RITZ Professional Test Center
Now, we changed to "RITZ Professional Test Center”.We provide the highest levels of service. Online Testing Services
20/03/2026
✈️ နိုင်ငံခြားထွက်ဖို့ English Test ဖြေရမယ်ဆိုရင် ခေါင်းထဲ အရင်ဆုံး ရောက်လာတာ IELTS ဖြစ်မှာပါ။
ဒါပေမဲ့ အခုနောက်ပိုင်းမှာဆိုရင် "Visa ရဖို့၊ ကျောင်းလျှောက်ဖို့ အမြန်ဆုံး ထွက်ပေါက်" ဖြစ်လာတဲ့ PTE Exam ကိုလည်း အဖြေများလာကြပါတယ်။
ဒီတော့ PTE Exam ဆိုတာ ဘာလဲ❓
ဘယ်သူတွေနဲ့ ကိုက်ညီလဲ❓
သိချင်နေကြမယ့် ညီငယ်၊ ညီမငယ်တို့အတွက် အောက်မှာ ပုံလေးတွေနဲ့ အသေးစိတ် ရှင်းပြပေးလိုက်ပါတယ်။
အားလုံးပဲ ကိုယ်စီအနာဂတ်အတွက် အကောင်းဆုံး လမ်းကြောင်းတွေကို ရွေးချယ်နိုင်ကြပါစေ။ အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့အတွက်ကိုတော့ Ritz က ကူညီပေးသွားပါမယ်။
𝗥𝗶𝘁𝘇 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗧𝗲𝘀𝘁 𝗖𝗲𝗻𝘁𝗲𝗿
📞 +95 9 45319 3857
🌐 https://exam-center.ritz.com.mm
📍 Room 6, Building 7, MICT Park, Hlaing Tsp., Yangon, Myanmar
11/03/2026
လူငယ်တွေရဲ့ အဘိဓာန်ထဲကနေ လုံးဝ ဖျောက်ပစ်လိုက်သင့်တဲ့ စကားလုံးတစ်ခုက ...
🗣 တစ်နေ့နေ့ ဆိုတဲ့ စကားလုံးပါ။
"တစ်နေ့နေ့တော့ လုပ်ဖြစ်မှာပါ"
"တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့"
သတင်းဆိုးက အဲ့ဒီ တစ်နေ့နေ့ဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
သတင်းကောင်းကတော့ ဒါကို သိထားရင် ပြောင်းလဲရတာ လွယ်လွယ်လေးပါပဲ။
ကိုယ်တကယ်လိုချင်တဲ့ ဘဝကို ကိုယ်တိုင် သေချာပုံဖော် တည်ဆောက်နိုင်ချင်ရင် 🎯 အိပ်မက်တွေ SMART ဖြစ်ဖို့ လိုပါတယ်။ ဥပမာ -
Specific: နိုင်ငံခြား ထွက်ချင်တယ်။ ဘယ်နိုင်ငံကို သွားမှာလဲ၊ ဘာလုပ်မှာလဲ။ တိကျရမယ်။
Measurable: လုပ်ချင်တာသိပြီဆို လုပ်ရမယ့် ပန်းတိုင်တွေချပါ။ ဒါမှ ကိုယ်ရောက်နေတဲ့ အဆင့်ကို တိုင်းတာလို့ ရမယ်။
Achievable: ပန်းတိုင်က ကိုယ်တကယ်လုပ်နိုင်တာ ဖြစ်ဖို့လည်း လိုတယ်။ လက်တွေ့ကျရမယ်။
Relevant: ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်အတွက် အမှန်တကယ် လိုအပ်တာတွေကိုပဲ လုပ်။ ဒါမှ လမ်းကြောင်းမှန်မယ်။
Time-bound: အဆင်သင့်ဖြစ်မှ ဆိုတာမျိုးက အလုပ်မဖြစ်ဘူး။ ဘယ်တော့ ဘာလုပ်မယ်ဆိုတာ အချိန် အတိအကျ သတ်မှတ်ထားရမယ်။
ဒီလို တိကျတဲ့ ရည်မှန်းချက်ထားပြီး တစိုက်မတ်မတ် ကြိုးစားတာက အနာဂတ်ခိုင်မာဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ။
ကိုယ့်မှာရော SMART Goal ရှိနေပြီလား ... Yes or No❓
🌟 အမြင့်မားဆုံး အိပ်မက်တွေဆီ ပျံသန်းနိုင်ဖို့ရာ Ritz ကနေ ကူညီပံ့ပိုးသွားဖို့ အမြဲ အသင့်ရှိနေပါတယ်။
𝗥𝗶𝘁𝘇 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗧𝗲𝘀𝘁 𝗖𝗲𝗻𝘁𝗲𝗿
📞 +95 9 45319 3857
🌐 https://exam-center.ritz.com.mm
📍 Room 6, Building 7, MICT Park, Hlaing Tsp., Yangon, Myanmar
05/03/2026
📣 အလုပ်ခေါ်ယူနေပါသည် – Test Center Administrator
📍 အလုပ်နေရာ – Hlaing-MICT Park, Hlaing Township
📌 ခေါ်ယူမည့်အရေအတွက် – (၂)ဦး
🔹 စိတ်အားထက်သန်ပြီး သင်ယူလေ့လာလိုစိတ်ရှိသူ
🔹 ပြောဆိုဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ
🔹 အသက် (၁၈ – ၃၀) နှစ်အတွင်း အမျိုးသမီး (ဦးစားပေး)
🔹 အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ
🔹 ရိုးသားမှုရှိပြီး ကြိုးစားအားထုတ်လိုစိတ်ရှိသူ
နိုင်ငံတကာစာမေးပွဲများအား Online System ဖြင့် တာဝန်ယူကျင်းပပေးရသော လုပ်ငန်းခွင်ဖြစ်သည့်အတွက် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံအပြင်၊
နည်းစနစ်ကျသည့် International Working Culture ကိုပါ လေ့လာနိုင်မည်ဖြစ်ပါသည်။
လုပ်ငန်းခွင်အတွေ့အကြုံလိုချင်သူ လူငယ်များ၊ သင်ယူလေ့လာမှု၊ စိန်ခေါ်မှုများဖြင့် မိမိကိုယ်ကို တိုးတက်စေရန် ရည်ရွယ်ထားသူများအတွက်
ပတ်ဝန်းကျင်ကောင်း တခုအဖြစ် လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။
🕘 အလုပ်ချိန် – မနက် ၉:၀၀ မှ ညနေ ၅:၀၀ အထိ
🛏️ နားရက် – တစ်ပတ်လျှင် (၁) ရက်
💰 လစာ – Basic Salary + Reward + other allowance
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ Professional CV Form (PDF) ကို အောက်ပါ Channel များသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
• Viber: 09 677 347 406
• Email: [email protected]
01/01/2026
Happy New Year 2026🎊🎆
နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်ဝကာ နေ့ရက်တိုင်းပျော်ရွှင်ကြပါစေလို့ "Ritz Professional Test Center " မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။🙏😇
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |