Lumen Libris

Lumen Libris

Share

Photos from Lumen Libris's post 26/05/2026

_ တစ်ခါတလေမှာ စာအုပ်ထဲက စာသားတစ်ကြောင်းက လမ်းပျောက်နေတဲ့ဘဝအတွက် မီးရှူးတန်ဆောင် ဖြစ်သွားတတ်ပါတယ်။
‎
‎– အတွေးအခေါ်တွေ မှန်ကန်နေရင် ရှေ့ဆက်ရမယ့် လမ်းက ဘယ်လောက်ဝေးဝေး မိတ်ဆွေ မပင်ပန်းတော့ပါဘူး။
‎
‎– လူငယ်ဘဝဟာ ဝေခွဲမရမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီစာအုပ်က မိတ်ဆွေကို အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ထက် “တန်ဖိုးရှိတဲ့ လူတစ်ယောက်” ဖြစ်လာဖို့ ဘယ်လိုတွေးခေါ်ရမလဲဆိုတာကို အကောင်းဆုံး လမ်းပြပေးမှာဖြစ်ပါတယ်။
‎
‎• လူငယ်နှင့်အတွေးအမြင်
• တင်ညွန့်
• ‎15000 mmk


#တင်ညွန့်‎ #လူငယ်နှင့်အတွေးအမြင်‎ #စာဖတ်ပါမိတ်ဆွေ ‎

26/05/2026

နှမလေးသို့ ပေးစာများ စာအုပ်‌ဟာ အိန္ဒိယ၏ လွတ်လပ်ရေးခေါင်းဆောင်၊ ပထမဆုံးဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး၏ “ချစ်သမီးသို့ပေးစာ”ကို လည်းကောင်း၊ မြန်မာစာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ “ချစ်ဇနီးသို့” ဟူသည့် အိမ်ထောင်ရေး ပညာပေးစာအုပ်ကိုလည်းကောင်း တစ်စွန်းတစ်စ အမှတ်ရစေသောရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ လူငယ်ထုတစ်ရပ်လုံးသို့သာမက ဆန်းသစ်သည့် အတွေးအမြင်တွေကို လက်ခံကြိုဆိုသူ လူရွယ်၊ လူကြီးအားလုံး ကိုပါ သတင်းပါးလိုသည့် အကြောင်းအရာများဖြစ်၍ စာပေမွေ့လျော်သူ အားလုံးထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ရည်သန်လျက် “ဥယျာဉ်မှူး” နှင့် ရင်းချာသည့် ဆက်ဆံရေးရှိသော “အမြွှာညီနောင်စာပေ”မှ မကြာသေးခင်က ဖြန့်ချိထားတဲ့ အသစ်ထွက်စာအုပ်လေးတစ်အုပ်လည်းဖြစ်ပါတယ်။

• ကျော်မိုးသူ
• နှမလေးသို့ ပေးစာများ
• 12000 MMK


#နှမလေးသိို့ပေးစာများ #စာဖတ်ပါ

Photos from Lumen Libris's post 22/05/2026

❝ အချစ်ခံရတဲ့ မိန်းမလား အနိုင်ကျင့်ခံရတဲ့ မိန်းမလား ❞

ကိုယ်ကတော့ ချစ်လို့၊ မြတ်နိုးလို့၊ အစစအရာရာ လိုက်လျောပေး၊ ဂရုစိုက် ကိုယ့်လူ စိတ်ဆိုးမှာကြောက်လို့ ကိုယ့်ဆန္ဒတွေကို ထိန်းချုပ် မျိုသိမ့်ထားနေရတာ.. ဒါပေမဲ့ သူ ဘာလို့ ကိုယ့်ကို တန်ဖိုးမထားတာလဲ။ အမျိုးသမီးအများစု လုပ်နေတဲ့အကြီးမားဆုံးအမှားက “ ပိုပေးဆပ်ရင် ပိုအချစ်ခံရမယ် ” ဆိုတဲ့အမှားပဲ။ ယောက်ျားတစ်ယောက်က ခေါ်ရင်လာ ခိုင်းရင်လုပ်.. နှင်ရင်သွား.. ပုံစံနဲ့ Nice Girl ဖြစ်ချင်ကြတယ်။ ချစ်ပါတယ်ဆိုပြီး ကိုယ့်အတွက် ဘာကောင်းကျိုးမှ မပေးတဲ့ယောက်ျားဆိုရင်တောင် ကိုယ့်ဘဝကိုယ် မနှမြောဘဲနဲ့ ချနင်းကြ ရင်းနှီးကြ ပေးဆပ်ကြတယ်။ မေးစရာမေးခွန်းက ဘာလို့ ဒါတွေလုပ်တာလဲ ယောက်ျားတစ်ယောက်ဆီမှာ အချစ်မခံရမှာစိုးလို့လား။

ဒီစာအုပ်ထဲမှာ မိန်းမတွေ ဘာလို့အချစ်မခံရတာလဲ၊ ဘယ်လိုမိန်းမတွေကို ယောက်ျားတွေက ဘယ်လိုမြင်လဲ၊ တန်ဖိုးရှိတဲ့မိန်းမဆိုတာကို ဘာပေတံနဲ့တိုင်းတာမလဲ စတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆုလာဘ်လိုဖြစ်အောင် “ ဘယ်လိုကျင့်ကြံရမလဲ ” ဆိုတာနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးရမဲ့ ဥပဒေသ ၁၀၀ တိတိကို စနစ်တကျ ဖော်ပြထားပေးပါတယ်။

ဒီစာအုပ်က စာဖတ်သူအမျိုးသမီးကို ကောက်ကျစ်ဖို့ သင်ပေးတာ မဟုတ်ပါဘူး။ နူးညံ့တဲ့မက်မွန်းသီးထဲ မာကျောတဲ့ အစေ့ရှိသလိုမျိုး ကိုယ့်ရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာ သင်ပေးမှာပါ။ ယောက်ျားတစ်ယောက်ဆီက သူပေးတဲ့ စားကြွင်းစားကျန်လောက်နဲ့ မကျေနပ်ဘဲ အပြည့်အဝ အာရုံစိုက်၊ ဂရုစိုက်ခံရဖို့ ဘယ်လိုရပ်ရမလဲဆိုတာ သင်ပေးမှာပါ။ ယောက်ျားတွေရဲ့စိတ် ယောက်ျားတွေရဲ့ဦးနှောက်ကို သူတို့ပါးစပ်က မပြောရင်တောင် အလွယ်လေး ဘယ်လိုဖောက်စားရ မလဲဆိုတာသင်ပေးမှာပါ။

- ဘုန်းမောင်ဦး
- အချစ်ခံရသော မိန်းမဆိုးများ
- 19000 MMK


#အချစ်ခံရသောမိန်းမဆိုးများ #စာဖတ်ပါ

Photos from Lumen Libris's post 20/05/2026

ဤစာအုပ်တွင် စာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာကြမည့် စာဖတ်သမားလူငယ်များအတွင် ရည်ရွယ်ကာ စာအုပ်တော်တော်များများအကြောင်း တစ်စွန်းတစ်စစီ ထည့်သွင်း ပြောဆိုပေးထားပါသည်။ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်အောက်၌ အေဗရာဟင်လင်ကွန်း၊ နပိုလီယန် စသော ပုဂ္ဂိုလ်ကြီးများ ဖတ်ရှုသည့် စာအုပ်များ ပါဝင်သလို၊ ဂန္တဝင်သင်တန်းတက်သူတို့ ဖတ်ကြသည့် စာအုပ်အမည်များလဲပါပါသည်။

ခေတ်အဆက်ဆက် ကမ္ဘာကို လွှမ်းမိုးခဲ့သောစာအုပ်များ ခေါင်းစဉ်အောက်တွင်မူ ပုံပြင်၊ဝတ္ထု၊ ပြဇာတ်စသည့် ရသစာပေဆိုင်ရာ စာအုပ် (၅၀) နှင့် အတ္ထုပ္ပတ္တိ၊ သမိုင်း၊ သိပ္ပံ၊ ဒဿနနှင့် အခြားပညာရပ်ဆိုင်ရာ စာအုပ် (၆၀) တို့ကို အညွှန်းတိုများနှင့် ဖော်ပြပေးထားပါသည်။

_ ဖေမြင့်
_ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း
_ 9500 MMK


#ဖေမြင့် #ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း #စာဖတ်ပါ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon