HIV Knowledge Myanmar

HIV Knowledge Myanmar

Share

09/09/2024

အကာကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ HIVပိုးကူးစက်ခံရပြီလားဆိုပြီး အမြဲတန်းလိုလို စိုးရိမ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သာမာန်ဖျားတာနာတာတောင် HIVပိုးကြောင့် ဖျား​နေတာများလားဆိုပြီး သံသယစိတ်​တွေဝင် အိပ်မ​ပျော်စားမရ ဖြစ်တတ် ကြပါတယ် ။

အမှန်တော့....
HIVပိုးက ဘယ်လိုလက္ခဏာကိုမှကြည့်ပြီး ရှိ ၊ မရှိ မသိနိုင်ပါဘူး။ HIV ပိုး ရှိ ၊ မရှိ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက သွေးစစ်ဆေးခြင်းပဲဖြစ်ပါတယ် ။

ဒါကြောင့် မိမိမှာ HIV ပိုးကူးစက်ခံရမယ့်အခြေအနေရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် သံသယရှိတယ်ဆိုရင် အနည်းဆုံးသုံးလပြည့်တဲ့အချိန်မှာ သွေးစစ်ဆေးသင့်ပါတယ် ။

HIV ပိုးအတွက် အခမဲ့ တိုင်ပင်ဆွေးနွေး ၊ စစ်ဆေး ၊ ကုသမှုခံယူ ချင်တယ် ဆိုရင်တော့ Messenger မှာ အခမဲ့လာရောက်တိုင်ပင် ဆွေးနွေး ဘိုကင်တင်နိုင်ပါတယ် ။

#ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ #ကွန်ဒုံး #ကာလသားရောဂါ

02/09/2024

စစ် စစ် စစ်..

လူတယောက်ဟာ လိင်ဆက်ဆံမှုတခုကြောင့်ဖြစ်ဖြစ် မတော်တဆမှုကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် Hiv ကူးစက်ခံရပြီဆိုပြီး အကြမ်းဖျဥ်းယူဆကြပါတယ်...ယူဆတာက ပြသနာမဟုတ်ပေမယ့်..အဲအယူအဆကို စွဲပြီးကြောက်လန့်တတ်တာကတော့ ပြသနာပါပဲ..

ဒါဆို ဒီပြသာနာကို ဖြေရှင်းနည်းက ဘာလဲဆိုတော့ ထိတွေမှူပြုအပြီး သုံးလအကြာမှာသွေးစစ်လိုက်တာပါပဲ..သုံးလပြည့်ရင် စစ်တဲ့ Antibody Test ရဲ့အဖြေက အဖြေမှန်ပါပဲ..ဒါကြောင့် သုံးလပြည့်အဖြေကိုလုံးဝစိတ်ချယုံကြည့်လိုက်ပါ..လွန်ခဲ့တဲ့ သုံးလက ငါရဲ့လုပ်ရပ်ကနေ လုံးဝမကူးဘူး ဆိုပြီး စိတ်လွတ်ကိုယ်လွတ် ပျော်လိုက်ပါ..ငါ့မှာ Hiv မရှိဘူးဆိုတာ လုံးဝလက်ခံလိုက်ပါ..(သုတေသနတွေအရ တကယ်သာ Hiv ပိုးရှိရင် ၁၈ ရက်ကနေ ၄၅ ရက်အတွင်း ပေါ်ကိုပေါ်ပါတယ်ဗျ...သူလည်း ခေတ်မှီပြီလေ😄)

ဒီယုံကြည်ချက်ကို လက်မခံနိုင်ပဲ တချိန်လုံး Hiv ကို တနေတဲ့ အကိုတွေ အမတွေအတွက် အကောင်းဆုံးလုပ်နည်းက သွေးခဏခဏသာစစ်ပါ..ခနနေရင် စစ် မနက်ဖြနိ စစ် တဘက်ခါ စစ် သုံးလပြည့်လည်း ေခြာက်လပြည့်လည်းစစ် တနှစ်ပြည့်လည်းစစ်..အာသာပြေအောင်သာစစ်နေလိုက်ပါ..တခုပဲ...စစ်ပြီးရင် အဖြေကို ယူံကြည်လိုက်ပါ..ငါခံစားနေရတာတွေက Aids လိုပဲယူဆနေတဲ့စိတ်ကို ဖျောက်ပြီး တခြား ရောဂါ တွေစစ်ဆေးကုသပါ..ရောဂါကအများကြီးပါပဲ..အဲအထဲမှာမှ Hiv ကိုပဲ မဲမလိုက်ပါနဲ့....ဒါကြောင့် သံသယသမားတွေအတွက်...စစ် ၃ စစ်ကိုကျင့်သုံးဖို့ လမ်းညွန်ပါ မယ်

ပထမ စစ်က Hiv စစ်
ဒုတိယစစ်က တခြားရောဂါ စစ်
တတိတယစစ်က စိတ်ကျန်းမာရေး စစ်ပါ..

အားလုံးကျန်းမာချမ်းသာကြပါစေ..Hiv နှင့် ကာလသားနဲ့ ပတ်သက်ရင် အချိန်မရွေး အကူအညီ ရယူနိုင်ပါတယ်..

#ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

24/08/2024

ပြောင်းလဲနေတဲ့ HIV နှင့် မပြောင်းလဲသေးတဲ့ လူတွေရဲ့အမြင်..

ဒီပိုစ်လေးက Hiv ပိုးရှိနေသူတွေအားလုံးကိုယ်စားရေးသားတာပါ..Hiv ပိုးပေါ်ပေါက်လာတာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ,.ကူးစက်ရောဂါတွေဖြစ်တာနဲ့အမျှ အစပိုင်းမှာ ကုရာနတ္တိ ဆေးမရှိတာတွေနဲ့ပဲ စကြပါတယ်..ကိုယ်ခံအားကိုကျဆင်းစေတဲ့ရောဂါမို့ ရောဂါပေါင်းစုံတွေဝင်ပြီး သေဆုံးကြတဲ့အခြေအနေအထိဖြစ်ခဲ့ပါတယ်..(Hiv မတိုင်ခင်ပေါ်တဲ့ တီဘီရောဂါ နှင့် ဒီနေ့ခေတ်မှာ ပေါ်တဲ့ ကိုဗစ်ရောဂါတွေလည်း ထိုနည်း၎င်းပါပဲ )

ကျွန်တော်ဟာ.HIV/AIDS နဲ့ ပတ်သက်တဲ့ Community တွေမှာ နှစ်အတော်ကြာ ကူညီဆောင်ရွက်မှုတွေလုပ်လာပြီးချိန်မှာ HIV/ AIDS နဲ့ ပတ်သက်ပြီးလူတွေရဲ့ လွဲမှားနေတဲ့အသိတွေ အယူအဆတွေအများကြီး သိခဲ့ရပြီ(ထိုအထဲ ကျွန်တော်လည်းပါဝင်ပါတယ်)..ဒီအသိတွေကြောင့် HIV သမားတွေဟာ ခွဲခြားခံနေရပါလားဆိုတာ နားလည်ခဲ့ရတယ်..တကယ်လို့ ကျွန်တော်လိုသာ လူတိုင်းကသိလာမယ်ဆိုရင် HIV ပိုးရှိသူတွေဟာ လူတွေအတွက် ခွဲခြားစရာလူတန်းစားမဟုတ်ဘူးဆိုတာ လက်ခံလာပါလိမ့်မယ်..ကျွန်တော့် ရည်ရွယ်ချက်က Hiv ပိုးရှိသူတယောက်ဟာ ဒီပိုးရှိပါတယ် လို့ လက်မထောင်ပြီး ရပ်တည်နိုင်စေဖို့ ရည်ရွယ်ပါတယ်..

🎗HIV ဆိုတာကုရာနတ္တိ ဆေးမရှိတဲ့ရောဂါ လုံးဝမဟုတ်တော့ပါ..

ကျနော်တို့ငယ်ငယ်ကဆိုရင် Hiv ပိုးကိုကြောက်စရာလို့ ခံစားစေရတဲ့အရာ တခုက ကုရာနတ္တိ ဆေးမရှိ ဆိုတဲ့ဆိုင်းဘုတ်ပါပဲ..အဲခေတ်အဲအခါက တကယ်လည်းမရှိကြတာမို့ ဒီစကားကအမှန်ပါပဲ..အဲအချိန်က မှန်ပေမယ့် အခုကတော့ လုံးဝမဟုတ်တော့ပါ... HIV.ပိုးအတွက် ကုသတဲ့ဆေးဝါးတွေဟာ တနှစ်ထက်တနှစ် ပိုမိုကောင်းမွန်လာပြီး Side effect တွေ အလွန်နည်းတဲ့ ဆေးဝါးတွေ ပေါ်လာတဲ့အထိ ထုတ်လာနိုင်ပါပြီ..အဲဆေးတွေဟာ Hiv ပိုးကို အမြစ်ပြတ်မပျောက်သေးမယ့် သာမန်လူတယောက်လို သက်တမ်းစေ့နေနိုင်တဲ့ အထိ ကောင်းမွန်ပါတယ်..

🎗HIV နဲ့ ပတ်သက်တဲ့အယူအဆမှားတွေ ပြတတ်တဲ့ မြန်မာကားတွေကို မယုံပါနဲ့..

မြန်မာဇတ်ကားတွေမှာ HIV နဲ့ ပတ်သက်ပြီး တင်ပြတဲ့ပုံစံအမှားတွေဟာ လူတွေရဲ့ အသိတွေကို လွဲမှားစေပါတယ်..တခါက ဇတ်လမ်းတွဲတခုမှာ ပါဝင်တဲ့ Hiv အယူအဆမှားကိုထောက်ပြတဲ့ပိုစ်ကို တင်ခဲ့ဖူးပါတယ်..ဒါရိုက်တာ က Hiv အရှည်ကောက်လောက်ပဲသိပြိး ကျန်တာမသိဘူးထင်ပါရဲ့.ကျွန်တော့် ကိုတောင် လာမန့်သွားတာပဲ.😁.မြန်မာကားတွေမှာ Hiv ဟာ ကူးစက်လွယ်တဲ့ရောဂါလို့ တင်ပြမှုဟာ အကြီးအကျယ် မှားယွင်းမှုပါပဲ..HIV ဟာ ကူးစက်ရောဂါ ဆိုပေမယ့် ကူးစက်လွယ်လွန်းတဲ့ရောဂါတော့ လုံးဝမဟုတ်ပါ..ဆေးပုံမှန်သောက်ပြီး U=U ဖြစ်သူတွေဟာ HIV ပိုးကို တဖက်လူကိုလုံးဝမကူးနိုင်ဘူးဆိုတဲ့အယူအဆမျ်ုး မြန်မာကားမှာမပြပါ..(တခါမှားရင် ကိုယ်ဝန်တန်းရတဲ့ခပ်ညံ့ညံ့ ပြကွက်မျိုး တခါလုပ်ရင် Hiv တန်းကူးဆိုတဲ့ ပုံစံမျ်ုးတွေပဲရိုက်ပြလေ့ရှိပါတယ်)..နောက်ပြီး ယနေ့ခေတ်မှာ S*x Worker အမျိုးသမီး အများစုက ကျန်းမာရေး စောင့်ရှောက်မှုတွေ ယူထားကြပြီး HIV ကာကွယ်ဆေးဖြစ်တဲ့ PrEP ကိုသောက်ထားသူတွေရှိသလို ART သောက်ပြီး U= U အခြေအနေတွေပိုင်ဆိုင်သူတွေလည်းရှိနေတာမို့ သူတို့နဲ့ လုပ်လာတိုင်း ကူးကိုကူးလာမယ် ဆိုတဲ့ အယူအဆမျိုးဟာ ရာနှုန်းပြည့် မမှန်ကန်တော့ပါဘူး..နောက်ဆုံး စိတ်မချတဲ့ လိင်ဆက်ဆံမှုဖြစ်နေရင်တောင် PEP ဆိုတဲ့ အရေးပေါ်ကာကွယ်ဆေးသောက်လို့ရတဲ့ အသိအမြင်မျိုးတွေ မြန်မာကားတွေမှာ ထည့်မရိုက်ကြပါဘူး..ဒါကြောင့် မြန်မာကားတွေကြည့်ရင် အဲကတင်ပြမှုတွေမယုံမိပါစေနဲ့..

🎗HIV ပိုးရှိသူဟာ ရောဂါသည်လုံးဝမဟုတ်ပါ.

လူတယောက် ဟာ သူ့မှာ Hiv ပိုးရှိပါတယ်လို့သာမပြောရင် သူ့မှာ ဒါရှိတယ်ဆိုတာ ဘယ်သူမှကိုမသိနိုင်တဲ့အနေအထားထိ သူဟာ ကျန်းမာပါတယ်..ဒါဆို သူနဲ့ခင်ဗျား ဘာကွာလဲ လို့ မေးရင် သူက ဆေးတလုံးပိုသောက်ရတာပဲ ရှိတယ်လို့ ကျနော်ဖြေမှာပါ..ဟုတ်ပါတယ်..သူကပုံမှန်လူလိုပဲ သွားနိုင်လာနိုင်တယ် အလုပ်လုပ်နိုင်တယ် အိမ်ထောင်ပြုနိုင်တယ်.ဘာမှမကွာဘူးလေ..တချို့ ဆို သူ့ထက်တောင် ဆေးပိုသောက်ရသူတွေရှိကြပါတယ်.ဆေးသောက်မှန်နေသရွေ့ သူဟာ ရောဂါသည်ဖြစ်လာစရာအကြောင်းကို မရှိတာမို့သူ့ကို သာမန်လူလိုပဲယူဆတဲ့ အတွေးထားပါ

🎗HIV ပိုးရှိရင် ချစ်သူအိမ်ထောင်ဖက် တော်လို့ရပါတယ်.

Hiv ပိုးရှိတယ်လို့ ကိုယ့်ချစ်သူက ပြောလာရင် မိတ်ဆွေကြောက်စရာမလိုတော့ဘူးနော်..သူနဲ့အတူနေ အတူစား အတူသွားလို့ရပါတယ်..လက်ထပ်ဖို့ကလည်း မခက်ပါဘူး..သူသာဆေးသောက်မှန်လို့ u= u ဖြစ်သွားရင် ကိုယ့်ဆီကိုလည်း မကူးတော့သလို မွေးလာတဲ့ကလေးတွေကိုလည်း မကူးတာမို့ သူတို့နဲ့အတူသာယာတဲ့ အနာဂတ် ကို ဖန်တီးနိုင်ပါတယ်..

🎗HIV ဟာ ရွလို့ကူးလာတာလား..
.လူတွေရဲ့ Dark side တွေ ကျွန်တော်တို့မသိနိုင်ပါ..လူငယ်ဆိုတာ လက်တည့်စမ်းချင်တယ်..အတွေ့အကြုံလိုချင်တယ်..ဒါဟာအမှားတခုမဟုတ်ပါဘူး..လိုအပ်နေတာက S*x Education ပါ..အဲလိုအပ်ချက်ကြောင့် ကူးလာကြတာပါ..တချို့တွေ မွေးရာပါလာတဲ့ သူတွေလည်းရှိတာမို့..ရွတယ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ထည့်လို့မရတော့ပါ..တကယ်စနစ်တကျ ရွတတ်သူဆို လုံးဝမကူးပါဗျ..စနစ်ကျဖိူ့တော့လိုပါတယ်..

ဒီအတွေးအခေါ်လေးတွေသာပြောင်းလဲလိုက်မယ်ဆိုရင် Hiv ပိုးရှိသူတွေဟာ မိတ်ဆွေတို့နဲ့မကွာဘူးဆိုတဲ့ အယူအဆဖြစ်လာကြမှာပါ..ဒါကြောင့် Hiv မဖြစ်အောင်နေကြပါ.ကာကွယ်ပါ..ဖြစ်လာသူတွေကိုလည်း ပုံမှန်အတိုင်းပဲမြင်ပေးလိုက်ပါ..ဒါဆိုရင် Hiv ပိုးရှိသူတွေဟာ သာမန်လူပဲဆိုတဲ့အသိနဲ့နေနိုင်လာကြမှာပါ..

အားလုံးခွဲခြားဆက်ဆံမှုတွေကင်းဝေးကြပါစေ🙏

*x #ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

27/04/2024

Oral S*x(ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း)ကနေ လုံးဝမကူးစက်နိုင်ဘူးလား

ပါးစပ်နဲ့ လိင်ဆက်ဆံတာ လက်နဲ့ အာသာဖြေတာမျိုးကို ဘေးအန္တရာယ်အကင်းဆုံးလိင်ဆက်ဆံခြင်းလို့ ထင်ထားကြပေမယ့် လက်တွေ့မှာတော့ဆိုးကျိုးတွေဟာ အနည်းနဲ့အများ ရှိနေတာကို မေ့ထားလို့တော့ မရပါဘူး။

ဘယ်လိုအခြေအနေမျိုးမှာ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများလဲဆိုရင်တော့ လိင်အင်္ဂါမှာ အနာဖြစ်နေတာ၊ ပွန်းပဲ့ပြီး သွေးထွက်နေတာ၊ ပါးစပ်မှာ အနာဖြစ်နေတာ၊ ကိုယ်ခံအားကျဆင်းနေတဲ့အချိန်မျိုးတွေမှာဆိုရင်တော့ ရောဂါပိုးကူးစက်နိုင်ခြေကို ပိုများစေနိုင်ပါတယ်။

ကူးစက်နိုင်တဲ့ရောဂါတွေကတော့ -

(၁) လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေဖြစ်ကြတဲ့ ခလာမေးဒီးယား ၊ ဆီးပူညောင်းကျ ဂနိုရောဂါ ၊ ကာလသားရောဂါ ၊ လိင်အင်္ဂါရေယုန် ၊ ကြွက်နို့ ၊ HIV ပိုး စတဲ့ရောဂါတွေကို ကူးစက်နိုင်ပါတယ်။

(၂) B ပိုးဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသာမက နမ်းရှုံ့ခြင်းဖြင့်လည်း အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

(၃) ဒါ့အပြင် လိင်အင်္ဂါမှာ မှိုစွဲနေတာ၊ အရေပြားရောဂါများ ရှိနေတဲ့ ဆက်ဆံဖော်နဲ့ ပါးစပ်အသုံးပြုပြီး လိင်ဆက်ဆံမယ်ဆိုရင် ကိုယ့်ရဲ့ နှုတ်ခမ်း၊ ပါးစပ်တစ်ဝိုက်ကိုလည်း ကူးစက်သွားနိုင်ပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေကနေ ကူးစက်ခံရနိုင်တဲ့အခြေအနေကိုသိထားဖို့နဲ့ အထက်ပါလက္ခဏာတွေကို ခံစားနေရပြီဆိုရင်လည်း ကုသမှူရယူဖို့အတွက် အကြုံပြုရေးသားလိုက်ရပါတယ်။ ။

*x #ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ ်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon