Nemo Betta

Nemo Betta

Share

22/09/2023

{Batta Fish}

Betta Fish ကို အများစုက Fighter ငါးလို့ လဲ ခေါ်ဝေါ်ကြပါတယ်
ဘာကြောင့်လဲဆိုတော့ Fighter ဆိုတဲ့ နာမည်အတိုင်း မျိုးတူငါးအချင်းချင်းရော အခြားငါးအမျိုးအစားများကိုပါ ရန်လိုမှုပြင်းထန်တဲ့အတွက်ကြောင့် Fighter ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိလာတာပဲဖြစ်ပါတယ်
ဒီ Betta Fish လေးတွေ ခုနောက်ပိုင်းမှာဆိုရင် အရမ်းကို ခေတ်စားပြီးလူကြိုက်များလာတဲ့ငါးအမျိုးအစားလဲဖြစ်ပါတယ်
သူ့ရဲ့အရောင်အသွေးနဲ့ လှပတဲ့ရေယက်များ ပုံစံစုံလင်မှုနဲ့ အရွယ်အစားသေးငယ်မှုကြောင့် ထိန်းသိမ်းဂရုစိုက်ရလွယ်ကူမှု
နေရာအနည်းငယ်ရှိယုံနဲ့မွေးမြူနိုင်မှု စတဲ့ ငါးမွေးသူကို အခက်အခဲလျော့ပါးစွာ မွေးမြူနိုင်မှုကြောင့် လူကြိုက်များတဲ့ အလှမွေးငါးတစ်မျိုးဖြစ်လာပါတယ်
ဒါဆိုရင် ဒီလို ထိန်းသိမ်းဂရုစိုက်လွယ်တဲ့ငါးလေးကို ဘယ်လိုမျိုးနည်းနဲ့မွေးမြူသင့်လဲဆိုတဲ့ အချက်အလက်များကို လေ့လာကြည့်ရအောင်ဗျာ

* မူလဇာတိ = ဒီ Betta Fish လေးတွေ ထိုင်းနိုင်ငံရဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်တွေမှာရှိတဲ့ လယ်ကွင်း / ရွံအိုင်‌ေတွ‌ စတဲ့ တိမ်ပြီး ရေစီးဆင်းမှု နှေးတဲ့ နေရာတွေမှာ စတင်တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်
ဒါပေမဲ့အခုချိန်မှာဆိုရင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ လာအို / မြန်မာ / ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာပါ တွေ့ရှိနိုင်ကြပါတယ်

* ရေအမျိုးအစား = သူတို့ဟာ 5° – 20° dh ရှိတဲ့ ရေချိုအမျိုးအစားမှာ ကောင်းစွာမွေးမြူနိုင်ပါတယ်

* အပူချိန် / ph = 75 – 80 °F ရှိတဲ့အပူချိန် နဲ့ 6 – 7.5 ph ရှိတဲ့ ရေအမျိုးအစား လိုအပ်ပါတယ်

* ကန်အရွယ်အစား = Betta fish တွေဟာ ကိုယ်ပိုင်နေရာ သတ်မှတ်ချက်နဲ့ နေထိုင်ကြတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်
အကောင်လေးတွေက သေးငယ်တော့ နေရာအကျယ်အဝန်းကလဲ သိပ်မလိုအပ်ပါဘူး ဒါကြောင့် သူတို့ကို 1 – 5 gal ဒါမှမဟုတ် 4″ × 4″ × 8″ အကျယ်ရှိတဲ့ မှန်ပုံး နဲ့ မွေးမြူနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်

* အကြီးဆုံးရောက်နိုင်သောဆိုဒ် = အကြီးဆုံးအရွယ်အစားကတော့ 2.5″ – 3″ အထိပဲကြီးထွားနိုင်ပါတယ်

* သက်တမ်း = ကောင်းစွာဂရုစိုက်မှုပေးနိုင်မယ်ဆိုရင်တော့ 2 နှစ်ထက်ပိုတဲ့ သက်တမ်းအထိနေနိုင်ကြပါတယ်

* အစားအစာ = အသားစားသတ္တဝါဖြစ်ပေမဲ့ အစာခြောက် အစာစိုအားလုံး ကျွေးလို့ရပါတယ်

*ကျွေးရန်သင့်တော်သော အစာတံဆိပ် = sakura က ထုတ်တဲ့ betta အစာခြောက် / အခြား ကုမ္ပဏီကြီးများဖြစ်တဲ့ tera / hikari စတဲ့အစာခြောက်များနှင့် ရေတီခြောက် / frozen bloodworm / artemia / moina စတဲ့ အစာစိုများကိုလဲ ကျွေးနိုင်ပါတယ်

* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = Betta Fish အထီးတွေက ကိုယ်ပိုင်နေရာမှာ တစ်ကောင်ထဲ သီးသန့်နေရတာ ကြိုက်ပါတယ်
အမတွေကတော့ ‌ကန်ကျယ်ကျယ်မှာ အုပ်စုလိုက်ထားနိုင်ပါတယ်

* Tankmates = ရန်လိုမှုများတဲ့ Betta Fish အထီးတွေအတွက်တော့ tankmateရွေးချယ်ရာမှာ အခက်အခဲရှိနိုင်ပါတယ် အထူးသဖြင့် အမြှီးအတောင်ရှည်တဲ့ Guppy / goldfish/ angel fish / စတာတွေက betta ငါးတွေနဲ့ တွဲမွေးဖို့အဆင်မပြေပါဘူး

* ထိန်းသိမ်းဂရုစိုက်မှု = Betta Fish တွေက ရေအပူချိန်နဲ့ ရေ‌အရည်အသွေးကို အထူးဂရုပြုပေးရပါမယ်
တစ်ကောင်ထဲနေပြီးအစားနဲတဲ့အတွက် ရေက ခဏနဲ့တော့ မနှောက်ပါဘူး
ဒါပေမဲ့ အချိန်ကြာလာတာနှင့်အမျှ အညစ်အကြေးများ မသန့်ရှင်းမိတဲ့အခါ ammoniaအဆိပ်က ငါးကို မျက်လုံးရောဂါနဲ့ အမြှီးအတောင် ရောဂါများဖြစ်စေနိုင်ပါတယ်
ဒါကြောင့် 3 ရက်တစ်ကြိမ် or 5 ရက်တစ်ကြိမ်ခန့် ရေတစ်ဝက်လဲပေးရပါမယ်

* ကန်အပြင်အဆင် = Betta Fish တွေက ရေအရမ်းနက်ရင်လဲမကြိုက်ပါဘူး အရမ်းတိမ်လွန်းရင်လဲအဆင်မပြေပါဘူး
ဒါကြောင့် ရေ 8″ – 10″ အမြင့်က အကောင်းဆုံးဖြစ်ပါတယ်
နောက်ပြီး betta တွေက ပုံးခိုနေရတာကိုလဲ ကြိုက်ပါတယ် ဒီပုံးခိုစရာလေးတွေက ငါးတွေကို စိတ်ဖိစီးမှု သက်သာစေဖို့အထောက်အပံ့ပေးပါတယ်
တချို့ကျွမ်းကျင်သူတွေကတော့ betta လေးတွေကို nano planted tank လေးတွေနဲ့အတူ တွဲဖက်မွေးမြူကြပါတယ်

* အထီးအမခွဲနိုင်ခြင်း = Betta အထီးလေးတွေက အမတွေထက် ပိုပြီး အရောင်ပိုလှပြီး အမြှီးအတောင်များကလဲ ကြီးမားပါတယ်

* သားဖောက်ခြင်း = Betta တွေက မွေးမြူရလွယ်ကူပါတယ်
ဒါပေမဲ့ သားဖောက်ဖို့အတွက်ဆိုရင်တော့ Professionalသမားတွေပဲ ကောင်းစွာ ထိန်းကျောင်းနိုင်တာကိုတွေ့ရပါတယ်

* အခြားမျိုးများ = Halfmoon / crown / plakat / dumbo etc…..

* အခြားအရောင်များ = Betta တွေက အရောင်အသွေး စုံလင်စွာ ရှိနိုင်ပါတယ်
အဖြူ အပြာ အနီ အနက် / koi စသဖြင့် မျိုးစုံတွေ့ရှိရပါတယ်

* ဆောင်ရန်ရှောင်ရန် = Betta တွေကအခြားငါးတွေထက်ပိုပြီး အကြမ်းခံပါတယ် ဒါပေမဲ့ ရေအပူချိန် ph ကိုတော့အထူးဂရုပြုပေးရပါမယ်
နောက်တစ်ချက်က betta လေးတွေကို အရမ်းကျဉ်းမြောင်းတဲ့ ဖန်ပုလင်းတွေနဲ့မွေးတာ လုံးဝမသင့်တော်ပါဘူး
အစာကိုလဲ တစ်ခါကျွေး မနက်/‌ေန့/ည ၆ – ၁၀ လုံး လောက်ဆိုအဆင်ပြေတယ် သူစားနိုင်သလောက်စားပြီး ကျန်တာကို ချက်ချင်းဖယ်ထုတ်ပေးပါ

*မွေးမြူလျှင်လိုအပ်သောပစ္စည်းများ = အဓိကလိုအပ်ချက်က 4″×4″×8″ မှန်ကန်တစ်ကန်နဲ့ ဗန်ဒါရွက်ခြောက် ရှိရင် မွေးလို့ရပါပြီ

05/08/2022

CTPK အုပ်ပြတ်
အကောင် 200 အကျော်နဲ့နီးပါးရှိမယ်

အုပ်ပြတ်ရော 10ကောင်စျေး
အကောင် 50စျေး ဆိုင်သမားတွေ
ပြန်ရောင်းသမားတွေ အဆင်ပြေအောင်လုပ်ပေးပါမယ်ခဗျာ

ရန်ကုန်အတွင်းသာ
ဖုန်း (09797172477 )
လှိုင်သာယာမြို့နယ် ဥက္ကာလမ်း

စိတ်ဆုံးဖြတ်ချက်ချတာ
သေချာပြီဆို ဖုန်းဆက်ပါခဗျာ
သိလိုတာ မေးမြန်းနိုင်ပါတယ်

video ဘာအဖက်မှ မထည့်ထားပါ
ငါးတွေ ရွေးခပ်မထားပါ
တွေ့တဲ့အကောင်ခပ်ပြီး ထည့်ရိုက်ထား

ပယ်ငါးရွေးထုတ်လို့ရပါတယ်
ဆယ်ကောင်သမားကစလို့
ရွေးယူလို့ရပါမယ်ခဗျာ
Betta

Photos from Nemo Betta's post 27/06/2022

Fccp တစ်စုံ 1****?
အထီး နားရွက်နီ
အလှမွေး ဖောက် အဆင်ပြေတာလုပ်
အကုန်အဆင်​ပြေပြေ ဖြစ်အောင်
အဆင်ပြေတဲ့ စျေးနဲ့ပေးလိုက်ပါတယ်
ဖုန်း 09797172477
လှိုင်သာယာ

Photos from Nemo Betta's post 27/06/2022

Fccp တစ်စုံ 8***?
နယ်သမားများ ထုပ်ပိုးခ မပေးရပါ
ဖောက်မဲ့သူတွေအတွက်ရော
အလှခံစားမဲ့ သူတွေအတွက်ပါ
သူ့စျေးနဲ့သူ တန်ပါမယ်ခဗျာ
Ph 09797172477
လှိုင်သာယာမြို့နယ်

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်
Yangon
09799616334