Feeling Mail Box

Feeling Mail Box

Share

23/01/2025

ဝဋ်ကြွေးတေ ပါလာရင်လေ
ကံတေရော ဉာဏ်‌‌ တေရော
မကယ်နိုင်ဘူး အစ်ကိုရဲ့
ကျွန်တော်တို့
မျက်ရည်တေနဲ့
ပေးဆပ်ကိုဆပ်ရတာဗျ
(ငါကြူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ)
#6စိတ်တိမ်လွှာ

08/01/2024

လူတေကသာ
နှစ်သစ်တစ်ခုလို့သာပြောတာပါ
ငါ့အတွက်တော့
မနှစ်ကဖုန်းအကွဲလေးရယ်
မနှစ်ကအလုပ်ရယ်နဲ့လည်ပတ်ပြီး
ပြက္ခဒိန်တေထဲက
မထူးသော နေ့ရက်လေးတစ်နေ့သာ
#6စိတ်တိမ်လွှာ

08/01/2024

ကိုလိုချင်တာတေမရဘဲနဲ့
မလိုချင်တာတေကို ရနေတာ။သဘာဝကပေးတဲ့လက်ဆောင်းတစ်ခုရယ်သာ
#6စိတ်တိမ်လွှာ

02/09/2023

" ဘဝမှာ မတန်တာတွေရှိတယ်"

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့

အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။

အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို
ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။

မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။

မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...

ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်..။

15/06/2023

#6စိတ်တိမ်လွှာ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon