Treat With Me

Treat With Me

Share

01/12/2025

🩺 အနှောင့်အယှက်များကို ကျော်ကာဖြတ်၊ တုံ့ပြန်မှုဖြင့် ရှေ့သို့ဆက်။ 🎗️

လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် အေအိုင်ဒီအက်စ်ရောဂါ ကင်းစင်သည့် အနာဂတ်ဆီသို့ (Treat With Me)

​Today is !
​ယနေ့သည် ကမ္ဘာ့ အေအိုင်ဒီအက်စ်ရောဂါ ကင်းစင်ရေးနေ့ ဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိုးတက်မှုများ ရရှိပြီးနောက်တွင် AIDS ရောဂါကင်းစင်သည့် အနာဂတ်တစ်ခုသည် ကျွန်ုပ်တို့ လက်တစ်ကမ်း၌ ရှိနေပြီဖြစ်သည်။
​UNAIDS ၏ ထုတ်ပြန်ချက်အရ HIV ကူးစက်ခံရမှုသည် ကမ္ဘာတဝန်းတွင် ကျဆင်းခဲ့ပြီး HIV ရောဂါပိုးရှိသူများ၏ ၇၅ ရာခိုင်နှုန်းကျော်သည် လက်ရှိတွင် Antiretroviral Therapy (ART) ကုသမှုများကို ရယူနေကြပြီဖြစ်သည်။ (Ref: UNAIDS Global AIDS Update 2025)

၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း အိတ်ချ်အိုင်ဗီ ရောဂါပိုးရှိသူ စုစုပေါင်း ခန့်မှန်းခြေ ၄၀.၈ သန်းရှိပြီး AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးကြီးသည့် စိန်ခေါ်မှု ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
​​၂၀၂၄ ခုနှစ်တွင် လူပေါင်း ၂၅.၆ သန်းသည် HIV အတွက် ART ကုသမှု ခံယူနေကြပါသည်။ (Ref: The Global Fund)

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၃၀ ပြည့်နှစ်တွင် AIDS ရောဂါ ကင်းစင်ရေး ပန်းတိုင်ကို သတ်မှတ်ထားပြီး ၎င်းပန်းတိုင်ရောက်ရှိရန်အတွက် ၉၅-၉၅-၉၅ ပန်းတိုင်များ (ရောဂါသိရှိသူ ၉၅%၊ ကုသမှုခံယူသူ ၉၅%၊ ပိုးထိန်းချုပ်နိုင်သူ ၉၅%) ကို မျှော်မှန်းထားသည့်အတိုင်း ရရှိနိုင်နိုင်စေရန် အစွမ်းကုန် အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိနေပါသည်။
​သို့သော်လည်း နိုင်ငံတကာ ရန်ပုံငွေများ လျော့ကျလာခြင်း၊ ပြည်တွင်း ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော အနှောင့်အယှက်များ (Disruptions) တို့သည် ခက်ခဲစွာ ရရှိထားသည့် တိုးတက်မှုများကို ကြီးမားကျယ်ပြန့်စွာ ခြိမ်းခြောက်လျက်ရှိနေပါသည်။ WHO က အဓိက ထုတ်ပြန်ထားချက်များအရ လူ့အခွင့်အရေးအခြေခံသော ချဉ်းကပ်မှုနှင့် ရပ်ရွာလူထု ခေါင်းဆောင်မှုသည် AIDS ရောဂါတိုက်ဖျက်ရေးအတွက် အရေးပါသော အင်အားဖြစ်ကြောင်း ဖော်ပြထားပါသည်။

​Treat With Me ပြည်သူ့ကျန်းမာရေး အထောက်အပံ့ပေးသောအဖွဲ့အစည်းသည်လည်း အဖွဲ့အားကောင်းသော ရပ်ရွာအခြေပြု စနစ်ဖြင့် လူငယ်အင်အားကို ဦးစားပေးလျက် ရှေ့ဆက်ကာ ​ယနေ့ကျရောက်သော ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့တွင် CSE နှင့် HIV/AIDS ရောဂါ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်မဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြပြီး အခြား ဦးဆောင်လုပ်ကိုင်နေကြသော လူမှုအသိုက်အဝန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ခေါင်းဆောင်မှုများကို Treat With Me မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

​မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗီရှိသူများသည် ကုသစောင့်ရှောက်မှု ရယူရာ၌ အမည်းစက်ထင်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကြောင့် အတားအဆီးများ ဆက်လက် ကြုံတွေ့နေရဆဲဖြစ်ပါသည်။ Treat With Me သည် အားလုံးပိုမိုအကျုံးဝင်ပြီး လူထုအခြေပြုသော ကျန်းမာရေးစနစ်အားကောင်းလာစေရန် လူထုကိုဗဟိုပြုလျက် ဦးစားပေးပံ့ပိုးလျက်ရိှပါသည်။
​ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားသည့် ရပ်ရွာအခြေပြု ကျန်းမာရေးစနစ်ကို အားဖြည့်ပေးခြင်းသည် ရောက်ရှိရန်ခက်ခဲသော ဒေသများရှိ အိတ်ချ်အိုင်ဗီရှိသူများဆီသို့ လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီစေရန် အဓိကသော့ချက်ဖြစ်ပါသည်။
​တစ်သီးပုဂ္ဂလ ဝန်ဆောင်မှုများထက် ကျန်းမာရေးဝန်ဆောင်မှု အမျိုးမျိုးကို စုံစုံလင်လင် ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် လူမှုအသိုက်အဝန်း၏ ကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူတိုင်းအကျုံးဝင်မှုနှင့် ကုသစောင့်ရှောက်မှုဆီ လက်လှမ်းမီမှုတို့ကို များစွာ တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

​ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုသည် ရဲရင့်သော ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုများအပြင် AIDS ရောဂါကို အဆုံးသတ်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသော စိတ်ဆန္ဒအပေါ်တွင် မူတည်နေပါသည်။
​Treat With Me မှ အိတ်ချ်အိုင်ဗီရှိသူများ အပါအဝင် မည်သူမျှ နောက်မကျန်ခဲ့စေရန်နှင့် လူတိုင်းအတွက် လက်လှမ်းမီနိုင်သော၊ အကျုံးဝင်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်အတွက် အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
​"အနှောင့်အယှက်များကို ကျော်ကာဖြတ်၊ တုံ့ပြန်မှုဖြင့် ရှေ့သို့ဆက်"

The slogan for World AIDS Day 2025 - "Overcoming disruption, transforming the AIDS response."

အပစ်ပယ်ခံရမှုနှင့် အမည်းစက်ထင်ခြင်းမှ ကင်းဝေးစွာ၊ အားလုံးရဲ့ မေတ္တာတရားဖြင့် စည်းလုံးစွာ ရပ်တည်ကြပါ။

​ #လက်လှမ်းမီသောစောင့်ရှောက်မှု

{Credit & Reference}

​The Global Fund - https://www.theglobalfund.org/en/events/world-aids-day/ (2024)

​Australian Embassy in Myanmar
​UNAIDS - Global AIDS Update (2025)

​World Health Organization (WHO) - WHO Global Health Sector Strategy on HIV 2022–2030

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon