IPro - Innovative Information Solution

IPro - Innovative Information Solution

Share

26/05/2025

ရွှေဆိုင်နှင့် ရွှေပန်းထိမ် လုပ်ငန်းများအတွက် ရွှေပန်းထိမ်စီမံခန့်ခွဲမှုနှင့်အရောင်းအဝယ်ဆိုင်ရာ စာရင်းများကို စနစ်တကျ စီမံခန့်ခွဲနိုင် ဖို့ ဆော့ဖ်ဝဲ ကောင်းကောင်း သုံးချင်တဲ့ လုပ်ငန်းရှင်များအတွက် iPro မှ ရေးဆွဲထားပြီး လက်ရှိလဲ အသုံးပြုနေကြတဲ့ Goldsmith and Trading Accounts နဲ့ မိတ်ဆက်ပေးပါရစေ...
☑️ ရွှေရည်အမျိုးအစား စိတ်ကြုက်သတ်မှတ် နိုင်ခြင်း
☑️ အလေးချိန်များအား ဂရမ်၊ ကျပ်ပဲရွေး များဖြင့် ပြသထားခြင်း
☑️ ဂရမ် နှင့် ကျပ်ပဲရွေး ဆက်သွယ်ချက် ဂဏန်းများ၊ ရွှေရည်အမျိုးအစား အမျိုးမျိုး မှ အခေါက်သို့ ပြောင်းလဲရန် ဆက်သွယ်ချက် ဂဏန်းများ ကို စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း
☑️ ရွှေထည်ပစ္စည်းများ စိတ်ကြိုက်သတ်မှတ်ပြီး ပစ္စည်းတခုစီတိုင်းအတွက် အလေးချိန်၊ အလျော့တွက်၊ လက်ခ၊ ပန်းထိမ် အလျော့တွက်များ သတ်မှတ်နိုင်ခြင်း
☑️ ပန်းထိမ်လုပ်ငန်းစဥ် အစ မှ အဆုံး အထိ အဆင့်ဆင့် (အလုပ်ချ၊ အလုပ်အပ်၊ စက်ဖြတ်၊ အရောင်တင်) လုပ်ငန်းများအတွက် စီမံခန့်ခွဲ စာရင်းသွင်းနိုင်ခြင်း
☑️ ပန်းထိမ် အလုပ်ချရာမှာ ‌ရွှေ အပြင် ပစ္စည်းများ ကိုပါ ပေးနိုင်ခြင်း
☑️ ပန်းထိမ် အလုပ်အပ်ရာမှာ ပစ္စည်း အမျိုးမျိုးကို အကြိမ်ကြိမ် လက်ခံနိုင်ခြင်း
☑️ ပန်းထိမ် အလုပ်ချရာတွင် လိုအပ်သော ရွှေ သို့မဟုတ် ပစ္စည်း ကို ထပ်ပေးနိုင်ခြင်း
☑️ ပန်းထိမ် လုပ်ရာတွင် လက်ခ ကို ရွှေ ငွေ နှစ်မျိုးစလုံးဖြင် သတ်မှတ်နိုင်ခြင်း
☑️ ပန်းထိမ် လုပ်ငန်းမှ အပျက်၊ အစ၊ လေလွင့်၊ စမ်းသပ်၊ အပို စသော အချက်အလက်များအား စာရင်းသွင်းနိုင်ခြင်း
☑️ ရွှေထည်ပစ္စည်းများသာမက ရွှေ အပိုင်းများကိုပါ ရောင်းချ ဝယ်ယူနိုင်ခြင်း
☑️ ရွှေ နှင့် ရွှေထည်ပစ္စည်းများ အား လက်လီ၊ လက်ကား၊ လက်ငင်း၊ အကြွေး၊ ကြိုပေးငွေ/ရွှေ စနစ်များဖြင့် ရောင်းချနိုင်ခြင်း
☑️ အရောင်း၊ အဝယ် များအား ငွေဖြင့်သာမက ရွှေရည် အမျိုးအစား အမျိုးမျိုး ဖြင့် ပေးချေနိုင်ခြင်း
☑️ ပစ္စည်းအရေအတွက်၊ သုံးစွဲမှုလက်ကျန် စသည်များကို စာရင်းအင်းများမှတဆင့် အလွယ်တကူ ကြည့်ရှု့နိုင်ခြင်း

သာမန် POS ထက် သာတဲ့ အချက်ကတော့ Accounting Features များပါဝင်ပြီး ERP ကဲ့သို့ စာရင်းအင်းများကို ပြည့်စုံစွာ စီမံခန့်ခွဲ ကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်။

Reports အစီရင်ခံစာများအနေနဲ့လဲ
📃 ပန်းထိမ် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရက်၊လ၊နှစ် များဖြင့် စစ်ဆေး ကြည့်ရှု့နိုင်ခြင်း
📃 အရောင်းအဝယ်ဆိုင်ရာ ကိစ္စရပ်များကို ရက်၊လ၊နှစ် များဖြင့် စစ်ဆေး ကြည့်ရှု့နိုင်ခြင်း
📃 အဝယ်စာရင်း၊ အရောင်းစာရင်း၊ ဝင်ငွေ နှင့် ကုန်ကျစရိတ် စာရင်း များ
📃 ပစ္စည်းလက်ကျန်စာရင်း၊ ပန်းထိမ်လက်ကျန်စာရင်း၊ အရောင်းပြေစာလက်ကျန် စာရင်းများ
📃 Customers များထံမှ ရရန်ရှိ စာရင်း၊ ပန်းထိမ်များထံမှ ရရန်ရှိစာရင်း များ
📃 Suppliers များထံသို့ ပေးရန်ရှိစာရင်းများ
📃 Cashbook နှင့် ရွှေ အမျိုးအစားအလိုက် သက်ဆိုင်ရာ လယ်ဂျာများ

စသည့် များအပြင် လုပ်ငန်းတခုလုံးရဲ့ ဆောင်ရွက်ချက်ကို အသေးစိတ်သိရှိနိုင်ရန် အခြား reports ပေါင်းများစွာပါဝင်ပြီး General Ledger နှင့် Balance Sheet အထိ ကြည့်ရှု့နိုင်သော ရွှေဆိုင် အတွက် သီးသန့် ရေဆွဲထားသော ဆော့ဖ်ဝဲ တခုဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းလိုအပ်ချက်အရ ထပ်ထည့်လိုသော အချက်အလက်များ၊ အခြား ကြည့်ရှု့လိုသော report များ ရှိပါကလည်း တိုင်ပင်ဆွေးနွေးပြီး ထပ်ထည့်နိုင်ပါတယ်။

ပေးရတဲ့စျေးနဲ့ တန်စေရမဲ့ ဆော့ဖ်ဝဲ ကို အသေးစိတ်သိချင်ပါက ဖုန်းနံပါတ် 09 254 2011 42 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်...

Photos from IPro - Innovative Information Solution's post 15/03/2023

လုပ်ငန်းတခုတွင် operation အပိုင်း အရေးကြီး သလို ငွေရေးကြေးရေး ဘဏ္ဍာရေး အခြေအနေကို ဆောင်ရွက်သည့် Finance အပိုင်းလည်း အလွန် အရေးကြီးပါသည်။
Operation အပိုင်းမှ ရှာသမျှကို Finance Department မှ ထိန်းချုပ်အားကောင်းမှသာ လုပ်ငန်းသည် အပြည့်အဝ တိုးတက်မှု ရရှိမည် ဖြစ်ပါသည်။ အကယ်၍ Finance Department မှ ထိန်းချုပ်အား လျော့နည်းပါက လုပ်ငန်းအတွက် မှန်းဆ၍ ခက်ခဲသောဆုံးရှုံးမှု့များ ဖြစ်လာနိုင်ပါသည်။
iPro Innovative Information Solution မှ ရေးသား ပြုစု ထားသော Manufacturing and Trading Accounting software သည် ၂၀၁၁ မှ ယနေ့တိုင် သုံးစွဲဆဲ ဖြစ်၍ Latest version သို့ update လုပ်ထား သော Software ဖြစ်ပါသည်။
ထို့ကြောင့် Finance Department မှထိန်းချုပ်အား ကောင်းရန် စာရင်းအင်းများ သွင်းသည်နှင့်တပြိုင်တည်း သက်ဆိုင်ရာ
- Inventory
- Customer/Supplier Ledger
- General Ledger
- Financial Report
များအထိ တိုက်ရိုက် စာရင်းဝင် နိုင်သည့် Software ဖြစ်သည့် အပြင် သုံးစွဲမှု သက်တန်း ကြာသည့် software ဖြစ်ပါသည်။
အဆိုပါ Manufacturing and Trading Accounting software သည် ကုန်ကြမ်း မှ စ၍ ကုန်ချော အရောင်း အဝယ် အထိ တကြိမ် entry သွင်း ရုံဖြင့် Inventory, Customer/Supplier Ledger, General Ledger, Balance Sheet ,Profit or loss and Trial balance အထိ တိုက်ရိုက် စာရင်း ဝင် ရန် Double Entry System ဖြင့် ချိတ်ဆက် ထားပြီး ဖြစ်ပါသောကြောင့် Control အားကောင်း ပါသည်။
ထို့အပြင် Report စုံစုံလင်လင် ရှိသည့် အပြင် လုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် ကိုက်ညီရန် ထပ်မံလိုအပ်သော Report များရှိပါက အချိန်မရွေး ရေးဆွဲပေးနိုင်ပါသည်။
ဤ Software ရှိ စာရင်း သွင်း ပုံစံ တချို့ နှင့် Report တချို့များအား နမူနာ ပြထားပေးပါသည်။
Manufacturing and Trading Accounting software ကို လေ့လာလိုပါက လူကြီးမင်း လုပ်ငန်း အရောက် လာရောက် ရှင်းပြပေးမှာ ဖြစ်သလို Zoon meeting ဖြင့်လည်း ရှင်းပြပေးမည် ဖြစ်ပါသည်။

အသေးစိတ် သိလိုပါက ဆက်သွယ်နိုင်ပါသည် -
အမှတ် ၁၇၄ (ခ) ကျန်စစ်သား လမ်း၊ ကြီးပွားရေး ရပ်ကွက် (မြောက်ပိုင်း)၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်းနံပါတ် ၀၉ ၂၅၄၂၀ ၁၁၄၂၊ ၀၉ ၄၂၂၈၉ ၅၀၆။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 1723/A, Nawaday Street, 71 Ward, South Dagon
Yangon