Work Visa
20/09/2025
育成就労 - Ikusei shūrō
𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭
➣ နိုင်ငံခြားသားလုပ်သားတွေကို အနိုင်ကျင့်အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေဆီကနေ လုပ်သားတွေ ထွက်ပြေးပျောက်ဆုံးမှုနှုန်း မြင့်တက်စေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ပြီးနောက် အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေး စနစ်သစ်တခုကို မူကြမ်းရေးဆွဲ၍ အစိုးရက ပညာရှင်များနဲ့ ထပ်မံဆွေးနွေးပြီး 2025 December လောက်တွင် အတည်ပြု၍ 2027 April တွင် စတင်ကျင့်သုံးမည်ဟု သိရှိရပါသည်။
➣ အဆိုပါမူကြမ်းအရ နိုင်ငံခြားသားလုပ်သားတွေဟာ သတ်မှတ်ထားတဲ့ လုပ်သက်ပြည့်လျှင် အလုပ်နေရာပြောင်းရွှေ့ခွင့် ရရှိပါမည်။
➣ နိုင်ငံခြားသားလုပ်သားများဘက်က သတ်မှတ်ထားတဲ့ ဂျပန်ဘာသာစကားအရည်အချင်း အပါအဝင် သတ်မှတ်စည်းကမ်းချက်များ ပြည့်မီရပါမည်။
➣ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်သက်တနှစ်ပြည့်သူများကို လစာတိုးမြှင့်ပေးခြင်း၊ အလုပ်ခန့်အပ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရပါမည်။
🟥🟥 လုပ်သက် [2] နှစ်ပြည့်များ
①► 介護 [သူနာပြုစောင့်ရှောက်ရေး]
②► 建設 [ဆောက်လုပ်ရေး]
③► 工業製品製造業 [စက်မှုထုတ်ကုန်ထုတ်လုပ်ရေး]
④► 造船・舶用工業 [သင်္ဘောတည်ဆောက်ရေးနှင့် ပင်လယ်ရေကြောင်းသုံး စက်မှုလုပ်ငန်း]
⑤► 自動車整備 [ကားပြုပြင်ထိန်းသိမ်းရေး]
⑥► 飲食料品製造業 [အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်း]
⑦► 外食業 [စားသောက်ဆိုင်လုပ်ငန်း]
⑧► 資源循環 [သယံဇာတ ပြန်လည်အသုံးပြုရေးလုပ်ငန်း]
🟥🟥 လုပ်သက် [1] နှစ်ပြည့်များ
①► ビルクリーニング [အဆောက်အအုံသန့်ရှင်းရေးလုပ်ငန်း]
②► リネンサプライ [ချည်မျှင်နှင့်အထည်လုပ်ငန်း]
③► 宿泊 [တည်းခိုခန်းလုပ်ငန်း]
④► 鉄道 [မီးရထားလုပ်ငန်း]
⑤► 物流・倉庫業 [သယ်ယူပို့ဆောင်ရေးနှင့် ဂိုဒေါင်လုပ်ငန်း]
⑥► 農業 [စိုက်ပျိုးရေးလုပ်ငန်း]
⑦► 漁業 [ရေထွက်ပစ္စည်းဖမ်းဆီးရေးလုပ်ငန်း]
⑧► 林業 [သစ်တောရေးရာလုပ်ငန်း]
⑨► 木材産業 [သစ်ထုတ်လုပ်ခြင်းလုပ်ငန်း]
𝐑𝐞𝐟 ; 𝐧𝐢𝐩𝐩𝐨𝐧.𝐜𝐨𝐦
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬
10/08/2025
25/06/2025
𝐉𝐋𝐏𝐓 𝐄𝐱𝐚𝐦 𝐉𝐮𝐥𝐲, 𝟮𝟬𝟮𝟱
► Online Test Voucher Color Print ထုတ်ရမည်
► Manual Test Voucher ယူဆောင်လာရမည်
[ဖုန်းဖြင့်ပြသခြင်းအားခွင့်မပြုပါ]
► Test Voucher ရှိ စာဖြေဌာနလိပ်စာများသို့ ..
⁃ N1, N2 Level - 8:00 AM ရောက်ရှိရမည်
⁃ N3, N4, N5 Level - 10:00 AM ရောက်ရှိရမည်
⁃ Test Voucher နှင့် သက်သေခံကတ်ပြားမူရင်း
[မပါရှိပါက Exam ဖြေဆိုခွင့် မရှိပါ]
⁃ မှတ်ပုံတင် [10 / 18] နှစ်ပြည့် အကျုံးဝင်သည်
⁃ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
⁃ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်
[အမည် / မွေးသက္ကရာဇ် မပါက အကျုံးမဝင်]
⁃ မွေးစာရင်း [10 နှစ်အောက်များအတွက်သာ]
⁃ သာသနာဝင်/သာသနာနွယ်ဝင်စိစစ်ရေးကတ်
[ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များ]
⁃ Manual Test Voucher ပျောက်ဆုံး/ပျက်စီးပါက
ဖြေဆိုသည့်နေ့ စာဖြေဌာနရှိ ရုံးခန်းတွင်ထုတ်ယူပါ
[မှတ်ပုံတင်မူရင်းနှင့် ဓါတ်ပုံ [2] ပုံ လိုအပ်သည်]
⁃ သက်သေခံကတ်ပြား/ID မူရင်း ပျောက်ဆုံးပါက၊ [3] လအတွင်း ရပ်ကွက်/ရဲစခန်း ထောက်ခံစာမူရင်း၊ သက်သေခံကတ်ပြား/ID မိတ္တူ [1] စောင်ယူလာပါ
⁃ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ရန်
► ရိုးရိုးခဲတံ 2B, HP
[ဘောပင်၊ ခဲသားပင် အသုံးပြု/ယူဆောင်ခွင့်မရှိ]
► ခဲဖျက်၊ ချွန်စက်၊ ID card၊ မှတ်ပုံတင်၊ လိုင်စင်၊ Passport ဖိုင်အိတ်အကြည်ဖြင့်သာထည့်ရန်
► မှတ်စုစာရွက်၊ စာအုပ်များ စာဖြေခန်းအတွင်းသို့ ယူဆောင်လာခြင်း၊ ခန္ဓာကိုယ်ပေါ်နှင့် အခြားအသုံးအဆောင်များပေါ်တွင် စာများရေးသားမှတ်သားလာခြင်းများမပြုရပါ
► Test Voucher ပေါ်တွင်လဲ မည်သည့်စာမှ ရေးသားမှတ်သားခွင့် မရှိပါ [စာဖြေဆိုစဉ် အကြမ်းရေးသားခြင်းအား မေးခွန်းလွှာပေါ်တွင် ရေးသားနိုင်]
► ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြု
► ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များကို ကျောင်းဝန်းပြင်ပတွင် ထားခဲ့ရမည်
► ဂျပန်စာသား/စကားလုံးများ ပါသော အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်/ယူဆောင်လာခြင်း မပြုရ
► ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာမေးပွဲကျင်းပရေး ကော်မတီမှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ပါ
► ယခုနှစ်မှစတင်ပြောင်းလဲလာသော စည်းကမ်းချက်အရ တယ်လီဖုန်းယူဆောင်လာခြင်းကြောင့် မသမာသူ [Misconduct] ဖြစ်နိုင်ချေနှုန်း မြင့်မားပါသဖြင့် ယူဆောင်လာခြင်းမပြုရန်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက ..
► နှိုးစက် [Alarm] Setting ပိတ်ပါ
► ဖုန်းအား စက်ပိတ်ပါ။ [Vibration Mood, Silent Mood, Airplane Mood ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ]
► Test Voucher ပြသ၍ ကြီးကြပ်ရေးမှူးထံအပ်နှံပါ
► စာဖြေ တချိန်နှင့်တချိန်ကြား ဖုန်းအသုံးပြုခွင့်မရှိ
► စာဖြေချိန်အားလုံးပြီးချိန်တွင် Test Voucher ပြသ၍ ကြီးကြပ်ရေးမှူးထံမှ ပြန်လည်ထုတ်ယူပါ [တယ်လီဖုန်း ပျက်စီး/ပျောက်ဆုံးခြင်းများ လုံးဝ တာဝန်မယူပါ]
► ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြရန်
💪💪💪 ..
သင်တန်းသူသင်တန်းသားများအားလုံး အခက်အခဲမရှိပဲ ဖြေဆိုနိုင်ကြပါစေ ..
𝗪𝗲 𝗔𝗿𝗲 𝗙𝗼𝗿𝗲𝘃𝗲𝗿 ..
𝗷𝐚𝐩𝐚𝐧𝐞𝐬𝐞 𝗹𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐜𝐥𝐚𝐬𝐬 & 𝐨𝐜𝐜𝐮𝐩𝐚𝐭𝐢𝐨𝐧 𝐠𝐮𝐢𝐝𝐞
𝟐𝟒𝟓 တတိယထပ် မြင်တော်သာလမ်းမပေါ် ရုပ်ရှင်ရုံမှတ်တိုင် မီးသတ်စခန်းဘေး ဇင်္ဂမလမ်းဆုံအနီး သာကေတမြို့နယ် ရန်ကုန်မြို့
𝗶𝗻𝗾𝘂𝗶𝗿𝗶𝗲𝘀 ; 450015978-250491660 [10~4pm]
Click here to claim your Sponsored Listing.
Category
Contact the school
Address
Yangon
11231