Eco Energy
24/03/2026
အိမ်သုံးရော၊ EV
Solar နဲ့ အဆင်ပြေမည်✅
ယနေ့ခေတ်မှာ EV စီးတာဟာ ဆီဖိုးသက်သာဖို့အတွက်မကတော့ပဲ ဆီကိုမှီခိုနေစရာမလိုတော့ပဲ အလွယ်တကူသွားလာရအဆင်ပြေဖို့ပါ။ ဒါကြောင့်အိမ်သုံးတင်မကဘဲ ကိုယ့်ရဲ့ EV Car အတွက်ပါ လိုအပ်တဲ့ Solar Solution မျိုးကို ရှာနေတဲ့ မိတ်ဆွေတို့အတွက် အသင့်တော်ဆုံး အကြံပြုချက်အချို့ မျှဝေပေးချင်ပါတယ်။🤗
အိမ်သုံးနဲ့ EV ကို Solar System ပြောင်းသုံးလိုက်နဲ့အခါ
Zero Fuel Cost: ဆီဆိုင်တန်းစီစရာမလိုတော့သလို၊ ဆီဖိုးလည်း တစ်ပြားမှ မကုန်တော့ဘူး။
Energy Independence: မီးပျက်တာ၊ မီးအားမပြည့်တာတွေကို စိတ်ပူစရာမလိုတော့ဘဲ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသေးစားလေး ရှိနေသလိုမျိုးပါပဲ။
Eco-Friendly: သန့်ရှင်းတဲ့စွမ်းအင်ကို သုံးစွဲတာကြောင့် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုပါတယ်။
EV နဲ့ Solar တွဲသုံးရင် Hybrid System က အကောင်းဆုံးပါ နေရောင်ရှိချိန်မှာ နေရောင်ခြည်ကရတဲ့မီးနဲ့ ကားကို အားသွင်းမယ်၊ ပိုတာကို ဘက်ထရီထဲ သိမ်းမယ်၊ မိုးအုံ့တဲ့နေ့တွေမှာ Grid (မီတာမီး) နဲ့ ပေါင်းသုံးမယ်။ ဒါမှသာ ဘယ်အချိန်မဆို စိတ်ချလက်ချ ခရီးထွက်နိုင်မှာပါ။
ဒါ့အပြင် Capacity ကို မြှင့်တွက်ထားပါ အိမ်သုံးအတွက်တင်မဟုတ်ဘဲ EV ပါ အားသွင်းမှာဖြစ်တဲ့အတွက် 7KW Type-2 charger ကို အသုံးပြုရန် 8KW Hybrid System ကနေ 12KW ဝန်းကျင်အထိ တပ်ဆင်တာက အသင့်တော်ဆုံးပါ။
Solar အချပ် 20, 12kw inverter + 300ah Back Up Battery တပ်ဆင်လိုက်ရင် Solar ဖြင့် EV car charging အတွက်တင်မဟုတ်ဘဲ အိမ်တစ်လုံးစာ aircon, မီး, ရေခဲသေတ္တာ နှင့် အခြားသောလိုအပ်ချက်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
EV နဲ့ အိမ်သုံးအတွက် စိတ်ချရတဲ့ Solar Solutions အတွက် Eco Energy မှာ အခမဲ့ တိုင်ပင်ဆွေးနွေးကာ တပ်ဆင်နိုင်ပါပြီ။
#ဆီပြဿနာ
19/02/2026
Solar ဆိုတာ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို စုပ်ယူတာဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
❌ နှစ်ခုလုံးမရှိရင် သုံးလို့မရပါဘူး
Solar ပြားတစ်ခုတည်း တပ်ဆင်ထားရုံနဲ့တော့ လျှပ်စစ်ပစ္စည်းတွေကို တိုက်ရိုက်အသုံးပြုလို့ လုံးဝ(လုံးဝ) မရပါဘူး။
✅ အနည်းဆုံးတော့ Inverter တစ်ခု ရှိဖို့လိုပါတယ်
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ AC (220V) နဲ့ မောင်းနှင်တာဖြစ်လို့ Solar ကရတဲ့ DC မီးကို ပြောင်းလဲပေးဖို့ Inverter တော့ အနည်းဆုံး ရှိရပါမယ်။ Inverter ရှိရင်တော့ နေပူနေတဲ့အချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို တိုက်ရိုက် အသုံးပြုလို့ရပါတယ်။
🔋 ဒါဆို Battery ကရော ဘာလို့လိုအပ်တာလဲ?
Inverter ပဲရှိပြီး Battery မပါရင်တော့ နေပူတဲ့အချိန်မှာပဲ သုံးလို့ရမှာပါ။ ညဘက်တွေမှာ သုံးချင်ရင် ဒါမှမဟုတ် မိုးအုံ့နေတဲ့အချိန်မှာပါ မီးအားတည်ငြိမ်ချင်ရင်တော့ စွမ်းအင်သိုလှောင်ပေးမယ့် Battery ပါ တွဲဖက်အသုံးပြုမှ အဆင်ပြေမှာဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ အိမ်သုံး၊ ရုံးသုံးအတွက်⚡💡 အချိန်ပြည့် တည်ငြိမ်တဲ့လျှပ်စစ်စွမ်းအင်ကို ပိုင်ဆိုင်ဖို့အတွက် Solar, Battery နဲ့ Inverter Set လိုက် တပ်ဆင်ဖို့ တိုက်တွန်းပါရစေ။
သင့်တင့်တဲ့စျေးနှုန်း၊ အရစ်ကျဝယ်ယူမှုစနစ်သာမက After Sale Service နဲ့ အပြည့်အဝတာဝန်ယူမှုရှိတဲ့ Eco Energy ကိုသာ ရွေးချယ်ပါ။
လူကြီးမင်းတို့အတွက် Solar, Battery & Inverter တပ်ဆင်မှုတွေ၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး သိလိုသမျှကို စိတ်ကြိုက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
📩 Messenger ကနေဖြစ်စေ
📞 09 966999803, 09 966999804
ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါပြီ။
30/01/2026
သင့်လုပ်ငန်းမှာ Solar တပ်ဖို့လိုနေတဲ့ အကြောင်းပြချက် (၃) ချက်
Eco Energy မှတပ်ဆင်ပေးတဲ့ Project တွေထဲက တစ်ခုကို အခြေခံလို့ Solar တပ်ကိုတပ်ရမယ့် လက်တွေ့ကျကျ အကြောင်းပြချက်(3)ခုကို လုပ်ငန်းရှင်လူကြီးမင်းတို့အတွက် Eco Energy မှအကြံပေးပြောပြသွားမှာပါ။
တောင်ကြီး Royal Star Hotel မှာ Eco Energy မှ 50kW Solar Power & Backup System တစ်ခုကိုတပ်ဆင်ပေးခဲ့ပြီးနောက် မူလ Meter Bill ကျပ်သိန်း (80) ကနေ ကျပ်သိန်း(40) အထိ စုစုပေါင်း (50%) တောင် လျှော့ချနိုင်ခဲ့ပါတယ်။
✅လူကြီးမင်းတို့ရဲ့အသုံးစရိတ်တွေကို ဒီလိုပမာဏတစ်ခုအထိသိသိသာသာလျှော့ချနိုင်တာက Solar တပ်ကိုတပ်သင့်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုကိုပိုမြင်သာစေပြီး ရေရှည် Budget Plan မှာလည်း နောက်ပိုင်း Outcome သိသိသာသာလျော့ကျသွားစေမှာပါ။
✅နောက်ထပ်တစ်ချက်အနေနဲ့ကတော့ အချိန်ပြည့်လျှပ်စစ်မီးရရှိပြီး ကြန့်ကြာမှုမရှိ လုပ်ငန်းတွေပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ပဲဖြစ်ပါတယ်။အထူးသဖြင့် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ထည့်သွင်းစဥ်းစားရမှာက ကိုယ့်ရဲ့ဟိုတယ်မှာ (24) နာရီမီးပေးနိုင်တယ်ဆိုတဲ့အချက်က ဧည့်သည်အသစ်တွေကို ပိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။
✅နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ သန့်ရှင်းကျန်းမာဖို့သာမက ဆူညံသံကင်းပြီး ပိုတိတ်ဆိတ်အေးချမ်းတဲ့လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမျိုးဆိုတာ သန့်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်နေဖို့သာမက တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။
Solar တပ်လိုက်တယ်ဆိုတာ ရေရှည်အတွက် လူကြီးမင်းတို့ရဲ့လုပ်ငန်းအသုံးစရိတ်၊ လုပ်ငန်းစဥ်တွေအတွက်ပါ အထောက်အကူဖြစ်စေရုံသာမက တခြားလုပ်ငန်းတွေထက်သာလွန်တဲ့ အားသာချက်တစ်ခုဖြစ်လာပြီး ပိုများတဲ့ Income တွေကိုပါ ယူဆောင်လာပေးနိုင်မှာပဲဖြစ်ပါတယ်။
26/01/2026
တိုက်ခန်းမှာနေလို့ ဆိုလာပြားတပ်ဖို့ နေရာမရှိဘူးလား❓
အိမ်နီးချင်းတွေရှိလို့ ဆူညံတဲ့ မီးစက်တွေ သုံးရခက်နေသလား❓
ဒါဆိုရင်တော့... ဆိုလာပြားမလိုဘဲ မီးပြတ်ချိန်အတွက် စိတ်အေးရမယ့် Energy Backup System ကို ရွေးချယ်လိုက်ပါ။
Eco Energy ရဲ့ Battery + Inverter Set က လူကြီးမင်းတို့အတွက် အကောင်းဆုံး အဖြေဖြစ်မှာပါ။
✅ ဘယ်လိုအလုပ်လုပ်သလဲ?
မီးလာချိန်: ပုံမှန်လျှပ်စစ်မီးကနေ Battery ကို အလိုအလျောက် အားသွင်းထားမယ်။
မီးပျက်ချိန်: သိုလှောင်ထားတဲ့ စွမ်းအင်ကို Inverter ကတစ်ဆင့် အိမ်သုံးလျှပ်စစ်အဖြစ် ပြောင်းလဲပြီး ချက်ချင်း အသုံးပြုနိုင်မယ်။
✅ ဘာကြောင့် သုံးသင့်တာလဲ?
နေရာမရွေး တပ်ဆင်နိုင်ခြင်း: ခေါင်မိုးနေရာ မလိုတဲ့အတွက် တိုက်ခန်းနဲ့ အထပ်မြင့် အဆောက်အအုံတွေအတွက် အထူးအဆင်ပြေပါတယ်။
ဆူညံသံ လုံးဝမရှိခြင်း: မီးစက်သံတွေ၊ မီးခိုးငွေ့တွေကြောင့် ပတ်ဝန်းကျင်ကို အားနာစရာ မလိုတော့ဘူးပေါ့။
စရိတ်သက်သာခြင်း: ဆီဖိုးကုန်သက်သာပြီး မီးစက်တွေလို ခဏခဏ ပြင်နေရတဲ့ ဒုက္ခကနေ ကင်းဝေးစေပါတယ်။
လူကြီးမင်းတို့အတွက် Solar, Battery & Inverter တပ်ဆင်မှုတွေ၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး သိလိုသမျှကို စိတ်ကြိုက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
📩 Messenger ကနေဖြစ်စေ
📞 09 966999803, 09 966999804
ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon