Winner DV

Winner DV

Share

29/04/2026

🙏🙏🙏
🪴📍 #ညောင်ရေသွန်းပွဲတော်_ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး”📍🪴
🪴 #ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း🪴

🪴 ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပပူဇော်လေ့ရှိကြသည်။

🪴 ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-
မြတ်ဗုဒ္ဓသည် -

● ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍
● ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို ရောက်တော်မူပြီး၊
● ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။

🪴 ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။

🪴 ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

🪴 ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၄ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

🪴 အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။ ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းပင်ဖြစ်သည်။

🪴 #ညောင်ရေသွန်း ပူဇော်ရကျိုး🪴

🪴 ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

🪴 ဂန္ဓောဒကိယ ရဟန္တာမထရ်

🪴 “ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၌ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ “ထင်းရှူး ဗောဓိပင်” ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

🪴 ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘဝမှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

🪴 နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော “သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

🪴 ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🪴 “ဗောဓိသိဉ္စက ရဟန္တာမထေရ်”

🪴 ဝိပဿီမြတ်စွာဘုရား လက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်” ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

🪴 ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် “ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

🪴 ဤကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်” ခံစားစံစားရခဲ့လေသည်။

🪴 ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🪴 “တိုက်တွန်းလွှာ”

🪴 အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော “ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး” တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

🪴 ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

【အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
#အင်အားသစ်တိုင်းရင်းဆေး
…………………………………………………

#မူရင်းရေးသားသူ_အဆင့်ဆင့်မျှဝေသူများကို_ကျေးဇူးတင်ပါသည်
ူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။

Photos from Winner DV's post 17/12/2025

ချင်းမိုင်တက္ကသိုလ် (CMU) TFL ပညာသင်ဆု ၂၀၂၆

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University)၊ လူမှုသိပ္ပံမဟာဌာန (Faculty of Humanities) မှ ၂၀၂၆ ပညာသင်နှစ်အတွက် ထိုင်းစာပေ (Thai as a Foreign Language - TFL) ဘာသာရပ်ကို လေ့လာလိုသော မြန်မာကျောင်းသား/သူများအတွက် ပညာသင်ဆု ခေါ်ယူနေပါသည်။

ပညာသင်ဆု အကျိုးခံစားခွင့်များ
⭐️ စုစုပေါင်း တန်ဖိုး - ၄၄၀,၀၀၀ ဘတ် (တစ်နှစ်လျှင် ၁၁၀,၀၀၀ ဘတ်ဖြင့် ၄ နှစ်စာ)
⭐️ ထောက်ပံ့ကြေး - စာသင်နှစ်တစ်ခြမ်း (Semester) လျှင် ၅၅,၀၀၀ ဘတ် (စုစုပေါင်း ၈ ကြိမ်)
⭐️ ခရီးစရိတ် - နိုင်ငံတကာ လေယာဉ်လက်မှတ် (အသွားအပြန် ၁ ကြိမ်) စာပေးမည်။
⭐️ ရွေးချယ်မည့်အရေအတွက် - (၁) ဦး

လျှောက်ထားလိုသူများ ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ (Eligibility)
၁။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံသားဖြစ်ရမည်။
၂။ အထက်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) ထိုင်း GED နှင့် ညီမျှသော လက်မှတ်ရရှိထားသူဖြစ်ပြီး အနည်းဆုံး GPA 3.0 ရှိရမည်။
၃။ အခြားပညာသင်ဆုများ ရရှိထားသူ မဖြစ်ရပါ။
၄။ ထိုင်းဘာသာစကားကို အခြေခံ (CEFR Level A2 အဆင့်) ဖတ်၊ ရေး၊ ပြော၊ နားထောင် ကျွမ်းကျင်ရမည်။
၅။ ငွေကြေးအခက်အခဲရှိသူဖြစ်ရမည်။

