Appician
08/03/2026
"ကွန်ပျူတာသိပ္ပံ (Computer Science) ဆိုတာ ဘာလဲ?"
"ကွန်ပျူတာသိပ္ပံဆိုတာ ကွန်ပျူတာစက်ပစ္စည်းတွေအကြောင်း မဟုတ်ပါဘူး။ နက္ခတ္တဗေဒဟာ တယ်လီစကုပ် (အဝေးကြည့်မှန်ပြောင်း) တွေအကြောင်းသက်သက် မဟုတ်သလိုပါပဲ။" — Edsger Dijkstra
ဒီကိုးကားချက်က ကွန်ပျူတာသိပ္ပံရဲ့ အနှစ်သာရကို အထိမိဆုံး ဖွင့်ဆိုထားတာပါ။ နက္ခတ္တဗေဒပညာရှင်တွေဟာ ကြယ်တွေကို လေ့လာဖို့ တယ်လီစကုပ်ကို "Tool" တစ်ခုအနေနဲ့ သုံးရသလိုပဲ၊ ကျွန်တော်တို့ ကွန်ပျူတာသိပ္ပံပညာရှင်တွေအတွက်လည်း ကွန်ပျူတာဆိုတာ ရှုပ်ထွေးတဲ့ ပြဿနာတွေကို အပိုင်းပိုင်းခွဲပြီး တွက်ချက်ဖို့ အသုံးချရတဲ့ ကိရိယာတစ်ခုသာ ဖြစ်ပါတယ်။
ကွန်ပျူတာသိပ္ပံရဲ့ တကယ့်အဓိပ္ပာယ်က "တွက်ချက်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတဲ့ အနုပညာ (The Art of Solving Computational Problems)" ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တွက်ချက်နိုင်စွမ်း (Computing power) တွေ အဆင့်မြှင့်နေပေမဲ့ ဒါကို ထိထိရောက်ရောက် အသုံးချတတ်တဲ့သူကတော့ အလွန်ရှားပါးနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ Computational Thinking ဆိုတဲ့ အတွေးအခေါ်ပုံစံ ရှိဖို့လိုအပ်ပါတယ်။ ဒါဟာ ပြဿနာတွေကို ကွန်ပျူတာနဲ့ တွက်ချက်လို့ရတဲ့ စနစ် (Computable systems) တွေအဖြစ် ပြောင်းလဲစဉ်းစားတတ်တဲ့ Framework တစ်ခုပဲ ဖြစ်ပါတယ်။
ဒီပညာရပ်ကို ထောက်တိုင်ပေးထားတဲ့ အဓိကမဏ္ဍိုင် (၃) ခု ရှိပါတယ် -
• Logic & Basics: Flowcharts တွေ၊ Pseudocode တွေသုံးပြီး မိမိရဲ့ စဉ်းစားတဲ့အရာတွေကို ပုံစံချတဲ့အရာဖြစ်ပါတယ်။ ယုတ္တိဗေဒ (Logic) ကို သုံးပြီး ဘယ်အရာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုတာကို တိတိကျကျ ဆုံးဖြတ်နိုင်တဲ့ "Toolbox" တစ်ခုပါပဲ။
• Strategy: အဓိက နည်းဗျူဟာကတော့ "ခွဲခြမ်းပြီး အောင်နိုင်ခြင်း (Divide and Conquer)" ဖြစ်ပါတယ်။ ရန်သူကို အင်အားချည့်နဲ့အောင် အပိုင်းပိုင်းခွဲပစ်သလိုမျိုး၊ ကြီးမားတဲ့ ပြဿနာတွေကို သေးငယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲထုတ်လိုက်ရင် အလွယ်တကူ ဖြေရှင်းသွားနိုင်တဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။
• Complexity (Big-O): အဖြေတစ်ခုရရုံနဲ့ မလုံလောက်ပါဘူး။ Input တွေ များလာတဲ့အခါမှာ ကြာချိန်နဲ့ Memory ဘယ်လောက် သုံးမလဲဆိုတာကို Big-O notation နဲ့ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့ ဆိုးကျိုး (Bad surprises) တွေ မဖြစ်အောင် အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Steve Jobs ပြောခဲ့သလိုပဲ "ကွန်ပျူတာပရိုဂရမ် ရေးတတ်အောင်သင်တာဟာ စဉ်းစားတွေးခေါ်ပုံကို သင်ပေးတာ" ဖြစ်ပါတယ်။
ဒါကြောင့် ကွန်ပျူတာသိပ္ပံဆိုတာ စက်ပစ္စည်းတွေထက် ပိုအရေးကြီးတဲ့ လူသားတွေရဲ့ စဉ်းစားတွေးခေါ်ပုံကို မြင့်မားစေတဲ့ ပညာရပ်ပဲ ဖြစ်ပါတယ်။
Feels like Mr. Robot
Wild life of programmers!! 😎😎
UI in Motion