Dream

Dream

Share

14/11/2023

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။

တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။

အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။

ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။

တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။

နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။

ကမ်းပေါ်​ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။

အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...

"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။

လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလေးက ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


မူရင်းရေးသားသူအားလေးစားစွာဖြင့်💛

Photos from Dream's post 17/08/2023

🌷°ပန်းတိုင်တွေဟာ ဝေးတယ်..လုပ်နိုင်တယ်
စိတ်တစ်ခုနဲ့ နီးနေရတယ်💙

ဖြစ်ချင်တဲ့ အခိုက်အတန့် တိုင်း
ဖြစ်နိုင်တာမဟုတ်တဲ့ ကျွန်တော် လမ်းတွေဟာ
အရမ်းခက်ခဲလွန်းတယ်

ကြိုးစား တိုင်း အောင်မြင်မလာတဲ့ ရလဒ်တွေက
ပိုပင်ပမ်းတယ်

တစ်ခါတစ်လေ ကျွန်တော် တိမ်စိုင်လေးဖြစ်ပီး
လေနှင်ရာသာ လွင့်ပျောက်သွားချင်မိတယ်ဗျာ

ပန်းတွေကိုလဲ ချစ်တယ် 💙 လွမ်းစေတဲ့ သူကိုလဲ ချစ်တယ်

အဲ့တာကြောင့် ကျွန်တော် ချစ်တဲ့အရာတွေအတွက် ကြိုးစားအသက်ရှင်ချင်လာတယ်💙

ဒီလိုနဲ့ မနေ့ကထက် ပိုကြိုးစားရမယ် 🌷

Photos from Dream's post 12/07/2023

🖤 🖤 သဘာဝ ခေါင်းလျှော်ဆပ်ပြာ နဲ့
💛 💛 ဆံပင်ပေါက်အဆီ တွဲသုံးပါက ဆံပင်များအရှည်မြန်ပီး လှပ နေမယ်နော်

ပစ္စည်း အစစ်အမှန်ကိုသာ ရောင်းချပီး ကိုယ်တိုင်လဲသုံးစွဲနေပါတယ် 😊 အရမ်းကြိုက်လို့ 👍

မှာ ယူလိုပါက Ph 09400018581 သို့ ဆက်သွယ် ပေးပါ / Cb မှာ စာချန်ထားလဲ ရပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon