The 1st Lab
29/05/2026
ဝါသနာရှင်တစ်ဦးရဲ့ သာလိကာ လေးတွေ စစ်ပေးထားတာလေးတွေ မျှဝေလိုက်ပါတယ် (မယ်မြကို ကိုမြလို့ ပြောင်းသင့်ပါတယ် 😁)
28/05/2026
Eid Mubarak
27/05/2026
The 1st Lab ရဲ့ ပထမဆုံး အဖြစ်နဲ့ သာလိကာလေး သုံးကောင်ကို အထီး အမ ခွဲခြားပေးခဲ့ပါတယ်။
သာလိကာလေးတွေသာမက အလှမွေးခိုများ၊ စာမျိုးနွယ်ဝင် ငှက်များ၊ Finch များ နဲ့ ငန်းမျိုးနွယ်များကိုပါ အထီး အမ ခွဲခြားပေးနိုင်ပြီး ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
The 1st Lab
21/05/2026
Tool box
17/05/2026
Finch တွေဟာ စာကလေး မျိုးနွယ်ဝင် အလှမွေးငှက်အမျိုးအစားဖြစ်ပါတယ် အရောင်အသွေးစုံပြီး သွက်လက်စွာလှုပ်ရှား တတ်တဲ့အတွက် ဝါသနာရှင်အများအပြားက အိမ်မွေး တိရိစ္ဆာန်အဖြစ် တယုတယမွေးမြူကြပါတယ်
အထီး အမ ခွဲခြားရန် အရောင်အသွေးကြည့်ပြီး ခွဲခြားနိုင်သော်လည်း တိကျမှန်ကန်ဖို့ခဲယဉ်းတတ်ပါတယ်
DNA ဖြင့်စစ်ဆေးပြီး အထီး အမ ခွဲခြားနိုင်သော်လည်း ဓါတ်ခွဲခန်းတိုင်းမှာတော့ မရနိုင်သေးတာတွေ့ရပါတယ်
မြန်မာနိုင်ငံမှာတော့ ဒီငှက်အမျိုးအစားကိုလည်း အထီးအမ ခွဲခြားပေးနိုင်ပြီ ဖြစ်ပါတယ်
မိတ်ဆွေအနေနဲ့ ဆက်သွယ်လိုပါလျှင်
The 1st Lab
09443047485/09978833299
Viber / Whatsapo / Messenger တို့မှ တဆင့် ဆက်သွယ်လိုက်ပါ
13/05/2026
ငှက်ဝါသနာရှင်များအတွက် သတင်းကောင်းတစ်ခု ယူဆောင်လာပါပြီ
မကြာမီကာလအတွင်း ဝါသနာရှင်များမွေးမြူထားတဲ့ အောက်ပါ ငှက်များ အားလုံး အထီး/အမ ခွဲခြားပေးနိုင်ပါတော့မယ်
(၁) ခိုငှက်မျိုးစုံ (Columbiformes)
(၂) စာငှက်မျိုးစုံ (Passeriformes) e.g, Finches
(၃) ဘီလုံးငှက် e.g, Lark
(၄) ကနေရီငှက် (canaries)
(၅) တစ်တီတူးငှက် (Marsh tit)
(၆) ဘီလူးငှက် (shrike)
(၇) ရေငှက်/ရေကြက်
(၈) ဘဲ၊ ဝမ်းဘဲ၊ ဘဲငန်း (Galliformes) e.g, duck, goose, swan
(၉) သာလိကာ (Hill myna)
(၁၀) ငုံးငှက်
မိတ်ဆွေတို့ကြိုက်ရာမွေးလိုက်ပါ အထီး/အမ ခွဲခြားပေးဖို့ ကျွန်တော်တို့ တာဝန်သာထားပါ
ဝါသနာအရပဲမွေးမွေး စီးပွားဖြစ်ပဲ မွေးမွေး ဇီဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ပဲမွေးမွေး သားစပ်မျိုးဖောက်ဖို့ အထီး/အမ ခွဲခြားမယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ
The 1st Lab
Yangon
Tel viber & Whatsapp : 09443047485, 09978833299
09/05/2026
Blue Ringnecks 🥰
Blue ringneck male vs female ☘️👍
09/05/2026
Gouldian Finch Phenotypic Differentiation
DNA စစ်ပြီး အထီး/အမ ခွဲခြားချင်ရင်တော့ The 1st Lab ကို သတိရလိုက်ပါ
The 1st Lab
Viber / Whatsapp : +95(9)443047485/978833299
Unlocking The Secrets in Feathers
08/05/2026
မြန်မာ့ မျိုးရင်း ကြက်တော
(Alexandrine parakeet)
ကြက်တောကြက်တူရွေးငှက်များကို မြန်မာနိုင်ငံမျိုးရင်းဟု အသိအမှတ်ပြုကာ အမြတ်တနိုး မွေးမြူလေ့ရှိပါသည်။ ကြက်တောငှက်များမှာ အလားဆင်တူသော ကျေးတမာ Indian Ringneck Parakeet (Rose-ringed parakeet) ထက် ခန္ဓာကိုယ် သိသိသာသာ ကြီးမားဖွံ့ဖြိုးပြီး နှုတ်သီးမှာလည်း ကျေးတမာထက် ပိုကြီးပြီး တုတ်ခိုင်ပါသည်။ ပိုမိုမာကျောသော သဏ္ဌာန်လည်းရှိပါသည်။
ကြက်တောမျိုးရင်းများတွင် အတောင်ပံ အရင်းတွင် ပန်းရောင်/အနီရောင် အကွက် (Alexandrine patch) ကို အတောင်ပံ အမွှေးအစိမ်းများအထက်တွင် ပေါ်လွင်စွာတွေ့မြင်နိုင်သည်။
ကြက်တောအထီးနှင့်အမ တို့သည် အသက် ၁၈ လမှ ၃ နှစ်အထိ အရောင်အသွေး တူကြပြီး မျက်မြင်အနေဖြင့် ခွဲခြား မရနိုင်ပါ။
အသက် ၃-နှစ်သားကျော်လျင် ကြက်တော အထီးများတွင် အနက်ရောင်ထင်းထင်းရှိသော လည်ရစ် ပေါ်လာကြပြီး နှုတ်သီးအရောင်မှာလည်း အနီရဲရဲ အရောင်ပြောင်းလဲ လာကြပါသည်။ ကြက်တော အမအချို့တွင် လည်ရစ်ပေါ်လာတတ်သော်လည်း အညိုရောင် မထင်မရှားခန့်သာ ပေါ်တတ်ပါသည်။ လည်ရစ်အနက်ရောင် ပါမပါ ကိုကြည့်ပြီး ကြက်တောများကို အထီးအမ ခွဲခြားနိုင်ပါသည်။
သို့သော် အသက်အရွယ်အားဖြင့် အရွယ်ရောက်မှ အထီး အမ ခွဲခြားနိုင်သောကြောင့် အစာခွန့်ကျွေးပြီး မွေးမြူချင်ကြသော ဝါသနာရှင်များအတွက် အခက်အခဲ ရှိနိုင်ပါသည်။
မြန်မာငှက်မျိုးရင်းတစ်မျိုးဖြစ်သော ကြက်တောငှက်များကို သဘာဝ အရိုင်းမှ ဖမ်းဆီး ထုတ်နှုတ် မမွေးမြူကြဘဲ အိမ်မွေးအယဉ်များမှ ပေါ်ဖွားလာသော ငှက်ငယ်များကိုသာ မွေးမြူကြခြင်းဖြင့် ငှက်မျိုးမတုံးရန် ဝိုင်းဝန်းထိန်းသိမ်းသင့်ပါသည်။
အကယ်၍မိတ်ဆွေအနေနဲ့ ကြက်တော ငှက်အယဉ် အပေါက်ကို အထီး အမ စစ်ဆေးပြီး မွေးမြူချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ ကူညီနိုင်ပါတယ်။
အမြန်ပဲ ဆက်သွယ်လိုက်ပါ-
The 1st Lab
Yangon
T: 09-443047485
credit to original pictures owners.
08/05/2026
ကျွန်တော်တို့ The 1st Lab မှာ အိမ်မွေးငှက်များ အထီး/အမ ခွဲခြားခြင်းကို ကြက်တူရွေးအုပ်စု (Psittaciformes), ခိုများ အတွက်သာ စစ်ဆေး ခွဲခြားပေးနိုင်ပါသေးတယ်။ ကျန်အိမ်မွေး ငှက်မျိုးများ ရစ်ငှက်၊ ဒေါင်းငှက်၊ သာလိကာနှင့် ဆက်ရက် အစရှိသောငှက်များအတွက် အထီး/အမ မခွဲခြားနိုင်သေးပါ။
နောက်နောင် အသစ်အသစ်သော ငှက်အမျိုးအစားများ စစ်ဆေးခွဲခြားပေးနိုင်အောင် ဆက်လက်ကြိုးစားပြီး ရနိုင်တာနဲ့ အကြောင်းပြန်ကြားပေးပါ့မယ် ခင်ဗျ။
ယခုလက်ရှိ စစ်ဆေးနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
(၁) ကြက်တူရွေးအုပ်စု (Psittaciformes) အားလုံးအတွက် အထီး/ အမ စစ်ဆေးခွဲခြားခြင်း
(၂) ကြက်တူရွေး နှုတ်သီးနှင့် အမွှေးပျက်စီး ရောဂါ (PBFD)
(၃) ကြက်တူရွေး အမွှေးပျက်စီးသော ရောဂါ (APVD)
တို့ဖြစ်ပါတယ်။
မိမိငှက်ငယ်များကို အမွှေးပေါက်စ အရွယ်တည်းက စစ်ဆေးလို့ရပါတယ်။ ပုံကတော့ Lab မှာရှိတဲ့ ကလေးအသစ်လေး နှစ်ယောက်ဖြစ်ပြီး မကြာခင် ကြီးလာရင် ဘယ်သူ သီချင်းဆိုမလဲ မဆိုမလဲ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Website
Address
Yangon
11231
Opening Hours
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |
| Saturday | 10:00 - 14:00 |