Future Stars Football Training

Future Stars Football Training

Share

🏆 AFC Best Grassroots Club Award 2025
🏅 MFF Special Grassroots Award 2025

⭐Nurturing Future Stars aged 7–15 through quality grassroots football, discipline & passion ⚽✨
Since 2019, across 14 classes in Yangon, we’ve shaped 4,000+ young football dreams.

26/06/2026

🏆⚽️ Future Stars Football Training ၏ နွေရာသီဘောလုံးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး ⚽️🏆

Future Stars Football Training ၏ Summer Football Classes 2026 ဆုပေးပွဲအခမ်းအနားကို 14.6.2026 ရက်နေ့တွင် StarCity Sports Club ရှိ Sunset Field ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

မိုးဦးရာသီ၏ မိုးသည်းထန်စွာ ရွာသွန်းမှုများကြားမှပင် Future Stars လေးများ၏ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုများနှင့် မိဘများ၏ တစ်ခဲနက် အားပေးမှုများကြောင့် "Future Stars Skill Challenge" ပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ 🌧️⚽️

ယခု နွေရာသီဘောလုံးသင်တန်းတွင် တန်းခွဲ (၁၂) ခုမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ လေ့ကျင့်ရေးကာလတစ်လျှောက် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ဘောလုံးသမားလေးများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 🌟

🙏 အထူးကျေးဇူးတင်ရှိခြင်း
ယခု နွေရာသီသင်တန်းများနှင့် ဆုပေးပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော -
⚽️ သင်တန်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ
⚽️ Future Stars Football Training မှ နည်းပြဆရာများနှင့် တာဝန်ရှိသူများ
📸 အခိုက်အတန့်များကို မှတ်တမ်းတင်ရိုက်ကူးပေးခဲ့သော Blade Photography
🥤🏅 ဆုတံဆိပ်များနှင့် Recharging Drinks များအား ပံ့ပိုးကူညီပေးခဲ့သော Royal D
🏟️ အခမ်းအနားကျင်းပရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော StarCity Sports Club မှ တာဝန်ရှိသူများ
အားလုံးကို Future Stars Football Training မိသားစုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

📌 အနူးအညွတ် တောင်းပန်အပ်ခြင်း
အခမ်းအနားကျင်းပနေစဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ဆုပေးရန် အရေးပေါ် နေရာပြောင်းလဲကျင်းပခဲ့ရပါသည်။ နေရာထိုင်ခင်း အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် Future Stars Football Training မှ အနူးအညွတ် တောင်းပန်အပ်ပါသည်။

⛈️⚽️ မိုးရာသီဘောလုံးသင်တန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိ

နွေရာသီသင်တန်းများ ပြီးဆုံးသွားသော်လည်း Future Stars လေး များ၏ ဘောလုံးစွမ်းရည်နှင့် ကိုယ်ကာယကြံ့ခိုင်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးရာသီဘောလုံးသင်တန်းများကို ရန်ကုန်မြို့နယ်အသီးသီးရှိ မိုးလုံလေလုံကွင်းများနှင့် မြက်ခင်းတုကွင်းများတွင် တန်းခွဲ (၁၂) ခုဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဘောလုံးအားကစားကို စနစ်တကျ သင်ယူလိုသော အသက် (၇) နှစ်မှ (၁၅) နှစ်အရွယ် ကလေးငယ်များအတွက် စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။

☎️ 09-405276076

Photos from Future Stars Football Training's post 24/06/2026

🏆 စိန်ခေါ်မှုတွေကြားက အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ "Future Stars Skill Challenge Final ပွဲစဥ်များ" 🏆

​မိုးဦးရာသီရဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေက Future Stars လေးတွေရဲ့ ဘောလုံးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပါဘူး! 🌧️⚽️

​မိဘများရဲ့ တစ်ခဲနက်အားပေးမှု၊ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ "Future Stars Skill Challenge" ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဥ် ကို StarCity Sports Club ရှိ Sunset Field ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်

​🎯 ပြိုင်ပွဲ၏ ရည်ရွယ်ချက်နှင့် ထူးခြားချက်များ
​ဒီပြိုင်ပွဲကို ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ ဘောလုံးစွမ်းရည် (Football Skills) များ ပိုမိုမြင့်မားလာစေရန် နှင့် ၎င်းတို့ လေ့ကျင့်ထားသမျှကို စနစ်တကျ ပြသခွင့်ရရှိစေရန် ဖြစ်ပါတယ်။
​ပွဲစဉ်တစ်လျှောက်လုံးမှာ Future Stars လေးတွေဟာ မိမိတို့ရဲ့ Skill တွေကို အားကြိုးမာန်တက် ထုတ်ဖော်ပြသပြီး အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။

​🥇 ဂုဏ်ပြုဆုချီးမြှင့်ခြင်း
​ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းရည်ပြသပြီး ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့ကြတဲ့ အရည်အချင်းရှိတဲ့ ကလေးငယ်များကိုလည်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းများကို ပြသခဲ့တဲ့ Future Stars လေးများအားလုံးကို FSFT မိသားစုမှ အထူးပင် ဂုဏ်ယူမိပါတယ်။

​🙏 အထူးကျေးဇူးတင်လွှာ
​ယခုပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော -
⚽️ သင်တန်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ
⚽️ Future Stars Football Training မှ နည်းပြဆရာများနှင့် တာဝန်ရှိသူများ
📸 အမှတ်တရအခိုက်အတန့်များကို မှတ်တမ်းတင်ရိုက်ကူးပေးခဲ့သော Blade Photography
🥤🏅 ဆုတံဆိပ်များနှင့် Recharging Drinks များအား ပံ့ပိုးကူညီပေးခဲ့သော Royal D
🏟️ အခမ်းအနားကျင်းပရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော StarCity Sports Club မှ တာဝန်ရှိသူများ
အားလုံးကို Future Stars Football Training မိသားစုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ရှေ့ဆက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့အတူ ကလေးတို့ရဲ့ အနာဂတ်ကို ပြုစုပျိုးထောင် ပေးသွားဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်

သင်တန်းအကြောင်း အသေးစိတ်စုံစမ်းရန်
📲 09405276076 ကို ဆက်သွယ်နိုင်ပါတယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00