Prodigy Chap

Prodigy Chap

Share

We, Prodigy Chap, provide educational consultancy, and college applications for aspiring students.

11/04/2025

🇺🇸✨ F1 visa လျှောက်ဖို့ လမ်းပျောက်နေတဲ့ မြန်မာကျောင်းသားများအတွက်

US ကျောင်းသွားတက်ဖို့က အရင်ကထက် ပိုပြီး ဝေဝါးသွားပြီ ဝေးနေပြီ ပိုခက်ပြီ ထင်နေကြမှာပါ။ ကမ္ဘာကြီးက ကိုယ့်ဖက်မပါသလို ခံစားရပြီး ကိုယ့် ရင်ထဲမှာ အားငယ်သေးတိမ်နေကြမယ်လို့ ထင်ပါတယ်။ ပြီး တော့ F1 visa ကြီးက တကယ်ပဲ ကျော်လွှားဖို့ခက်တဲ့ တောင်ကြီး တစ်ခုလို့ မြင်နေကြပြီလို့ ထင်ပါတယ်။

ဒါပေမယ့် သင်တစ်ယောက်ထဲ ဖြစ်နေတယ်လို့ မထင်လိုက်ပါနဲ့။
Prodigy Chap Consultingက သင်တို့နဲ့ အတူရှိနေမှာပါ။ Reject ထိပြီးအားငယ်နေကြသူတွေ၊ အနာဂတ်ကြီး ဝေဝါးနေတဲ့သူတွေ၊ ပြီးတော့ F1 visa ပြန် tryဖို့ မဝံ့မရဲဖြစ်နေတဲ့သူတွေအတွက် ကျွန်တော်တို့ Prodigy Chap Consulting က အတူရှိနေမှာပါ။ ကျွန်တော်တို့က Consultant သာသာမဟုတ်ပါဘူး - သင့်ရဲ့ partner, သင့်ကို လမ်းပြမယ့် guide, သင့်ကို အနောက်ကနေ တွန်းပို့မယ့် Cheerleader ပါ။

💬 Visa အတွက် Questions တွေခေါင်းထဲပြည့်နေလား?
😞 Reject ဖြစ်ပြီး မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီလား ?
💡 ဘယ်က စရမယ်မှန်း မသိဖြစ်နေလား?
👉 ကျွန်တော်တို့က သင့်ကို နားထောင်ပေး ၊ guide ချပေး ပြီး သင်နဲ့အတူ ရင်ဆိုင်ပေးမှာပါ။

🎁 ကဲ ဒါဆို မိတ်ဆွေ အခုပဲ 30 minute Free Consultation အမြန် booking တင်လိုက်တော့နော်။ ဒါသင့်အတွက် မဟာ အခွင့်အရေးပါ။ Free Consultation မှာ သင်သိချင်တာတွေ မေးရင်း သင့် အိပ်မက်ကို ဖော်ဆောင်လိုက်ပါ။ လှိုင်းလုံးတွေခက်ထန်နေလည်း Free Consultation ယူပြီး ကျွန်တော်တို့ နဲ့အတူ ရွက်လွှင့် ရင်ဆိုင်လိုက်ပါ။

🇺🇸❤️ You’ve got the US Dream, and we’ve got your back.
Let’s make your US F1 visa dream come true together with us.

Free consultation အတွက် Booking တင်ရန်
📩 Messenger : m.me/prodigy.mmr
📞 Viber : +66612248167 ကို ဆက်သွယ်လိုက်ပါ။
🌐 Website: www.prodigychap.com မှာလည်း ဝင်ပြီး Booking ယူနိုင်ပါတယ်။

01/04/2025

🚀 အမေရိကန် F1 ဗီဇာ လျှောက်ထားဖို့ အဆင်သင့်ဖြစ်ပြီလား? စိတ်လှုပ်ရှားမှုကြောင့် အခွင့်အလမ်းမပျက်ပါစေနဲ့! 🎓🇺🇸

✅ Interview : ပထမဆုံးအကြိမ် ဗီဇာလျှောက်ထားသူအများစုဟာ အင်တာဗျူးကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်လှုပ်ရှားမှုအပြင်၊ မျှော်မှန်းမထားတဲ့မေးခွန်းတွေ၊ ငွေကြေးအထောက်အထားနဲ့ Strong Tiesဆက်နွယ်မှုတွေကို မေးတတ်လို့ ကျောင်းသားများ အခက်တွေ့တတ်ကြပါတယ်။ ဒါနဲ့ ပက်သက်ပြီး သိထားဖို့ အချက်တစ်ချို့ ရှိပါတယ်။

✅ ပညာရေးရည်မှန်းချက်Study Goals: သင်ယူဖို့ ထက် ဘာကြောင့် သင်ယူချင်တာလဲက ပိုအရေးကြီးတယ်!
Interview မှာ ဘာကြောင့်ဒီဘာသာရပ်ကိုရွေးချယ်တာလဲမေးသလို ၊ ပိုမိုနက်ရှိုင်းတဲ့မေးခွန်းတွေမေးတတ်ပါတယ်။ သင့်ရဲ့ရည်ရွယ်ချက်၊ အလုပ်အကိုင်ရည်မှန်းချက်နဲ့ သင့်ပညာရေးဟာ သင့်ရဲ့ရေရှည်ရည်မှန်းချက်နဲ့ ဘယ်လိုကိုက်ညီမှုရှိလဲဆိုတာကို Officer တွေက သိချင်ကြပါတယ်။
ဒီဘာသာရပ်ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ? (စိတ်ဝင်စားမှု၊ အလုပ်အနာဂတ်၊ ကိုယ်ရေးကိုယ်တာအတွေ့အကြုံတစ်ခုခုကြောင့်လား?)
ဘွဲ့ရပြီးနောက် ဘာအလုပ်လုပ်မလဲ? ရှင်းလင်းတဲ့အစီအစဉ်ချပြဖို့ လိုပါတယ်။
သင့်ပညာရေးက သင့်နိုင်ငံအတွက် ဘယ်လိုအကျိုးပြုမလဲ? နိုင်ငံပြန်လာပြီး အကျိုးပြုဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြသဖို့လိုပါတယ်။

✅ ငွေကြေးအထောက်အထားFinancial Proof: ဘဏ်အကောင့်ထဲ ငွေရှိတာထက် ပိုသိရမယ့်အချက်တစ်ခု! 💰
ဘဏ်စာရင်းမှာ လုံလောက်တဲ့ငွေရှိတယ်ဆိုတာနဲ့ Visa approved ဖြစ်ဖို့ လုံလောက်တယ်လို့ မှတ်ယူတာမျိုးက အမှားတစ်ခုဖြစ်နိုင်ပါတယ်။ Interview မှာ စုဆောင်းထားတဲ့ငွေပမာဏထက် သင့်ရဲ့ငွေကြေးအထောက်အပံ့ပေးသူရဲ့ဝင်ငွေတည်ငြိမ်မှုကို Officer တွေက သိချင်ကြပါတယ်။
ငွေကြေးအထောက်အပံ့ပေးသူက လုပ်ငန်းရှင်ဆိုရင်၊ ဝင်ငွေဟာ တည်တံ့မှုရှိရဲ့လားဆိုတာ မေးပါလိမ့်မယ်။
ဥပမာ: ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်က ဝင်ငွေကောင်းနိုင်ပေမယ့်၊ တစ်ခါပြင်ရင် ဘယ်လောက်အမြတ်ရနိုင်လဲဆိုတာ တွက်ကြည့်ရင် ကျောင်းစရိတ်နဲ့နေထိုင်စရိတ်အတွက် မလုံလောက်နိုင်ဘူးဆိုရင် Visa Reject ဖြစ်တတ်ပါတယ်။
ငွေကြေးအထောက်အပံ့ရဲ့ အရင်းအမြစ်၊ တည်ငြိမ်မှုနဲ့ တရားဝင်မှုကို ရှင်းပြနိုင်ဖို့ အဆင်သင့်ဖြစ်ထားပါ။

✅ ခရီးသွားရာဇဝင် Travel History: သေးငယ်ပေမယ့် အရေးကြီးတဲ့အချက်! ✈️
Visa approved ရဖို့ ခရီးသွားရာဇဝင်က အရေးပါတယ်ဆိုတာကို ကျောင်းသားအများစုက လျှော့တွက်မိတတ်ကြပါတယ်။
အကယ်၍ သင် အရင်က နိုင်ငံခြားခရီးသွားဖူးပြီး ပြန်လာခဲ့တယ်ဆိုရင်၊ သင်က ဗီဇာစည်းမျဉ်းတွေကို လိုက်နာတတ်ပြီး နိုင်ငံခြားမှာ ပိုနေဖို့ မရည်ရွယ်ကြောင်း ပြသရာရောက်ပါတယ်။
အကယ်၍ သင် နိုင်ငံခြားကို မရောက်ဖူးဘူးဆိုရင်၊ မိသားစု၊ အလုပ်အကိုင် ရှိကြောင်း ၊ ပိုင်ဆိုင်မှုရှိ ကြောင်း၊ နိုင်ငံနဲ့ Strong Ties ဆက်နွယ်မှုတွေရှိကြောင်းကို ပြသဖို့လိုပါတယ်။
💡 အမှားတွေရှောင်ပြီး Visa Approved ရနိုင်ခြေမြင့်အောင် ဘယ်လိုလုပ်မလဲ?
Visa Reject ရရင် လပေါင်းများစွာ နောက်ကျသွားနိုင်ပါတယ်။ Interviewကို “ကံ” ကို မပုံအပ်ပါနဲ့!
ကျွန်တော်တို့က သင့်ရဲ့အဖြေတွေကို အားကောင်းအောင်ပြင်ဆင်ပေးပြီး အားနည်းချက်တွေကို ဖြေရှင်းကာ ယုံကြည်မှုရှိရှိ အင်တာဗျူးဝင်နိုင်အောင် ကူညီပေးပါမယ်။
📩 အခုပဲ Chatbox ကို စာပို့လိုက်ပါ! U.S. မှာပညာသင်ဖို့ သင့်ရဲ့အိပ်မက်ကို အစပြုလိုက်ရအောင်! 🎯

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon