Note to self
09/09/2025
ခဏလေး ရပ်နားပါ
ဒါပေမယ့် လုံးဝ နောက်မှာမကျန်ခဲ့ပါနဲ့
ဘဝဟာ စမ်းသပ်မှုတွေနဲ့ ပြည့်နေတဲ့ ခရီးတစ်ခုလိုပါပဲဒီလမ်းမှာ ငါတို့အားလုံး ချော်လဲဖူးကြတယ်၊ အမှားတွေ အကြိမ်ကြိမ်လုပ်ခဲ့ဖူးကြတယ်
တစ်ခါတလေ ကိုယ့်ရဲ့အမှားဟာ ကိုယ်ပဲ ထပ်ခါထပ်ခါ လုပ်မိနေတယ်လို့ ခံစားရတတ်ပါတယ်
ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ "ငါဘာလို့ ဒီလိုလုပ်မိရတာလဲ" လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ဖို့ မဟုတ်ဘူး "ငါဒီအမှားကနေ ဘာတွေသင်ယူလိုက်နိုင်လဲ" ဆိုတဲ့ မေးခွန်းကို မေးကြည့်ဖို့ပါ
အမှားတစ်ခုကို ထပ်ခါထပ်ခါလုပ်မိတိုင်းဒီသင်ခန်းစာက သင့်အတွက် အရေးကြီးသေးတယ်ဆိုတဲ့ သဘောပါပဲ
ဒါဟာ သင့်ရဲ့ ကြိုးစားအားထုတ်မှုကို ဆုံးရှုံးတာ မဟုတ်ပါဘူး
သင်ယူနေရတဲ့ ဖြစ်စဉ်ပါ
သင့်ကို အားနည်းအောင် လုပ်တဲ့အရာ မဟုတ်ပါဘူး
ပိုမိုခိုင်မာလာစေဖို့ ခံစားရတဲ့နာကျင်မှုပါ
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ
လူတွေအားလုံးမှာ အမှားဆိုတာတော့ရှိကြတာပဲ
ခဏနားပါ စိတ်ကို အသက်ရှုချိန်ပေးပြီးပြန်ထလာပါ ဒီတခါတော့ ရှေ့က ချော်လဲမှုတွေကို သင်ခန်းစာအဖြစ် ယူဆောင်လာပါ။
သင့်ရဲ့ တန်ဖိုးဟာ သင်လုပ်မိတဲ့ အမှားတွေမှာ မဟုတ်ပါဘူး... သင် ဒီအမှားတွေကနေ ပြန်ထလာတဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်မှာပါ ဘာပဲဖြစ်ဖြစ်သင်ပြန်ထနိုင်ခဲ့တယ်💪💪💪💪 #စာပေ #စိတ်ခွန်အား
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |