Fertility Guide Myanmar
Men health or အမျိုးသားကျန်းမာရေး
Infertility or သားသမီးရလိုသူများ or သားသမီးရရနိခက်ခဲသူများ
ဖန်ပြွန်သန္ဓေသား or ivf or in vitro fertilization
မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ ဆွေနွေးတိုင်ပင်ခြင်း or genetic counseling
03/01/2025
Burmese Fertility Shrine
သားဆုပန်သော နေရာ/ နတ်ဘုရား/ ဓလေ့ စသည်တို့က တစ်ရွာတစ်ပုဒ်ဆန်း များပြားလှပေသည်။ ကြားသိရသလောက်ဆို-
၁။ ရွှေတိဂုံက ဗြဟ္မာသားပိုက်ရုပ်
၂။ ၁၉လမ်း တရုတ်ဘုံကျောင်းက ကွမ်ရင်မယ်တော်၊ Fushan Temple (福山寺) ဖူဆန် ဘုရားကျောင်း ကွမ်ရင်မယ်တော်က ပိုဆုတောင်းပြည့်သည်ဟုဆိုကြသည်
၃။ ပီလခတ် ဘုရားကျောင်း၊ သန်လျှင်မြို့
၄။ သားတော်ရ စေတီတော် သာဂရမြို့
၅။ တောင်ငူ မြတ်စေညီနောင်ဘုရားမှ ကလေးပိုက်ထားသော ဘီးလူးမရုတ်ထု
၆။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချိုအုပ်စု၊ ဇီးပွားရွာ၊ ဓါတ်မြူးရန်အောင် ဂွေးချိုတောင်တော်ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူသော အလောင်းစည်သူမင်းတရားကြီးအား သိကြားမင်းမှ ဆက်သထားသည့် နန်းဦးဆုတောင်းပြည့် ရှင်ပင်မဟာ ဒက္ခိဏဿာခါ မိုးကောင်းဘုရားကြီး
၇။ ပုဂံက ရှေးဟောင်းသုသေနအနီး ပျူလက်ရာ သားဆုပန် ဘုရား
၈။ ရွှေသိမ်တော် ကျောက်ဆည်
သက်ဆိုင်ရာ ဘာသာရေး ယုံကြည်မှု (religious rituals) မှ တဆင့် လူအားမျိုးနွယ်တို့၏ သန္ဓေအောင်ခြင်းသည် ဆက်စပ်မှုရှိကြသည်ဟု အယူအဆလဲ ရှိကြသည်။ ထိုဆုတောင်းရာအရပ် ဒေသ (Fertility Shrine) သည်လဲ အမျိုးမျိုးအထွေထွေ အဆန်းဆန်း အပြားပြား။
ယေဘုယျအားဖြင့် ဆုတောင်းခံ ရုပ်တုသည် ကလေးငယ်အား ပိုက်ထားတတ်သည် (သို့) ဆုတောင်းသည့် ကလေးလိုသောသူက ကလေးငယ် ပုံစံအရုပ်အား (ရံဖန်ရံခါ အနှီးပတ်လျှက်)/ ကစားစရာ/စားစရာမုန့် လှူရ ဆုတောင်းရတတ်သည်။
မရှိမဖြစ် key player က နတ်ထိန်း (ခ) အနားရှိ ဆုတောင်းစကား ပြောပေးသူ။ ထိုသူများသည် တော်တော်ကို အသေးစိတ် ဆုတောင်းစကား ဆိုတတ်ကြသေးသည်။ တော်တော်လဲ အတွေ့အကြုံရှိပုံလဲရသည်။ “သမီးက ငယ်လဲ ငယ်တယ် ရာသီစက်ဝန်းလဲမှန်တယ်ဆို ပိုပြီး ဆုတောင်းရလွယ်တယ် သမီးရဲ့” ။ ‘’ သားလိုချင်ရင် ဖွားဖက်တော်လေးကို ကိုင်ပြီးဆုတောင်းရတယ်တဲ့၊ အော် ရွှေပန်းနေရာမဟုတ်ဘူး… ဂွေးဂျိနေရာ.. အေး အေး လိုရာသာ ဆုတောင်း ပြည့်လိမ့်မယ် ပြည့်လိမ့်မယ်’’ …
ဆုတောင်းပုံ အထွေထွေထဲက ကျတော် သဘောကျသော ဆုတောင်းတဲ့ အခြေခံအယူအဆမှာ ပုဂံက ဆုတောင်းပုံဖြစ်သည်။ သန္ဓေအောင်တယ်ဆိုတာ နရီ စည်းဝါးက အရေးကြီးတယ်။ နရီစည်းဝါးကိုက်မှ သန္ဓေရတတ်တယ်ဆိုပြီး ဘုရားကို နရီကိုက်အောင် နာရီလှူပေးရသည်ဆိုသည်။ မှန်သည်။ မျိုးဆက်ပွါးဆေးပညာတွင် အချိန်ကိုက် လုပ်နိုင်မှုသည် အသက်တမျှ အရေးကြီးလှသည်။ မမျိုးဥ ကြီးဆေး၊ ကြွေဆေး၊ မမျိုးဥ ထုတ်ယူချိန်၊ သုတ်ပိုးထိုးသွင်းချိန်၊ သန္ဓေသား အသားစယူချိန်၊ အေးခဲချိန်၊ သန္ဓေသားအား သားအိမ်ထဲ ပြန်နေရာချထည့် ပေးချိန် အားလုံးသည် သူမတို့ရဲ့ ရာသီစက်ဝန်းနှင့်။ ကြာလာတော့ ကုသပေးတဲ့ ဆရာဝန်/ သူနာပြုများကလဲ စနေ/ တနင်္ဂနွေမသိတော့…
မျိုးဆက်ပွါး ဆေးပညာခေတ်
သုက်ပိုးနဲ့ မမျိုးဥတို့ သဘာဝအတိုင်းပေါင်းဖို့ မျက်နှာပြင်မှာ ဓါတ်ပစ္စည်းအချို့ လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပြီးရှာဖွေကြရာ ၂၀၀၅တွင် သုတ်ပိုးမျက်နှာပြင်တွင် မမျိုးဥနှင့်ပေါင်းရန် ဓါတ်ပစ္စည်း ပရိုတင်းလေးတွေရှိနေကြောင်းတွေ့သောအခါ Japanese fertility shrine တခုဖြစ်တဲ့ Izumo1 လို့ပေးလိုက်ကြသည်။ ၂၀၁၄ တွင် နောက်ထပ် သိပ္ပံပညာရှင်တွေက မမျိုးဥ မျက်နှာပြင်က ပစ္စည်းကို ထပ်တွေ့တော့ အမျိုးသမီးတွေကို စောင့်ရှောက်တတ်သော သန္ဓေအောင်ခြင်းကို ပိုင်စိုးသော ရောမ နတ်ဘုရားအမည် ဂျူနို (Juno) လို့ ပေးခဲ့ကြတယ်။ ရှေးရောမ နတ်ဘုရားထဲတွင် fertility & marriage ကို စောင့်ရှောက်တဲ့ Juno အမည်ရှိသော ရောမ နတ်ဘုရားမသည် နာမည်ကြီးသည်။ ဆိတ်သရေရုံပြီး အမျိုးသမီးတွေကို စောင့်ရှောက်သည်ဟု ဆိုကြသည်။
ရောမ နတ်ဘုရားအမည် ဂျူနို (Juno) မစောင့်ရှောက် ကောင်းချီးမပေးလဲ ရန်ကင်း ကျောက်ကုန်းက ဆရာတို့ကောင်းချီးပေးလို့ ၂၀၂၅ နှစ်သစ်မှာ အောင်မြင်ခဲ့တဲ့ ကလေးမ
အကြောင်းက ဒီလို
အသက် ၃၆ အမျိုးသမီးလေးတယောက် သူမဟာ ပြင်းထန်တဲ့ ခုခံအားစနစ် မူမမှန်ခြင်းပြဿနာ နှင့် သွေးလုံး ( endometriosis) နဲ့ နှစ်ကာလ အတော် ဖြတ်သန်းရရှာတယ်။ ပြည်တွင်းက ပါရဂူကြီးများအပြင် ပတ်ဝန်းကျင်နိုင်ငံက ပါရဂူကြီးတွေရဲ့ ကုထုံးတွေလဲ စုံလို့။ မှတ်တမ်းတွေပင် ကျတော်တို့ရဲ့ ဘွဲ့ယူကျမ်းလောက်ရှိနေပြီ
‘‘ဆရာ သမီး ကလေးရနိုင်ပါ့မလား ဆရာရယ်” သူ့ရောဂါ အခြေအနေနှင့် သူပြောတဲ့ အသံကြားလျင်ပင် အခက်ခဲများကို အတော်ဖြတ်သန်းခဲ့ရသော မိန်းခလေးရဲ့ မျှော်လင့်ချက်ကို ခံစားချက်ကို လိုက်ပါ မျှဝေ ခံစားမိပါသည်။
သူ့စကားအသံမဆုံးခင်ပင် ကျတော့် အတွေးတွင် သူမ၏ မမျိုးဥ မျက်နှာပြင်က ပစ္စည်း ဂျူနို (Juno)သည် ပျက်ဆီးနေလောက်ပြီ။ သဘာအတိုင်း သန္ဓေအောင်စေသောနည်းဖြစ်သည့် Time intercourse(TI), Intra-uterine insemenation(IUI) နှင့် ဖန်ပြွန်သန္ဓေသားနည်း (Conventional IVF) နည်းသည် အဆင်မပြေနိုင်တော့။ သုတ်ပိုးရွေးချယ် ထိုးသွင်းသောနည်း ( intra cytoplasmic s***m injection) သည်ပင် အလုပ်လုပ်ပါ့မလား။ ဒီလောက် inflammatory media တွေရှိနေသူရဲ့ နှစ် ၃၀ ကျော် ဓါတ်တိုးပစ္စည်းတွေကြောင့် မျိုးရိုးဗီဇကရော ဘယ်လောက် ကောင်းကောင်းကျန်မည်လဲ။ စသည့် လဲပေါင်းများစွာသော မေးခွန်းတွေ ဖိစီးသောအခါ လူနာရှေ့မှာ မလဲအောင် မနည်း အားတင်းပြီး လူနာကို အားပေးရသည်။ ပြောစရာ အခြားစကားမရှိပါချေ ။ ‘’ အောင်မြင်နိုင်ချေအချို့ရှိပါတယ်။ ဆရာတို့ အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
ထွက်လာတော့ ထင်သည်အတိုင်း မမျိုးဥတွေက ဘဲဥပုံတွေ အခွံထူထူတွေ။ အလုံးအရေအတွက်က အသက်အရွယ်နှင့်ယှဉ်ရင် နည်းပါးနေပြန်။
(၅) ရက်သား သန္ဓေသားရပြန်တော့ အရေအိတ်တွေပါပြန်တော့ လေဆာကုထုံး (Targeted Laser Ablation ) ပေးရပြန်။
ပေးပြီးပြန်တော့ ဒီလို case မှာ မျိုးရိုးဗီဇမူမှန် သန္ဓေသား ( eupliod embryo) ဖြစ်ဖို့ လိုပြန်တော့ မျိုးရိုးဗီဇ စစ်ဖို့လိုပြန်တယ်။
စစ်ဖို့ကြတော့လဲ ပုံသဏ္ဍာန် မမှန်တဲ့ ဘဲဥပုံ မမျိုးဥဖြစ်နေပြန်တော့ ခက်ခက်ခဲခဲ ကြိုးစားရပြန်တယ်။
အားလုံးကို ကျော်ဖြတ်ပြီးချိန်မှာ နတ်ဘုရားတွေသာ ဖန်တီးပေးနိုင်တယ်လို့တောင် ထင်ရတဲ့ မျိုးရိုးဗီဇမူမှန် သန္ဓေသား ( eupliod embryo) ရရှိခဲ့ပါတယ်။ ဒီလိုတကြိမ်သာ ရတောင့် ရခဲ အဖိုးတန် အမတေလေး ကောင်းမွန်စွာတည်ဖို့ ဝမ်းကြာတိုက်နံရံကလဲ သားအိမ်နံရံကလဲ ပါးသည့် အစားထဲက ဖြစ်နေပြန်သည်။
အခြေအနေကတော့ ဆရာဝန်တွေသည် အနိုင်ရလျှင် သူတို့ကို သူတို့ နတ်ဘုရားလို့ထင်တတ်ကြပြီး သူတို့မသေချာလျှင် သူတို့ ကိုယ်တိုင်လည်း ဘုရား တတတ်ကြပါသည်ပေါ့..ကျတော်တို့ ဘုရားတရသည့် အခြေအနေပါ..
၂၀၂၅ နှစ်ဆန်းမှာတော့ အလွန့်အလွန် ခက်ခဲသူတို့အတွက် ဖန်တီးမှုတွေ အရာထင်ခွင့် ရရှိလိုက်သည်
Thank you Fertility Specialist
Thank you IVF nurses
Thank you Origin IVF Team
Thank you my better-halfစ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon