Dr. On Call

Dr. On Call

Share

18/09/2025

သွေးတိုးရောဂါ၏လက္ခဏာများ

သွေးတိုးရောဂါကို "တိတ်ဆိတ်သော လူသတ်သမား" (Silent Killer) ဟုခေါ်ကြပြီး အကြောင်းမှာ ရောဂါအစပိုင်းတွင် ထင်ရှားသော လက္ခဏာများ ပြသလေ့မရှိပါ။ လူအများစုသည် နှစ်ပေါင်းများစွာ မသိရှိဘဲ နေထိုင်မိတတ်ကြပါတယ်။

ဖြစ်လာနိုင်သော လက္ခဏာအချို့မှာ -

· ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
· မောပန်းနွမ်းနယ်ခြင်း
· မူးဝေခြင်း
· နှာခေါင်းသွေးယိုခြင်း
· အမြင်ဝါးခြင်း သို့မဟုတ် နှစ်ထပ်မြင်ခြင်း
· ရင်ဘတ်အောင့်ခြင်း
· အသက်ရှူကျပ်ခြင်း
· နှလုံးခုန်မမှန်ခြင်း

မှတ်ချက်။။ ဤလက္ခဏာများ ပေါ်လာပါက သွေးတိုးရောဂါသည် အဆင့်မြင့်နေပြီး နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နေနိုင်သောကြောင့် ဆရာဝန်နှင့် အမြန်ဆုံးပြသရန် အရေးကြီးပါတယ်။

( ယခု post လေးမှ သင်ဗဟုသုတ ရတယ်ဆိုရင် သင့် မိဘ ဆွေမျိုး သူငယ်ချင်း တွေ ဖတ်လို့ရအောင် share လေးနှိပ်သွားပါ။ နောင် ယခုလို ဗဟုသုတ ရမည့် အ ကြောင်းအရာလေးတွေ ဖတ်ရှုနိုင်ဖို့ Dr. On Call page ကို Like & follow လေး လုပ်ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်။ )

🙏 အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ စေ🙏

Dr. On Call

☎️09 4500 92929

31/08/2025

#ပါရာစီတမောအကြောင်းတစေ့တစောင်း အပိုင်း-၁

ပါရာစီတမော ကိုတစ်နေ့အများဆုံး သောက်သုံးနိုင်တဲ့ ပမာဏဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ် စတာတွေပေါ် မူတည်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ညွှန်ကြားချက်တွေကတော့ ရှိပါတယ်။

ကျန်းမာရေးကောင်းတဲ့ လူကြီးတစ်ယောက်အတွက်

👉 တစ်နေ့တာ ပမာဏ (၂၄ နာရီအတွင်း) ၄,၀၀၀ မီလီဂရမ် (mg) ထက် မပိုသင့်ပါဘူး။

👉 တစ်ကြိမ်တည်းသောက်တဲ့ပမာဏ ပုံမှန်အားဖြင့် ၅၀၀ မှ ၁၀၀၀ mg အထိသောက်လေ့ရှိပြီး တစ်ကြိမ်နဲ့တစ်ကြိမ် အနည်းဆုံး ၄ နာရီခြား (သို့) ၆ နာရီခြား သောက်သင့်ပါတယ်။

( ယခု post လေးမှ သင်ဗဟုသုတ ရတယ်ဆိုရင် သင့် မိဘ ဆွေမျိုး သူငယ်ချင်း တွေ ဖတ်လို့ရအောင် share လေးနှိပ်သွားပါ။ နောင် ယခုလို ဗဟုသုတ ရမည့် အ ကြောင်းအရာလေးတွေ ဖတ်ရှုနိုင်ဖို့ Dr. On Call page ကို Like & follow လေး လုပ်ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်။ )

🙏 အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ စေ🙏

Dr. On Call

☎️09 4500 92929

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon