး မတောင့်တင်းနိုင်ပါဘူး။ Process မရှိတာက အလုပ်လုပ်ပုံ မတူညီခြင်းနဲ့ အချို့အဆင့်တွေ ပျက်ကွက်နိုင်စေပါတယ်။
2. အသုံးပြုသူများ မသိရှိသေးခြင်း
အသုံးပြုသူတွေက Software ကို မသိသေးတာ၊ သုံးပုံသုံးနည်း မမှန်တာကြောင့် System တစ်ခုလုံး အလုပ်မဖြစ်နိုင်ပါဘူး။ Training နဲ့ Awareness လုပ်ပေးဖို့ လိုအပ်ပါတယ်။
3. Data မတိကျခြင်း
System တစ်ခု ခိုင်မာဖို့အတွက် အချက်အလက်တွေ တိကျမှန်ကန်ဖို့ လိုတယ်။ Data မမှန်ရင် Decision မမှန်နိုင်ပါဘူး။ Report တွေလည်း မမှန်နိုင်ပါဘူး။
4. Maintenance နဲ့ Continuous Improvement မရှိခြင်း
System တစ်ခု တည်ဆောက်ပြီးနောက်မှာ ပြုပြင်မွမ်းမံမှု မရှိရင် ချမှတ်ထားတဲ့ Procedure တွေကို မလိုက်နာရင် တဖြည်းဖြည်းနဲ့ အားနည်းသွားတတ်တယ်။
တကယ်တမ်းတော့ Software ရှိတာက စတင်ခြင်းသာဖြစ်ပြီး System ကျဖို့အတွက် Process, People, Data, Integration, Maintenance တို့ကို တစ်ပြိုင်တည်း စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။
အဲ့ဒီအတွက်ကို Implementation Process ကို အသုံးချမှ ဖြစ်မှာ ဖြစ်ပါတယ်
✅Implementation ဖြစ်နေတဲ့ လုပ်ငန်းတစ်ခုမှာ မျှော်လင့်နိုင်တာတွေက ဘာတွေလဲ✅
Software Implementation Process တစ်ခုကို စနစ်တကျ ပြုလုပ်အပြီးမှာ လုပ်ငန်းတစ်ခုအနေနဲ့ မျှော်လင့်နိုင်တဲ့အရာတွေက အများကြီးရှိပါတယ်။ ဒီအဆင့်က လုပ်ငန်းနဲ့ နည်းပညာကို ပေါင်းစည်းပေးတဲ့ အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် အောက်ပါအချက်တွေကို တွေ့မြင်နိုင်ပါတယ်။
1. လုပ်ငန်းစဉ်တွေ ပိုပြီးရှင်းလင်းလာခြင်း
Implementation လုပ်နေချိန်မှာ လုပ်ငန်းစီးဆင်းမှုတွေကို ပြန်လည်သုံးသပ်ပြီး စနစ်တကျ ပြင်ဆင်တာကြောင့် မသုံးသပ်မိတဲ့ အဆင့်တွေ၊ မလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဖယ်ရှားနိုင်တယ်။
2. Data Structure မှန်ကန်လာခြင်း
Chart of Accounts, Item Codes, Categories စတဲ့ အချက်အလက်တွေကို တိတိကျကျ တည်ဆောက်ပေးတာကြောင့် Data တွေ ပိုပြီး မှန်ကန်လာတယ်။
3. အသုံးပြုသူတွေ ပိုပြီးနားလည်လာခြင်း
Training နဲ့ Testing လုပ်ငန်းစဉ်တွေကြောင့် Staff တွေက Software အသစ်ကို နားလည်လာပြီး သုံးပုံသုံးနည်း ပိုကောင်းလာတယ်။
4. လုပ်ငန်းအတွင်း ဆက်သွယ်မှု ပိုကောင်းလာခြင်း
System တစ်ခုတည်းအောက်မှာ အဖွဲ့အစည်းတစ်ခုလုံး ပူးပေါင်းလုပ်ဆောင်တာကြောင့် အဖွဲ့အစည်းအတွင်း ဆက်သွယ်မှု ပိုမိုထိရောက်လာတယ်။
5. အချိန်နဲ့ စရိတ် ထိန်းချုပ်နိုင်ခြင်း
စနစ်တကျ Implementation လုပ်ခြင်းက လုပ်ငန်းအတွင်း အချိန်ကုန်သက်သာစေပြီး မလိုအပ်တဲ့ Double Workတွေ Hard Work တွေကို လျှော့ချပေးတယ်။
6. အနာဂတ်အတွက် အခြေခံတည်ဆောက်ခြင်း
Implementation အဆင့်က လုပ်ငန်းတစ်ခုအနေနဲ့ နည်းပညာအခြေခံကို တည်ဆောက်ပေးတဲ့ အချိန်ဖြစ်ပြီး နောင်အဆင့်မြှင့်တင်မှု တွေအတွက် အခြေခံအဖြစ် အသုံးဝင်ပါတယ်။
Implementation Process စတင်တဲ့အချိန်မှာ ပြဿနာတချို့ ဖြစ်နိုင်ပေမဲ့ အဲ့ဒီအချိန်က လုပ်ငန်းတစ်ခုအနေနဲ့ စနစ်တကျ ပြောင်းလဲမှု၊ တိုးတက်မှု၊ နည်းပညာအခြေခံ တည်ဆောက်မှုတွေကို မျှော်လင့်နိုင်တဲ့ အရေးကြီးဆုံးအခန်းကဏ္ဍ ဖြစ်တယ်။
ဒီအကြောင်းတွေကို နားလည်ထားပြီး လူကြီးမင်းတို့ အနေနဲ့ ကျွမ်းကျင်တဲ့ Professional Service ကို အပ်ဖို့အတွက် ဆွေးနွေးတိုင်ပင်မယ်ဆိုရင်..
21/12/2024
We are currently at Cafe Innlay, Shwenyaung, providing Software Setting and Data Reconciliation Services.
If you’re looking to:
☕ Enjoy a great cup of coffee,
💼 Discuss business matters in a relaxed atmosphere,
🤝 Connect and share ideas,
Then Cafe Innlay is the place to be! Come by and let’s work to create ideas that drive success.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 16:30 |
| Tuesday | 00:45 - 00:30 |