TTN Insurance Service

TTN Insurance Service

Share

17/10/2024

🙏🙏🙏သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနှင့်ရွှင်လန်းချမ်းမြေ့ပြည်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

19/07/2024

ဆုတွေယူတဲ့ နေရာ ကနေ
ဆုတွေပြန်ချရတဲ့ နေရာ ရောက်လာပြီ 🤩🤗

Thwe Unit Team M.O.M မှ Contract ချုပ်ပြီးပြီးချင်း အစောဆုံး Active ဖြစ်တဲ့ ဆုကို ရရှိသွားတဲ့ Ko Lwin Ong အား Congratulations ပါ 🎉🎉🎉
အကို့ရဲ့မိတ်ဆွေသူငယ်ချင်းများ အတွက် AIA အသက်/ကျန်းမာရေး အာမခံအကြောင်းမျှဝေပြီး အကာအကွယ်စီမံဆောင်ရွက်ပေးနိုင်မှုတွေ အတွက် အထူးပင်ကျေနပ်ဝမ်းသာမိပါတယ်။

ကုသိုလ်၊ပညာ၊ဥစ္စာ (3) ခုစလုံး တစ်ပြိုင်နက်တည်းရတဲ့ Financial Services Consultant အလုပ်လေးမှာ ခုထပ်ပို၍ အများကြီးအောင်မြင်ပြီး MDRT/COT/TOT ဆုတွေကိုလဲအမြန်ဆုံးရရှိပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်နော် 🙏🙏🙏

10/07/2024

အာမခံကနေ ရနိုင်တာတွေပဲတင်နေပြီး မရနိုင်တဲ့ အခြေအနေတွေကိုလည်းတင်ပေးပါမယ်

အထူးသဖြင့် ကျန်းမာရေးအာမခံမှာ Claim ငွေမရနိုင်တဲ့အခြေအနေတွေကိုပြောပြပေးပါမယ်

ကျန်းမာရေးအာမခံမှာ အကြမ်းအားဖြင့်

✅ဆေးရုံတစ်ရက်တက်ရင် ဘယ်လောက်၊ OPD တစ်ခါသွားရင်ဘယ်လောက်ဆိုပြီး Fixed Rate နဲ့ပေးတဲ့ ကျန်းမာရေးအာမခံရှိသလို
✅ဆေးရုံတက်ရရင် ကုန်ကျတဲ့စရိတ်အတိုင်းပြန်ပေးတဲ့ အာမခံလည်းရှိပါတယ်

ဘယ်ကုမ္ပဏီက ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် များသောအားဖြင့် အောက်ပါအခြေအနေတွေမှာဆို Claim မရတတ်ပါဘူး

၁။ အာမခံမထားခင်မှာ ရှိနှင့်ပြီးသားရောဂါ

အာမခံမထားခင်မှာ ရှိနှင့်ပြီးတဲ့ရောဂါနဲ့ ဆေးရုံတက်ရတာမျိုးဆို Claim မရပါဘူး။

-ရောဂါလက္ခဏာအရမ်းထင်ရှားနေတာ (ဥပမာ- အလုံးအကျိတ်ကြီး မြင်နေရတာ)
-ဆေးရုံ ဆေးခန်းမှာ စစ်ဆေးတွေ့ရှိပြီးသားရောဂါ (ဥပမာ- Ultrasound ရိုက်ထားပြီး သဲခြေကျောက်တွေ့ထားတာမျိုး)
-ဆရာဝန်ကနေကုသဖို့အကြံပေးထားတဲ့ရောဂါ
-ကုသနေဆဲရောဂါ၊ ကုသဖူးတဲ့ရောဂါ

ဒါတွေအကုန်လုံးကို အာမခံထားတဲ့အချိန်မှာ Declare လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ရှိနှင့်ပြီးသားရောဂါလို့သတ်မှတ်ပါတယ်။

၂။ စောင့်ဆိုင်းကာလ (Waiting Period) မပြည့်သေးတဲ့အချိန်မှာဖြစ်တဲ့ရောဂါ

ကျန်းမာရေးအာမခံတွေမှာ ဘယ်ရောဂါအမျိုးအစားဆိုရင် Policy အသက်ဝင်တဲ့နေ့ကစပြီး တစ်လစောင့်ရမယ်၊ နှစ်လစောင့်ရမယ်၊ သုံးလစောင့်ရမယ် စသည်ဖြင့် Waiting Period သတ်မှတ်ထားတာမျိုးတွေရှိတတ်ပါတယ်။

ဒီလိုစောင့်ဆိုင်းကာလမပြည့်သေးဘဲ သတ်မှတ်ထားတဲ့ရောဂါတွေဖြစ်ခဲ့ရင် Claim မရပါဘူး။

၃။ Policy စာချုပ်ထဲမှာ ဒီလိုအခြေအနေတွေဖြစ်ရင် မပေးပါဘူးဆိုပြီး ထည့်ထားတဲ့ရောဂါ၊ အခြေအနေတွေ

ကျန်မာရေးအာမခံတွေစာချုပ်တွေမှာ ဒီလိုအခြေအနေတွေဖြစ်ရင်မပေးပါဘူးလို့သတ်မှတ်ထားတာတွေရှိတတ်ပါတယ်။ (ဥပမာ- အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးရုံတက်ရတဲ့အခြေအနေမျိုး)

ဒီလိုအခြေအနေ၊ ရောဂါမျိုးဆို Claim မရပါဘူး။

၄။ အာမခံ Policy သက်တမ်းကုန်နေချိန်မှာ ဆေးရုံတက်ရတဲ့အခြေအနေ

ကျန်းမာရေးအာမခံတွေရဲ့သက်တမ်းဟာ တစ်နှစ်ဖြစ်ပါတယ်။ ကိုယ်က Policy သက်တမ်းကုန်နေတဲ့အချိန်မှာ သက်တမ်းမတိုးမိဘဲ ဆေးရုံတက်ရတာမျိုးဖြစ်ခဲ့ရင်လည်း Claim မရတတ်ပါဘူး။

အာမခံဆိုတာ အမှန်တကယ်နစ်နာတဲ့သူတွေအတွက် အကာအကွယ်ပေးတာမျိုးပါ။
အာမခံကိုအသုံးချတာမျိုးမဖြစ်ရလေအောင် ဒီလိုစည်းမျဉ်းတွေသတ်မှတ်ထားကြရပါတယ်။

ကိုယ်က အာမခံဝယ်မယ်ဆိုရင် ကိုယ့်ရဲ့ Financial Advisor ကို ဘယ်လိုအခြေအနေတွေမှာရပြီး ဘယ်လိုအခြေအနေတွေမှာ မရဘူးလဲဆိုတာ သေချာမေးဖို့ လိုအပ်ပါတယ်။

:DrKyawPhyoMyint

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11111