မြန်မာကြေးဘောလုံးဒိုင်

မြန်မာကြေးဘောလုံးဒိုင်

Share

23/04/2026

ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရေပန်းစားသူထဲ
ဖာဘရီဂတ်စ်လည်း ပါဝင်လာခဲ့တယ်။

ဖာဘရီဂတ်စ်က စီးရီးအေကလပ်ကိုမိုအသင်းနဲ့အတူ
နည်းပြဘဝအမြင့်ပျံနေသူဖြစ်ပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်

19/04/2026

■ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဆိုစီဒက်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲ

၂၀၂၅-၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆိုစီဒက်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်စွဲခဲ့ပါတယ်။

ဆိုစီဒက်အသင်းက ဘယ်ရန်နက်ရှီယာ(၁ မိနစ်)၊ အော်ယာဇာဘယ်လ်(၄၅+၁ မိနစ် ပယ်နယ်တီ)ဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်ခဲ့ပြီး လွတ်ခ်မန်း
(၁၈ မိနစ်)၊ အယ်လ်ဗာရက်ဇ်(၈၃ မိနစ်)တို့က ချေပဂိုးတွေ လိုက်သွင်းခဲ့ရတာဖြစ်တယ်။

ပယ်နယ်တီမှာတော့ ဆိုစီဒက်ဂိုးသမား မာရဲရိုးက အက်သလက်တီကိုအသင်းရဲ့ ဆော်လော့သ်၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ပထမဆုံး ပယ်နယ်တီနှစ်လုံးကို ကာကွယ်ပြီး ၄-၃ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ဆိုစီဒက်အသင်းဟာ စပိန်ဘုရင့်ဖလားမှာ စတုတ္ထအကြိမ်မြောက် ဗိုလ်စွဲပြီး ၂၀၂၀ ခုနှစ်ကတည်းက ပထမဆုံးဖလားလည်း ဖြစ်ခဲ့တယ်။

ဆိုစီဒက်အသင်းနည်းပြ မာတာရက်ဇိုလည်း ဥရောပမြေမှာ မေဂျာဖလားရယူနိုင်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားနည်းပြ ဖြစ်လာခဲ့တယ်။

အက်သလက်တီကိုအသင်းက အခုရာသီ ဖလားမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ဖလားသာ ကျန်ပါတော့တယ်။

Photos: B/R Football

Crd

#မြန်မာကြေးဘောလုံးဒိုင်

12/04/2026

ဒေဝေါကြီးလာနေပြီ (သို့မဟုတ်) မန်စီးတီးလာနေပြီ
***
*
မန်စီးတီးက ချယ်လ်ဆီးကို ၃ − ၀ နဲ့ အနိုင်ယူသွားတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုနေတဲ့ ချယ်လ်ဆီးက ဂိုးပြတ်ရှုံးတယ်ဆိုပေမဲ့ ပထမပိုင်းမှာတော့ ကစားပုံ မဆိုးခဲ့ဘူးလို့ မြင်ပါတယ်။ မန်စီးတီးကို အခက်အခဲတွေ ပေးနိုင်ခဲ့တာပါ။
ဒါပေမဲ့ မန်စီးတီးရဲ့ ဒုတိယပိုင်းကစားပုံက ချယ်လ်ဆီးကို အသက်ရှူဖို့ မေ့သွားစေပုံပါပဲ။ ၁၇ မိနစ်အတွင်း ၃ ဂိုးသွင်းခံရလောက်အောင် ချယ်လ်ဆီးတို့ အာရုံထွေပြားသွားသလားပဲ။ ပထမပိုင်းမှာ လုပ်ပြနိုင်ခဲ့တဲ့ ချယ်လ်ဆီးက စတန်းဖို့ဒ်ဘရစ်ချ်မှာ တကယ်ပဲ ပျောက်ဆုံးသွားခဲ့တာပါ။
မန်စီးတီးမှာ ချီးကျူးရမှာကတော့ အိုရိုင်လေလို့ပဲ မြင်ပါတယ်။ ဘယ်တစ်ခြမ်းမှာ ခံစစ်၊ တိုက်စစ်၊ ကွင်းလယ် နံပါတ် ၆ နေရာတွေ အကုန်ကစားခဲ့ပြီး အသင်းအတွက် အတော်လေးကို အကူအညီ ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
အိုရိုင်လေဟာ မန်စီးတီးအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းပေးခဲ့တယ်။ အဲဒီဂိုးကြောင့်ပဲ ချယ်လ်ဆီးဟာ အာရုံစိုက်မှု လျော့ကျသွားပြီး ဖိအားဝင်သွားတဲ့ ပုံပါပဲ။ အဲဒီနောက်မှာတော့ ချာကီက ဒီပွဲအတွက် သူ့ရဲ့ ဒုတိယမြောက် ဂိုးဖန်တီးမှုကို ပြုလုပ်ခဲ့ပြီး ဂူဟီက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတော့တယ်။
အိမ်ကွင်းမှာ ၂ ဂိုးပေးလိုက်ရပြီးတဲ့နောက် ချယ်လ်ဆီးတို့ တုံ့ပြန်လာမယ်ထင်ခဲ့ပေမဲ့လည်း မန်စီးတီးကပဲ ပွဲကို အပြတ်ဖြတ်နိုင်စေမဲ့ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူလိုက်ပြန်ပါတော့တယ်။ ဒိုကူရဲ့ သွင်းဂိုးအပြီးမှာတော့ မန်စီးတီးဟာ ပိုပြီးတော့ ယုံကြည်ချက်ရှိသွားတဲ့ ပုံစံနဲ့ ပွဲကို သက်သောင့်သက်သာ ကစားသွားတာပါ။
ချယ်လ်ဆီးက ဒီပွဲရှုံးသွားလို့ အဆင့် ၅ နေရာက လီဗာပူးနဲ့ ၄ မှတ်ကွာဟသွားပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်လာရပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီပွဲအနိုင်ရသွားတာကြောင့် အာဆင်နယ်နဲ့ (တစ်ပွဲကျန်) ၆ မှတ်အကွာကို ရောက်လာပြီ ဖြစ်ပါတယ်။ ရာသီကုန်ဆုံးဖို့ ၆ ပွဲသာ ကျန်တော့တဲ့အချိန် ဦးဆောင်သူနဲ့ ၆ မှတ်အထိ ကွာဟနေတယ်ဆိုပေမဲ့ မန်စီးတီးဖြစ်နေတာကြောင့် အားလုံးက စောင့်ကြည့်နေရတဲ့ အခြေအနေပါ။
မန်စီးတီးဟာ လက်ကျန်ပွဲကို အနိုင်ရမယ်ဆိုရင် ပွဲအရေအတွက်တူချိန်မှာ အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်သွားပါလိမ့်မယ်။ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ချိန်မှာ မန်စီးတီးကသာ အနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တူပြီး ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ကျန်ပွဲတွေမှာ အမှားမလုပ်ဘဲ နိုင်ပွဲယူဖို့ လိုသလို၊ မန်စီးတီးနဲ့ပွဲမှာလည်း အနိမ့်ဆုံး သရေ ရလဒ်လောက်တော့ အရယူဖို့ လိုပါတယ်။ ဒါပေမဲ့ မန်စီးတီး လိုက်လာနေပုံက အဝေးကနေ သည်းကြီးမည်းကြီးနဲ့ ရွာပြီး ကိုယ့်အနားရောက်လာတဲ့ “ထစ်ချုန်းမိုး” လိုပုံစံမျိုးပါ။
ကောင်းကင်ဟာ မည်းမှောင်နေပြီး ဝေါကနဲရွာနေတဲ့ မိုးသံကို ကြားနေရင်း ကိုယ့်အနားကိုရောက်လာပြီး ရွဲစိုသွားစေသလိုပါပဲ။ စာရေးသူတို့ ငယ်ငယ်က ဒေဝေါကြီးလာပြီလို့ပြောရင် ကြောက်ကြသလို မန်စီးတီးလာပြီလို့ပြောရင် ကြောက်နေကြမလားတော့ မပြောတတ်ပါ။
အမှတ်ပေးဇယားမှာ အာဆင်နယ်က ၆ မှတ်အသာနဲ့ ဦးဆောင်ထားတယ်ဆိုပေမဲ့ ဒီနှစ်သင်းကြား ချန်ပီယံဖြစ်ဖို့ အခွင့်အရေးက ၅၀ − ၅၀ လို ဖြစ်သွားတယ်လို့ပဲ ပြောရတော့မှာပါ။

Crd

#မြန်မာကြေးဘောလုံးဒိုင်

Photos from မြန်မာကြေးဘောလုံးဒိုင်'s post 10/04/2026

လာမယ့် ရာသီကြိုကာလအတွင်း အက်သလက်တီကို၊ PSG တို့အပါအဝင် ပြိုင်ဘက်ငါးသင်းနဲ့ ခြေစမ်းကစားသွားမယ်လို့ မန်ယူအသင်း အတည်ပြု

မန်ယူအသင်းက လာမယ့် ၂၀၂၆-၂၇ ရာသီကြိုကာလအတွင်း ပြိုင်ဘက်ငါးသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပြီး အဆိုပါပြိုင်ဘက်တွေထဲမှာ ဥရောပထိပ်သီးတွေဖြစ်တဲ့ အက်သလက်တီကို၊ PSG တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ လာမယ့် ရာသီကြိုကာလမှာ ဥရောပနိုင်ငံတွေမှာသာ ခြေစမ်းပွဲတွေ လှည့်လည်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပြီး ဖင်လန်၊ နော်ဝေ၊ ဆွီဒင်နဲ့ အိုင်ယာလန်တို့မှာ ခြေစမ်းကစားသွားမှာပါ။

မန်ယူအသင်း အတည်ပြုထုတ်ပြန်လိုက်တဲ့ ပွဲစဉ်ဇယားအရ ဇူလိုင် ၁၈ ရက်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ရက်ခ်ဆမ်နဲ့ ဖင်လန်နိုင်ငံမှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဇူလိုင် ၂၄ မှာ နော်ဝေကလပ် ရိုစင်ဘော့အသင်းနဲ့ နော်ဝေနိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အဲဒီနောက် သြဂုတ် ၁ မှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနဲ့ ဆွီဒင်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာပါ။

အဲဒီပွဲစဉ်ကို Snapdragon Cup ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တောကြောင့် ဆုဖလားချီးမြှင့်မှာဖြစ်ကြေင်း သိရပါတယ်။

အဲဒီနောက် သြဂုတ် ၈ မှာ ပြင်သစ်ထိပ်သီး PSG အသင်းနဲ့ ဆွီဒင်နိုင်ငံမှာပဲ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သြဂုတ် ၁၂ မှာ လိဒ်စ်အသင်းနဲ့ အိုင်ယာလန်နိုင်ငံမှာ ယှဉ်ပြိုင်မှာပါ။

PSG၊ လိဒ်စ်တို့နဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်တွေကို Snapdragon Tour လို့ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

Crd

#မြန်မာကြေးဘောလုံးဒိုင်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon