Square Digital Design
24/05/2024
လုပ်ငန်းရှင်တို့ သတိပြုရမယ့် Spam Message
ခုတော်တော်များများတွေ့နေရတဲ့ Spam Message တွေကြောင့် Page Admin တွေ စိတ်ရှုပ်နေကြရတာပေါ့...
ဒါပေမယ့် ဒီ Message တွေဟာ ပေါ့ပေါ့တန်တန် တွေးလို့မရပါဘူး။ အမှု့မဲ့အမှတ်မဲ့ဆို တစ်ခါတစ်ရံ ကိုယ်တင်ထားတဲ့ Post ကပဲ Copyright ညိသလိုလို Meta Business ကပဲ စာပို့သလိုလိုနဲ့ Link တွေ ပို့တတ်ပါတယ်။ ဒီ Link တွေကို နိုပ်လိုက်လျှင် ကိုယ့် Facebook Username နဲ့ Password ကိုတောင်းပါတယ်။ အဲ့ချိန်မှာသာ Password ရိုက်ထည့်လိုက်ရင်
တော့ မိတ်ဆွေတို့ရဲ့ အဖိုးတန် Page လေးတွေ Hack ခံရနိုင်ပါတယ် ပြန်ရနိုင်ဖို့ ခက်ပါလိမ့်မယ်....
ဒါကြောင့် ဒီလို Spam Message တွေ ဝင်လာရင် ချက်ချင်း Spam လုပ်ပြီးတော့ ဘယ်တော့ ဝင်မကြည့်ပါနဲ့ တိုက်တွန်းရင် Page Hack ခံရခြင်း ရန်မှ ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
13/05/2024
ပထမဆုံးခြေလှမ်းနဲ့ စတင်လိုက်ပါ
ကလေးတစ်ယောက်ဟာ လမ်းလျှောက်တတ်ဖို့အတွက် ဆိုပထမဆုံးခြေလှမ်းကိုစတင်လှမ်းရပါတယ်။
အဲ့လိုပဲ ဘ၀ရဲ့ ကဏ္ဍ အသီးသီးမှာ အောင်မြင်မှုနဲ့ တိုးတက်စေမှုရစေဖို့ ပထမဆုံးခြေလှမ်းတွေက အရေးကြီးပါတယ် ။
တစ်ခါတစ်လေ ပထဆုံးခြေလှမ်းကို စတင်ဖို့က အခက်ခဲဆုံးဖြစ်နေတတ်ပါတယ်။ကိုယ်လုပ်မယ့်အရာနဲ့ပတ်သတ်ပြီး မရေရာခြင်းတွေ ရလာဒ်တွေကို တွေးကြောက်နေမယ့်အစား ပထမ ခြေလှမ်း လှမ်းလိုက်ခြင်းအားဖြင့် ကိုယ်မရေမရာဖြစ်နေတဲ့ကိစ္စတွေကို ကွဲကွဲပြားပြားသိသွားနိုင်ပါတယ်။
ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ပြီးရင် ရှေ့ဆက်သွားဖို့ တွန်းအားနဲ့ ယုံကြည်မှုတွေရရှိလာမှာပါ။
နောက်ဆုံးအနေနဲ့ပြောရရင် အောင်မြင်နေတဲ့ လုပ်ငန်းတွေ ၊လူတွေ အားလုံးဟာ ပထမဆုံးခြေလှမ်းနဲ့ စတင်ပြီး ဖြတ်ကျော်လာနိုင်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ပဲ ပထမဆုံးခြေလှမ်းနဲ့စတင်လိုက်ပါ။
Telegram,Viber - 09 967 482 166
06/05/2024
Brand တစ်ခုကို မြင်ပါများရင် ချစ်ကျွမ်းဝင်လား....
နေ့စဥ်မပျက် အွန်လိုင်း Platform တွေပေါ်မှာ ကြော်ငြာတွေအများကြီးပေါ်ပေါက်နေတဲ့အချိန်မှာ မိမိတို့ရဲ့ Business ကို လူတွေ မှတ်မိဖို့ဆိုရင် များများမြင်တွေ့ဖို့ လိုပါတယ်..
ကိုယ့်ရဲ့ Audience ကိုများများမြင် ခဏခဏမြင်တွေ့ဖို့ လုပ်ဆောင်နဲ့အခါမှာ Post တစ်ခုနဲ့တစ်ခုက Visual ပိုင်းတွေတူညီမှုရှိမနေဘူးဆိုရင် မှတ်မိဖို့ မလွယ်ပါဘူး..
ဥပမာ - ကိုယ့် Page မှာတင်တဲ့ Photo တွေက အပြာရောင် Theme တွေ Color တွေ အပြင် တူညီတဲ့ Guideline တစ်ခုအောက်ကနေ သွားမှသာ ''သြော်....ဟို အပြာရောင်လေးနဲ့ Electronic Page လေ'' စသဖြင့် အရောင် ဒါမှမဟုတ် Theme, Element တို့နဲ့ တွဲဖက်ပြီး မှတ်မိနေမှသာ စွဲမြဲနေမှာပါ...
အနှစ်ချုပ်ပြောရမယ်ဆိုရင် မြင်ပါများရင် ပြီးရောဆိုပြီး တစ်ပုံမှာ အဝါရောင် နောက်တစ်ပုံမှာ အပြာရောင် လုပ်ရင်တော့ ရောင်းတာတော့ရောင်းရပါလိမ့်မယ် စွဲမြဲကျွမ်းဝင်ဖို့ ဖို့မလွယ်ပါဘူး.. လုပ်ငန်းရှင် မိတ်ဆွေတို့အတွက် တွေးစရာလေးတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ..
မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် လိုအပ်သော Visual ပိုင်းများကို Square Digital Design မှာ အသေးစိတ် စုံစမ်းနိုင်ပါသည်...
Video
31/01/2024
Square Digital Design မှ Sein Shwe Myanmar Co;.Ltd. ကို Design ဝန်ဆောင်မှု ပေးခဲ့သော လက်ရာများ..ဖြစ်ပါတယ်....
မိတ်ဆွေတို့လုပ်ငန်းအတွက် လှပသေသပ်သော Graphic Design များ လိုအပ်လာပါက Square က ဝန်ဆောင်မှုတွေက မိတ်ဆွေတို့အတွက်ပါ..
Enhance Your Business With Square
25/12/2023
Merry Christmas to you all..
☃❄☃⛄
Click here to claim your Sponsored Listing.