လိုအပ်သော စာရွက်စာတမ်းများနှင့် အရည်အချင်းများ
လျှောက်ထားသူသည် အောက်ပါအချက်များ ပြည့်စုံရမည်။
၁။ အင်္ဂလိပ်စာ အရည်အချင်းစစ် အမှတ်စာရင်း (တစ်ခုခု):
• IELTS - Band 5.5 နှင့်အထက်
• TOEFL - 470 (PBT) / 150 (CBT) / 52 (iBT) နှင့်အထက်
• Duolingo English Test (DET) - Score 95 နှင့်အထက်
၂။ အင်္ဂလိပ်လိုရေးသားထားသော ထောက်ခံစာ (၂) စောင်။
၃။ ထိုင်းဘာသာစကားဖြင့် ရေးသားထားသော ရည်ရွယ်ချက်အက်ဆေး Statement of Purpose (SOP)

📅 အရေးကြီးရက်စွဲများ (Timeline)
လျှောက်လွှာပိတ်ရက် - ၂၈ ဇန်နဝါရီ ၂၀၂၆ (Jan 28, 2026)
လူစာရင်းကြေညာခြင်း - ၄ ဖေဖော်ဝါရီ ၂၀၂၆
Online အင်တာဗျူး - ၁၁ ဖေဖော်ဝါရီ ၂၀၂၆
ရလဒ်ကြေညာခြင်း - ၁၈ ဖေဖော်ဝါရီ ၂၀၂၆

⚠️ စည်းကမ်းချက်များ (Terms and Conditions)
ပညာသင်ဆုရရှိသူသည် စာသင်နှစ်တစ်ခြမ်းစီတွင် အနည်းဆုံး GPA 3.25 ရရှိအောင် ထိန်းထားရမည်။
စာသင်နှစ်တစ်ခြမ်းလျှင် အနည်းဆုံး Credit 15 ခု တက်ရောက်ရမည်။
ပထမ (၂) နှစ်အတွင်း ကျောင်းမှသတ်မှတ်ထားသော အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပြီး Exchange အစီအစဉ်များ၊ အလုပ်သင်များ သွားရောက်ခွင့်မရှိပါ။

🔗 လျှောက်ထားရန်
အသေးစိတ်ဖတ်ရှုရန်: https://cmu.to/wkVbK
လျှောက်လွှာတင်ရန် Link: https://forms.gle/FLJbomUsmZ7MhU2k9
ဆက်သွယ်ရန် Email: [email protected]

📌 မှတ်ချက်: ပညာသင်ဆုရရှိသူသည် CMU-IPAS (Round 2) မပြီးဆုံးမီ (Feb 11 - Mar 11, 2026 အတွင်း) ကျောင်းအပ်ခြင်း (Register) ပြုလုပ်ရပါမည်။

Uni အတွက် Credit ကြိုစုထားချင်ရင်
ACE credit ရမဲ့ Coursera premium လာဝယ်လို့ရပါတယ်
https://www.facebook.com/share/p/1G2cemPbgG/



Please approve, admin.
📌
🪪သံရုံး၀င်မည့်သူများအတွက် SPONSOR LETTER/ INVITATION LETTER ရေးသားပေးခြင်း (LETTER WRITING SERVICE)

လုပ်ငန်းခွင်၀င်မည့်သူများအတွက် CV FORM / COVER LETTER ရေးသားပေးခြင်း
RESIGNATION LETTER ရေးသားပေးခြင်း
အလုပ်ထောက်ခံချက် JOB RECOMMENDATIONS LETTER ရေးသားပေးခြင်း

❗We only offer service online ❗

VIBER +959895731490

နိုင်ငံခြားတွင် အလုပ်ရှာမည့်သူများအတွက် လိုအပ်သော CV /COVER LETTER/ RECOMMENDATIONS LETTER/ job interview training service
https://m.facebook.com/story.php?story_fbid=464495512661464&id=100073030583327

📲 Join Viber please
+959895731490

Telegram channel

https://t.me/winnerdv09895731490

04/06/2025

ဒီရက်ပိုင်းမှာ အမေရိကားကို ပြည်ဝင်လာသူတွေ လာပြောပြချက်အရ လေဆိပ်အဝင်တွေမှာ ၁၀၀% အဆင်ပြေကြပါတယ်။ ဘာမှမကြောက်ပါနဲ့"

လေဆိပ်ရဲတွေက မေးခွန်းမေးတယ်ဆိုတာ သူ့အလုပ် သူလုပ်တာပါ။၊ ဒါကို မြန်မာတချို့က နားလည်မှုလွဲပြီး ရစ်တယ်လို့ ထင်ကြတယ် အမှန်က မဟုတ်ပါ။

ဘာမေးခွန်းတွေ မေးသလဲဆိုတာကို အသေးစိတ် မရေးပေးတော့ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် မတူလို့ပါ။ အဓိက "လာတဲ့ခရီးစဉ်ရဲ့အကြောင်းရင်း" ၊ ဒါကို ရှင်းလင်းတဲ့ အင်္ဂလိပ်စာနဲ့
Simply
Humblily
Honestly ကိုယ်သိသလောက် တတ်သလောက် ပြောရင်ရပါတယ်။

လာပြောတဲ့အထဲမှာ ကျောင်းသားဗီဇာ၊ အလည်ဗီဇာ၊ DV Winner(Single) ၊ DV Winner (Family) ၊ Immigrant Visa(Single) ၊ Immigrant Visa (Family) အကုန်လုံး စုံပါတယ်၊ ဒေါ်လာ ၁ဝဝဝဝ နဲ့အထက် သယ်ခဲ့သူတောင် ပါလိုက်သေးတယ်၊ အားလုံး အေးအေးဆေးဆေးပါ။

အတိုချုပ်လေးတစ်ခွန်း ပြောချင်တာကတော့ "ဘာမှမကြောက်ပါနဲ့"။ အခြေချလာသမျှ #မြန်မာတို့ရဲ့အောင်မြေ အမေရိကန်မြေပေါ်က လှိုက်လှဲစွာ ကြိုဆိုပါတယ်။
အောင်မြင်ကြပါစေ။


06-04-2025

📌Winner DV မှ ဆောင်ရွက်ပေးသော ၀န်ဆောင်မှုများ📌

🪪DV LOTTERY FORM လျောက်ထားပေးခြင်း

🪪PASSPORT QR CODE လျောက်ထားပေးခြင်း

🪪အမေရိကန်သို့ အလည်အပတ်သွားလိုသူများအတွက် VISIT VISA လျောက်ထားပေးခြင်း

🪪F1 STUDENT VISA လျောက်ထားပေးခြင်း

🪪U.S. citizen မိဘ/သားသမီး မှ မြန်မာပြည်ရှိ သားသမီး/မိဘ မောင်နှမ အချင်းချင်း ခေါ်လို့ရသော family based visa လျောက်ထားပေးခြင်း

🪪 Third country မှာ interview ၀င်မယ့် B1/B2သမားများ F1VISA သမားများအတွက် Interview preparation service

🪪DV LOTTERY ကံထူးသူများအတွက် IMMIGRANT VISA FROM ‌လျောက်ထားပေးခြင်း

🪪 Schengen visit visa လျောက်ထားပေးခြင်း

🪪B1/B2 VISA, DV1VISA, Family based visa များအတွက် consultation service

🪪သံရုံး၀င်မည့်သူများအတွက် SPONSOR LETTER/ INVITATION LETTER ရေးသားပေးခြင်း (LETTER WRITING SERVICE)

လုပ်ငန်းခွင်၀င်မည့်သူများအတွက် CV FORM / COVER LETTER ရေးသားပေးခြင်း
RESIGNATION LETTER ရေးသားပေးခြင်း
အလုပ်ထောက်ခံချက် JOB RECOMMENDATIONS LETTER ရေးသားပေးခြင်း

🪪Air tickets and Hotel booking service
စသည့်၀န်ဆောင်မှုများရရှိနိုင်ပါသည်

❗We only offer service online ❗

VIBER +959895731490

📺 Collection of U.S student and visit visa approval posts
https://m.facebook.com/story.php?story_fbid=497018942742454&id=100073030583327

📺 VISIT VISA APPROVED
https://m.facebook.com/story.php?story_fbid=704601678650845&id=100073030583327

📺 F1 STUDENT VISA APPROVED

https://m.facebook.com/story.php?story_fbid=397160552728294&id=100073030583327&mibextid=Nif5oz

➡️ STUDENT VISA F1 နဲ့ VISIT VISA များကို third country နိုင်ငံများတွင် လျောက်ထားပေးခြင်း

https://m.facebook.com/story.php?story_fbid=389634156814267&id=100073030583327&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=556518383459176&id=100073030583327

https://m.facebook.com/story.php?story_fbid=338414958602854&id=100073030583327&mibextid=Nif5oz

➡️ Schengen Germany visit visa လျောက်ထားပေးခြင်း
https://www.facebook.com/100073030583327/posts/486366487141033/

📺DV အကြောင်းအပြည့်အစုံ

လျောက်ထားသူများ၏ confirmation number screenshot များကို လူကြီးမင်းတို့၏ Viber သို့ ပြန်ပို့ပေးသွားပါမည်။ ဓါတ်ပုံရိုက်ခ မကုန်ကျစေရန် မိမိတို့၏အိမ်မှာပဲဖုန်းကင်မရာနဲ့ရိုက်နိုင်ပြီး ဓာတ်ပုံပါအပြီးပြင်ပေးပါသည်။ ပြင်ထားသောဓာတ်ပုံကို DV PHOTO CHECKER/ American သံရုံး official website မှာ စစ်ပေးပါမည်။

https://m.facebook.com/story.php?story_fbid=318846960559654&id=100073030583327&mibextid=Nif5oz

📺DV LOTTERY လျောက်ထားသူများအား ဓာတ်ပုံကို American သံရုံးရဲ့ official website မှာစစ်ပေးကြောင်း
https://m.facebook.com/story.php?story_fbid=335203845590632&id=100073030583327&mibextid=Nif5oz

📺DV Form တင်ပြီးသူတိုင်းပြန်လည်ရရှိမည့် confirmation number ID အကြောင်း

https://m.facebook.com/story.php?story_fbid=190482490062769&id=100073030583327

📺Passport QR အကြောင်းအပြည့်အစုံ

https://m.facebook.com/story.php?story_fbid=313854991058851&id=100073030583327&mibextid=Nif5oz

📺DV ပေါက်ထားပြီးသူများအတွက် ဆက်လျောက်ရမယ့် DS260ကို winnerdv မှာပဲလျောက်ထားနိုင်ကြောင်း link⬇️

https://m.facebook.com/story.php?story_fbid=269213295523021&id=100073030583327&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=172267335217618&id=100073030583327

📺DV2023 winners များ visa ရသွားကြောင်းအထောက်အထား
https://m.facebook.com/story.php?story_fbid=241049408339410&id=100073030583327&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=513320977778917&id=100073030583327

📺SPONSOR LETTER/ INVITATION LETTER ရေးသားပေးခြင်း
https://m.facebook.com/story.php?story_fbid=510243581419990&id=100073030583327

https://www.facebook.com/share/p/4ofm6kRqZFgCUbp6/?mibextid=oFDknk

📺U.S. citizen မိဘ/သားသမီး မှ သားသမီး/မိဘ မောင်နှမ အချင်းချင်း ခေါ်မယ်ဆိုရင် လည်း WinnerDV မှာ လျောက်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=356024123508604&id=100073030583327&mibextid=Nif5oz

📺Air tickets 🎟️ and Hotel booking 🏨 Service
https://m.facebook.com/story.php?story_fbid=446722451105437&id=100073030583327

📺 STUDENT VISA / VISIT VISA INTERVIEW PRACTICE SERVICE

https://m.facebook.com/story.php?story_fbid=553392367105111&id=100073030583327

https://m.facebook.com/story.php?story_fbid=553392367105111&id=100073030583327

https://m.facebook.com/story.php?story_fbid=447840684326947&id=100073030583327

📺နိုင်ငံခြားတွင် အလုပ်ရှာမည့်သူများအတွက် လိုအပ်သော CV /COVER LETTER/ RECOMMENDATIONS LETTER/ job interview training service
https://m.facebook.com/story.php?story_fbid=464495512661464&id=100073030583327

📺B1/B2 VISA, DV1VISA, Family based visa, Schengen visit visa များအတွက် Visa consultation service
https://m.facebook.com/story.php?story_fbid=439735925137423&id=100073030583327

📲 Join Viber please
+959895731490

Telegram channel

https://t.me/winnerdv09895731490

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon
11112