Digital Innovate Myanmar
08/01/2023
Please Join Now!
22/12/2022
ကျဆင်းနေတဲ့ မြန်မာမတ်ပဲ ၁ သိန်းကျပ်ဝန်းကျင်ထိ ပြန်လည်မြင့်တက်လာကြောင်းသိရ
ယခင်က ဈေးနှုန်းကျဆင်းနေတဲ့ မြန်မာမတ်ပဲဟာ အိန္ဒိယနိုင်ငံမှ ဝယ်လိုအားများလာမှုနဲ့ ဈေးပိုပေးမှုအခြေအနေနဲ့ ပြည်တွင်းမှာ မတ်ပဲအရေအတွက် နည်းလာတဲ့
အခြေအနေကြောင့် ဈေးနှုန်းပြန်လည်မြင့်တင့်လာတယ်လို့သိရပါတယ်.
ယခင်က တစ်တန် ကျပ် ၁၇ သိန်း ၈သောင်းရှိခဲ့ရမှာ ယခု ဒီဇင်ဘာလမှ တစ်တန် ကျပ် ၁၈ သိန်း ၃ သောင်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်.
Digital Innovate Myanmar
21/12/2022
🤔ဆောင်းရာသီမှာ အသားပက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ?
👉ဆောင်းရာသီရဲ့အေးစက်စက် ရာသီဥတုနဲ့ တိုက်ခတ်တဲ့လေတွေဟာ
အသားအရေရဲ့ အစိုဓာတ်ကို ခမ်းခြောက်စေပြီး အသားပပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
🥰အသားအရေတွေ ခြောက်သွေ့ယားယံပြီး အသားပပ်တဲ့အခါမျိုးမှာ
အခုဖော်ပြပေးမယ့် နည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
(၁) ဆောင်းရာသီအတွက်တော့ သာမန်ရေချိုးဆပ်ပြာတွေဟာ
အသားအရေရဲ့အစိုဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် အဆီဓာတ်ပါတဲ့
သဘာဝပစ္စည်းတွေကို အခြေခံပြုလုပ်ထားတဲ့ ဆပ်ပြာမျိုးကို
ရွေးချယ်အသုံးပြုသင့်ပါတယ်။
(၂) အသားအရေတွေ ယားယံပြီး အသားပပ်နေတဲ့ အရေပြားနေရာကို
အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီကို ညအိပ်ရာဝင်ကာနီးတိုင်း လိမ်းပေးခြင်းအားဖြင့်
အသားအရေတွေ ခြောက်သွေ့ယားယံခြင်းကို သက်သာပျောက်ကင်းစေမှာပါ။
(၃) အသားပပ်ခြင်းကို သက်သာစေဖိုအတွက် နောက်ထပ်အရေးကြီးတဲ့
နည်းလမ်းတခုကတော့ အစိုဓာတ်ထိန်းခရင်မ် (moisturizer)တွေကို
ပုံမှန်အသုံးပြုပေးဖိုပဲ ဖြစ်ပါတယ်။
(၄) အသားပပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အရိုးရှင်းဆုံး
နောက်ထပ်နည်းလမ်းတခုကတော့ ရေများများသောက်ပေးခြင်းပါပဲ။
ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတဲ့အခါမျိုးမှာ အသားအရေဟာ
ပိုမိုခြောက်သွေ့တတ်တာကြောင့် ရေများများသောက်ပေးဖိုကိုလည်း
မမေ့မလျော့ ပြုလုပ်ပေးသင့်ပါတယ်။
(၅) ရေကြာကြာချိုးခြင်းနဲ့ မကြာခဏရေချိုးခြင်းတိုဟာ
အသားအရေရဲ့ အဆီဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့်
ရေချိုးတဲ့အခါ အချိန်ကြာကြာ မချိုးသင့်ပါဘူး။
သင်ဟာ ရေမကြာခဏချိုးတတ်သူတဦးဆိုရင်တော့ ရေချိုးပြီးတဲ့အခါ
အစိုဓာတ်ထိန်းခရင်မ်ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။
Digital Innovate Myanmar မှ ယခုလို ကျန်းမာရေးအသိပညာပေးများ ပုံမှန်တင်ပေးသွားမှာဖြစ်လို့ ယခုပို့စ်ကို မျှဝေပေးဖို့ မမေ့နဲ့နော်🥰😘
Click here to claim your Sponsored Listing.