Math Stars Academy - MSA
Math Stars Academy - MSA ဆိုတာ Cambridge/ Singapore သင်ရိုးညွှန်းတမ်းများအတိုင်း International Math ကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
MSA တွင် Academic Math နှင့် Olympiad Math ကိုအဓိက သင်ကြားပေးမှာဖြစ်ပြီး အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ရျ် ဖွင့်လှစ်ထားပါတယ်။
မြန်မာနိုင်ငံတွင်သာမက နိုင်ငံခြားရောက်နေတဲ့ သားသားမီးမီးတို့အနေဖြင့် Internet ရှိရုံဖြင့် Zo
16/11/2025
Our math stars 's weekend learning moments 🥰
02/11/2025
တန်ဆောင်မုန်းလပြည့်နေ့ ကျောင်းပိတ်ရက် ကြေငြာခြင်း
31/10/2025
ပုစ္ဆာတစ်ခုကို တွက်တဲ့အခါ အလွယ်ဆုံးနဲ့ အမြန်ဆုံး အဖြေရမယ့် လမ်းကြောင်း ကိုပဲ ရှာနေတတ်ကြတယ် မဟုတ်လား? 🏃♂️ အဲဒီလို Shortcuts တွေ က အဆင်ပြေပေမဲ့၊ သင်္ချာဘာသာရပ်ရဲ့ အဓိက Concept ကို ခိုင်ခိုင်မာမာ သိစေဖို့ ဆိုရင်တော့ အခြေခံ အဆင့်ဆင့်ကို လိုက်နာဖို့ လိုအပ်ပါတယ်။ 📚
ဒါဆိုရင် အမြန်နည်းလမ်းတွေကနေ ဘာကြောင့် ရှောင်ရှားဖို့ လိုအပ်တာလဲဆိုတာကို၊ သားသားမီးမီးတို့က ခက်ခဲတဲ့ ပုစ္ဆာတစ်ခုကို တွက်တဲ့အခါ ရှောင်ရှားသင့်တဲ့ အချက်တွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ 👇
သားသားမီးမီးတို့က ပုစ္ဆာတစ်ပုဒ်ကို တွက်တဲ့အခါ၊ အမြန်နည်းလမ်းတွေက အဖြေကို ချက်ချင်းပေးနိုင်လိမ့်မယ်။ ⚡️ ဒါပေမဲ့ အဲဒီလို ချက်ချင်းရတဲ့အခါ "ဘာကြောင့် ဒီအဖြေမှန်ရတာလဲ" ဆိုတဲ့ အယူအဆ (Concept) ကို နားလည်ဖို့ မေ့သွားတတ်တယ်နော်။ 🧠 အဲဒီနည်းလမ်းတွေက "တွက်နည်းရဲ့ အခြေခံ" ကို ဖျောက်ထားတတ်တဲ့အတွက် ပုံစံပြောင်းသွားတဲ့ ပုစ္ဆာအသစ်တွေ ကြုံရင် ပြန်ပြီး အခက်တွေ့နိုင်ပါတယ်။ 😥
ဒါကြောင့် အမြန်နည်းကို အလွတ်ကျက်ထားတာထက် အခြေခံ နည်းလမ်းကို ပင်ပန်းခံပြီး ကျွမ်းကျင်အောင် လုပ်ထားခြင်း ဟာ အများကြီး အကျိုး ရှိပါတယ်။ 💪 ဘာလို့လဲဆိုတော့ အခြေခံ ခိုင်မာသွားတဲ့အခါ ခက်ခဲတဲ့ သင်္ချာပြဿနာတွေကို ဘယ်လိုပုံစံမျိုးနဲ့လာလာ ရင်ဆိုင်ဖြေရှင်းနိုင်မယ့် စွမ်းရည် ကို ရရှိစေမှာပါ။ 🌟
💪 ကိုယ်ပိုင် တွေးခေါ်မှု စွမ်းရည်ကို ဘယ်လို့တည်ဆောက်မလဲဆိုရင် သားသားမီးမီးတို့က ပုစ္ဆာတစ်ခုကို တွက်တဲ့အခါ ပထမဆုံး နည်းလမ်း (အခြေခံ) အတိုင်း တစ်ဆင့်ချင်းစီ စနစ်တကျ တွက်ကြည့်ပါနော်။ ✍️ ကိုယ့်ရဲ့ တွက်ချက်ပုံဟာ အဆင့်တွေ ရှင်းရှင်းလင်းလင်းနဲ့ စနစ်ကျနေပြီ ဆိုရင် နောက်ပိုင်းမှ အလွယ်နည်း (Shortcut) တွေကို စမ်းသပ်နိုင်ပါတယ်။
ဆရာ/ဆရာမတွေက သားသားမီးမီးတို့ရဲ့ အဖြေ မှန်ထက် "အဆင့်ဆင့် တွက်ချက်ပုံ" ကို ပိုပြီး စိတ်ဝင်စားတယ်ဆိုတာ သတိရပါ။ ✅ ဒီလို အဆင့်ဆင့် တွက်ချက်ပုံကို မြင်ခြင်းအားဖြင့် သားသားမီးမီးတို့ဟာ အမှန်တကယ် နားလည်သွားပြီ ဆိုတာ ဆရာ/ဆရာမတွေ သိနိုင်ပါလိမ့်မယ်။ 👩🏫
ဒါကြောင့် သားသားမီးမီးတို့က သင်္ချာပုစ္ဆာတွေ တွက်တဲ့အခါ အမြန်နည်းကို မသုံးဘဲ၊ အခြေခံကို ခိုင်မာအောင် လုပ်ဆောင်ခြင်းဟာ အမှန်တကယ် ကျွမ်းကျင်မှုရရှိဖို့ အကောင်းဆုံးနည်းလမ်း ပဲ ဖြစ်ပါတယ်! 💯🚀
09 40 10 60 458 / 09 40 10 60 459
တည်နေရာ: တိုက်(တိုက်၈၄/၈၆) ၊ ၅၂လမ်း (အလယ်ဘလောက်) ၊ ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့ ။
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Building No (86-84), Ground Floor, 52nd Street, (Middle Block), Pazundaung Township
Yangon
11171