Hsu

Hsu

Share

12/10/2021

Toner အကြောင်းသိကောင်းစရာ(7)ချက်

1. Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။

2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်လို့ပါ။ပြီးတော့ မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။

3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။

4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive အသားအရည်တော်တော်များများနဲ့လဲ အဆင်ပြေပါတယ်နော်။

5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲသစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုးဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့ PH level ကိုပြန်ရအောင် Toner က ပုံမှန်ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။

6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို စိုစွတ်အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ပါ ပါတာကြောင့် moisturizer တစ်ခုလိုလဲ ပေးစွမ်းနိုင်ပါတယ်။

7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို သက်သာစေနိုင်သေးတယ်တဲ့ချစ်တို့

အလှအပအကြောင်းလေးတွေလဲတင်ပေးမှာမို့Pageလေးကိုlike&followလုပ်ထားပေးပါနော်

Photos from Hsu's post 10/10/2021

#ဝက်ခြံ_ဆားဝက်ခြံနဲ့_ချွေးပေါက်ကျယ်တာအပြင်အသားရေလှဖို့တွက်_ခရမ်းချဥ်သီးလေးကလုပ်ဆောင်ပေးတာရော သိကြရဲ့လား

ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။

ဒါကြောင့် #အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။

မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။

ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် ..

၁။ #မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြားပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။

ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂မိနစ်ခန့် နှစ်ထည့်ထားပါ ။

ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။

၂။ #နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ ။

ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။

ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။

၃။ #အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး

သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။

သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ ။

၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။

၄။ #ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သံပုယိုသီး

ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။

ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်လိုက်ပါ။

ထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ ။ ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။

ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ ။

၅။ #ဝက်ခြံတွေအတွက်ခရမ်းချဉ်သီး
မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။

သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။ တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ ပွတ်လိုက်ပါ ။

ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။တစ်ပါတ် ၃ကြိမ် ပြုလုပ်ပေးရမှာပါ။

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ် ။

ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။

မှတ်ချက် ။ ။ အထက်ဖော်ပြပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ မျက်နှာသစ်ထားဖို့တော့ လိုပါမယ်။
ဗဟုသုတလည်းတိုးရင်းအလှလည်းတိုးပါစေရှင့်😍

22/09/2021

ဝက်ခြံ/ဆားဝက်ခြံနဲ့အမဲစက်ပြသနာရှိတဲ့သူတေအတွက်အသင့်တော်ဆုံးဆပ်ပြာ lana soapလေး❣❣
မယ်လနင်ပါဝင်လို့ဝက်ခြံကြောင့်ဖြစ်တဲ့အရေပြားရောင်ရမ်းမှုနဲ့အနီစက်တေကိုလျော့စေတယ်✅
တခဲမှ6500နဲ့2လလောက်အသုံးတယ်နော်😊
8ခဲကစpကိုယ်စားလှယ်ဝင်လို့ရပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon