Chit Su Aung

Chit Su Aung

Share

30/12/2020

၂၀၂၀...

မြို့ပေါ် တရွရွ တက်လာသော ပိုးမွှားများ ကြား
လူဟာ လူ နဲ့ လူချင်း ခွါလို့
စိတ် နဲ့ စိတ်ချင်း မကွာအောင်
အားထုတ်နေကြရတဲ့ ၂၀၂၀...

တယ်လီဖုန်း ခေါ်သံတွေဟာ နေ့မြင် ညပျောက် ပဲ••!

ကိုယ့်ဘေးနားက လူက ဆက်သွယ်မှု ဧရိယာ ပြင်ပကို အချိန်မရွေး ရောက်သွားနိုင်တဲ့
ခေတ်​ကြီးထဲ •••
ကိုယ် ချစ်တာကို သူအိပ်ပျော်နေတော့မှ ပြော! ဆိုတဲ့
အတ္တညှော်နံ့ ထွက်နေတဲ့ အယူအဆတွေကို
နားမယောင်မိလေနဲ့••!
အနည်းဆုံးတော့ ့ ဖုန်းချခါနီး
" မေမေ့ကို သားချစ်တယ် နော် ..ဟီး ••" ဆိုတဲ့
ရူးသလို ပေါသလို အသံလေးနဲ့ပဲ ဖြစ်ဖြစ် ပေါ့••!

၂၀၂၀•••
ဒီနေ့ နတ်သား ဖြစ်
နောက်နေ့ နတ်သတ်ကြွေ !
အကိုင်းဆတ်တဲ့ သစ်ခြောက်ပင်လိုပဲ
ဘဝတွေဟာ ••!

တစ်ခါတစ်ရံ
စိတ်က စက်လိုပဲ
ပျက်တတ်တယ် ••။

လက်ကျန်ရက်လေးအတွင်း
တစ်ချို့ အပျက်တွေကို ပြင်
တစ်ချို့ အပျက် တွေကို အပြီး ထားခဲ့
စိတ်ကို restart လုပ်!

ဒီလိုပဲ
ကိုယ့်ကိုကိုယ် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့
ဆက်သွားမယ် ၂၀၂၁ ••!

၂၀၂၁ ••
ကျက်သရေ မင်္ဂလာရှိမှုဟာ လူတိုင်းနဲ့ ထိုက်တန်တယ်
လမ်းအသစ်တွေပေါ် လျှောက်ခွင့် မရှိတဲ့ လူအဟောင်း
ရယ်လို့ မရှိဘူး
ကောင်းတဲ့ အရာတွေကို လုပ်ချင်စိတ် ပိုများနေဖို့ ပဲ ••။

ကိုယ်က လိုချင်နေဖို့သာ လိုတာပါ ••
ကိုယ်လိုချင်စိတ် အားကြီးတဲ့ အရာတွေကိုပဲ
ကိုယ့်ဆီ ရောက်လာလေ့ရှိတာကိုက
လောကသဘာဝ ...

လိုချင်စိတ်ကြီးတစ်ခုနဲ့ လောင်မြိုက်နေဖို့တော့
မဟုတ်ဘူးပေါ့ ...
ကိုယ့်ရဲ့ အကောင်းမြင်စိတ်ကလေးနဲ့
ကိုယ်ခူးဆွတ်ချင်တဲ့ သစ်သီးလေးတွေကို
မျက်ခြေမပြတ်ရုံဆို ရပြီလေ••

ဒီလိုဆို မလိုချင်တဲ့ အရာတွေ
ကိုယ့်ဆီ ရောက်လာတတ်တာကရော ...လို့
ကပ်သပ်မတွေးပါနဲ့ ..!

တစ်မျိူးတည်းပဲ လိုချင်ရင်
ကိုယ့်ရှိတဲ့ ခြေတစ်ဖက်
လက်တစ်ဖက်
မျက်လုံးတစ်လုံး
နားတစ်ဖက် ကိုလည်း ဖြတ်ထုတ်ပစ်လိုက်လေ!

မလိုတာတွေ ဖြတ်တောက်ပစ်ဖို့
လောကဓံဟာ ဓါးရှစ်ချောင်း တောင်
လက်ဆောင် ထည့်ပေးထားတာပဲ !

ဒီလို အဆိုးတွေမှ မရှိရင်
ဘုရား ဖြစ်အောင် အားထုတ်မယ့်
ဘုရားလောင်းစိတ်လည်း ရှိလာမယ် မထင်ဘူး..။
ဂျီးဆပ် လည်း ငယ်ငယ်က ဒီပရက်ရှင်တော့ ရဖူးမှာပဲ ••

ငါ မသဘေူး
ရေကူးတတ်တယ် ဆိုပေမယ့်

တစ်သက်လုံး ကိုယ်ဖော့ ထားနိုင်တဲ့ သူ
ဘယ်ရှောင်လင် ကျောင်းကမှ မထွက်သေးဘူး။

အဲဒီတော့ မြုပ်ပါစေ ..
မြုပ်သွားတာက ပြဿနာမဟုတ်ဘူး
ပြန်တက် မလာတာကသာ တစ်ကယ့်ပြဿနာ !

ဒီတော့ ..
အရာရာကို ခပ်ဖျော့ဖျော့လေးပဲ ခံယူတတ်တဲ့
ကိုယ့်စိတ်ကို ကိုယ် သူငယ်ချင်းပေါင်း ပေါင်းလို့
၂၀၂၁ ဆိုတဲ့ လမ်းမပေါ် ပြန်တက် ..!

ပိုပြီး စင်ကြယ်လာတဲ့ စိတ်နဲ့ရုပ် က ဖန်တီးမယ့်
အကြောင်းတရားတွေကြောင့်
ပိုပြီး ဖွံ့ဖြိုးတိုးတက် လာစေမယ့် အကျိုး တရားတွေ
​ရောက်လာမယ် ဆိုတဲ့ ယုံကြည်မှုမျိုး ဟာ
လူတိုင်း ထားကောင်းတဲ့ မျှော်လင့်ချက်ပဲ !

မျှော်လင့်ချက် ဆိုတာ
ကာကွယ်ဆေး တစ်မျိုးပဲ !
လိုအပ်တယ်••။

မလိုလားအပ်တဲ့ အညစ်တရားတွေ
ကိုယ့်ဆီ အလွယ်တကူ စိမ့်ဝင် မကူးစက်ဖို့ဆို
ကိုယ့် ရုပ်ခန္ဓာ အတွက်ရယ်မှ မဟုတ်ဘူး
ကိုယ့်စိတ် အတွက်လည်း လိုအပ်တာပဲ ...

အဲဒီလို
စိတ် ရော ရုပ်ရော ကာကွယ်ဆေးထိုးထားတဲ့သူတွေ လျှောက်နေမယ့် ၂၀၂၁ လမ်းမကြီးဟာ
အခုထက်ပိုပြီး ပျော်စရာ ကောင်းမှာပါ •••။

အဲဒီလိုပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား ••
၂၀၂၁•••မှာ ။

ဘုဏ်းသိုက်
၃၀ ဒီဇင်ဘာ ၂၀၂၀
ရန်ကုန်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon