Rises up

Rises up

Share

25/04/2022

"Strike iron when it is Hot!"

အခုလိုညနေစောင်းလေးပဲ။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ဖေဖော်ဝါရီလထဲမှာ နေဝင်ရီတရောအချိန်ပေါ့။

ကျနော်က ရွာကမီးဖိုမှာ မီးအသည်းအသန်မွှေးနေတယ်။ အဲ့ဒီအချိန်မှာ ကိုစပ်ဖြဲရောက်လာတယ်။

ကျနော်မီးမွှေးတာကို ကြည့်လိုက်၊ အနားက ကင်ပွန်းချဉ်ခက်တွေရယ်၊ ထမင်းအိုးရယ်ကိုကြည့်လိုက်လုပ်နေတယ်။

အမှန်က အဲ့ဒီညနေမိုးကောင်းကင်တခုလုံး မရမ်းစေ့ရောင်လွှမ်းချိန်ဆိုရင် ကျနော်က အသားခြောက်လေးကင်လိုက် ကိုစပ်ဖြဲဖြစ်ဖြစ် ဦးကုတ်နဲ့ဖြစ်ဖြစ် စကားပြောလိုက်လုပ်နေကျ။ ဒီနေ့မှနောက်ကျတာ။

အသားခြောက်က ကျနော်ကိုယ့်ဘာသာကိုယ်လုပ်ပြီးနေလှန်းထားတာ။ ဝက်သားကို ပါးပါးလေးတွေလှီးပြီး ကြိုးချည်နေလှန်းထားတာ။ ၃ - ၄ နေ သေချာမိလို့ကတော့ အသားကကင်လိုက်ရင် ရဲပြီး ဘေကွန်လိုဖြစ်နေတာ။

ဝါးပြားလေးမှာညှပ်ပြီး မီးလေးပြလိုက်ရင် အသားခြောက်ပြားက ဆီလေးတွေဆူထွက်လာပြီး ရဲလာရော။ အနံ့မွှေးလာရင် သံပုရာသီးနည်းနည်းလေးညှစ်ပြီး ရေနွေးနဲ့မြည်းနေကျ။

အခုမီးမွှေးပြီးရင် ထမင်းအိုးတည်ရမယ်။ ပြီးရင် ဘဲဥကြော်မယ်။ ပြီးရင် ကင်ပွန်းချဉ်ရွက်ကို ပုဇွန်ခြောက်နဲ့မစပ်တစပ်ကြော်မယ်။

ဖြစ်ချင်တော့ ဒီညနေမှာကျနော်က ကင်ပွန်းချဉ်ပင်ခုတ်လိုက်၊ ဟိုဟာထလုပ်လိုက် ဒီဟာထလုပ်လိုက်နဲ့ ထမင်းကိုမချက်ရသေးတာ။

ကျနော်မီးမွှေးတာကြည့်ပြီး ကိုစပ်ဖြဲကတစ်ခွန်းပြောတယ်။

"ပေါက်စ ... ငါစကားတစ်ခွန်းပြောလို့ရမလား?"

"မင်းတနေ့ကျရင် ခေါင်းဆောင်တစ်ယောက်လုပ်မယ်ဆိုရင် အီလေးဆွဲတဲ့အကျင့်ကိုဖျောက်။"

မင်းမီးမွှေးတာမဟုတ်သေးဘူး။ ငါက ဗကပတွေနဲ့ တိုက်လာတာ။ မြေပြင်စစ်ဆင်ရေးမှာ "အစကောင်းမှအနှောင်းသေချာတယ်။"

မီးမွှေးတယ်ဆိုတာ အရှိန်ရနေတုန်းမီးဟုန်းဟုန်းတောက်အောင်မွှေးရတယ်ကွ။ အဲ့ဒါမှ မီးကကိုယ့်ဖက်ပါတယ်။

မင်းဟာကမီးစမွှေးလို့တောက်လာမယ်ရှိသေးတယ် မင်းကအီလေးဆွဲနေတော့ မီးတောက်ကသေသေသွားရော။

မီးလေးတောက်လာလိုက် မင်းကကင်ပွန်းချဉ်ရွက်ခြွေလိုက်၊ ဒီဟာလုပ်လိုက်နဲ့။ အခုထိ ဘာအလုပ်မှမပြီးဘူး။

👉 ဖြစ်သင့်တာက မီးကိုအရှိန်ရအောင်အရင်မွှေး၊ မီးသေချာစွဲသွားပြီဆိုမှ ထမင်းအိုးတည်ထားရင်း ဟင်းရွက်ခြွေ၊ ငရုတ်သီးထောင်း။

ထမင်းအိုးရေငှဲ့ပြီး နှပ်ထားတုန်းကျန်တာဆက်လုပ်။

👉 အဓိကကမီးအရှိန်ရဖို့ပဲကွ။ #မီးတောက်အရှိန်ရနေရင်မင်းဘာချက်ချက်ရတယ်။

မီးစတောက်ခါစမှာ အီလေးဆွဲမနေနဲ့။ #မီးသေမှမီးပြန်မွှေးရတာအရမ်းပင်ပန်းတယ်။

အခုမင်းကိုယ်မင်း #နောက်ကျနေမှန်းသိရင် ဘယ်သူလာစကားပြောပြော ခွန်းတုန့်ပြန်မနေနဲ့။ လုပ်စရာရှိတာတွန်းလုပ်။

- မီးအရှိန်ရအောင်ဆက်လုပ်။ မီးတောက်မရှိတော့ရင် မင်းဘာမှဆက်လုပ်လို့မရဘူး။

လုပ်ငန်းတစ်ခုလုပ်ရင်လည်းအဲ့လိုပဲ။

စကတည်းက မီးတောက်လေးအရှိန်ရကာစမှာ မီးတောက်ကြီးဖြစ်ပြီး ကိုယ့်ဘက်ပါလာအောင် လုံ့လစိုက်ထုတ်ရတယ်။

အီးရောအီးရောမနေရဘူး။

"မီးအရှိန်သေသွားချိန်မှ နောင်တမရနဲ့ ။"

မနှစ်ကဓာတ်ပုံတွေကြည့်ရင်း ကိုစပ်ဖြဲကိုသတိရတယ်။

မီးတောက်မရှိပဲထမင်းချက်ချင်လို့မရဘူး။ ကျနော်တို့ အချိန်ဖြုန်းတဲ့အကျင့်ကိုပြင်ရမယ်။

If you want to be successful ... Shut up and Work hard.

"Strike iron when it is Hot!"

Credit with respectfully

4-March-2022

25/04/2022

အခြေခံမျှသာ
အပိတ်/အဖွင့် အတွက် Circuit Breaker ရှိနေပြီလေ ....DS က ဘာဖြစ်လို့ ထပ်ပြီး တပ်နေရသေးလဲလို့ တွေးမိနေလား ...

ELECTRICAL (Air Break) Disconnecting Switch အလုပ်လုပ်ပုံ
HIGH VOLTAGE OUTDOOR SWITCHYARD တွေမှာ တပ်ဆင်ထားသော DS ( DISCONNECTION SWITCH ) နဲ့ GCB ( CIRCUIT BREAKER ) တွေရဲ့ အလုပ် လုပ်ဆောင်ပုံ နဲ့ ကွဲပြားချက် တချို့ပါ
ပုံမှန် အားဖြစ် DS နဲ့ CB က ဓါတ်အားလိုင်း တခုကို ဖွင့်ခြင်း ပိတ်ခြင်း ပြုလုပ်ပေးသော SWITCHING DEVICE တွေပါ ၊
ကျနော် တို့သိထားတဲ့အတိုင်း CURRENT ပမာဏ တခု စီးဆင်းနေသော ပတ်လမ်းကို ဖွင့်ခြင်း / ပိတ်ခြင်း ပြုလုပ်ပါက SWITCHING ACTION ( MAKING & BREAKING ) ကိုပြုလုပ်ပေးသော Switching Device ရဲ့ FIX CONTACT နဲ့ MOVING CONTACT ကြားထဲတွင် ELECTRIC ARC ( လျှပ်စစ်မီးပန်း ) ခုန်ကူးခြင်းဖြစ်ပေါ်ပြီး ဒီ ARC ကို ငြိမ်းသတ်နိုင်သော ARC EXTINGUISHING MEDIUM ပေါ်မူတည်ပြီး Switching operation ကို လေထဲမှာပြုလုပ်ရင် ACB ( Air Circuit Breaker ) / လေဟာနယ်ထဲမှာပြုလုပ်ရင် ( Vacuum Circuit Breaker ) VCB / SF6 လို Gas ထဲမှာ Switching Action ကိုပြုလုပ်ရင် Gas Circuit Breaker GCB စသဖြစ် ကွဲပြားသွားနိုင်ပါတယ်။
ဒီနေရာမှာ CB တလုံး အနေနဲ့ ၎င်း CB ၏ BREAKER Contact များ၌ ဓာတ်အားရှိနေလျက်( On load အနေအထားတွင် ) အခြားလိုင်းတခု၊ ထရန်စဖော်မာတလုံးဆီသို့ဓာတ်အားပေးလွှတ်ခြင်း၊ ဓာတ်အားပေးလွှတ်ခြင်း အခြေအနေမှ ရုတ်တရက် ဓာတ်အားဖြတ်တောက်ခြင်း၊ Fault current မြောက်များစွာ စီးနေဆဲအချိန်၌ ဓာတ်အားဖြတ်တောက်ခြင်း၊ Fault ရှိနေနိုင်သော ဓာတ်အားလိုင်းတခုသို့ ဓာတ်အားလွှတ်ခြင်းများကို GCB အနေနဲ့ SWITCHING OPERATION ကိုအန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ပါတယ်။ဒီနေရာမှာ Switching Action ကြောင့်ဖြစ်ပေါ်သော လျှပ်စစ်မီးပန်း( Electric Arc ) ခုန်ကူးမှုကို ငြိမ်းသက်ပေးနိုင်သော Arc Extinguishing အနေဖြစ် Vacuum ဒါမှမဟုတ် Gas က ( Interrupter ) အတွင်း တွင်ဖြစ်ပွားပီး ငြိမ်းသတ်ပေးခြင်းဖြစ်သည်။
သို့သော် DS ( DISCONNECTING SWITCH ) သည် ဓါတ်အားလိုင်း တခုကို ဖွင့်ခြင်း ပိတ်ခြင်း ပြုလုပ်ပေးသော SWITCHING DEVICE ဖြစ်သော်လည်း DS တွင် LOAD CURRENT စီးဆင်းနေချိန် DS Contact များ၌ ဓာတ်အားရှိနေလျက် DS ကို အဖွင့်အပိတ် ပြုလုပ်ပါက DS တွင် ( MAKING & BREAKING ) ကိုပြုလုပ်ပေးသော FIX CONTACT နဲ့ MOVING CONTACT ကြားထဲတွင် ELECTRIC ARC ( လျှပ်စစ်မီးပန်း ) ခုန်ကူးခြင်းဖြစ်ပေါ်ပြီး ဒီ ARC ကို ငြိမ်းသတ်နိုင်သော ARC EXTINGUISHING MEDIUM မပါရှိ၍ DS CONTACT များကြား (ဓာတ်အားပမာဏပေါ်မူတည်၍) လွန်စွာ ဆိုးရွားပြင်းထန်သော လျှပ်စစ် မီးပန်းခုန်ကူးမှုကိုဖြစ်ပေါ်စေမည်ဖြစ်သည်ထိုကြောင့်၊DS အပိတ်/အဖွင့် ပြုလုပ်ခြင်းကို ၎င်း၏ Contact များ၌ ဓာတ်အားမရှိတဲ့ (Off-Load) /( No LOAD ) အချိန်များမှာသာ ဆောင်ရွက်သင့်ပါသည်။
ပုံမှန်အား ဖြစ် ၂ တိုင်စင် TRANSFORMER ကဲ့သို့ပင် OUTDOOR SWITCHYARD တွင်လည်း DS ကို အဝင် HT လိုင်းနဲ့ ဆက်သွယ်ထားသော ပထမဆုံး SWITCHING DEVICE အဖြစ်တပ်ဆင်ကာ ၎င်းနောက်မှ CB ကိုတပ်ဆင်လေ့ရှိပါသည်။
လုပ်ငန်း လိုအပ်ချက် DESIGN ပေါ်မူတည်၍ အချို့နေရာ၌ DS / DSE စသဖြစ် ၂ ဆင့် တွေ့နိုင်ပါသည်။
LINE IN OPERATION ( DS OPERATION IS FIRST IN )
OUTDOOR SWITCHYARD အတွင်းသို့ လျှပ်စစ် ဓါတ်အားစတင်ဝင်ရောက်ရာတွင် ပထမဆုံး DS ကို ( NO LOAD အနေအထားဖြစ် ) စတင် ကပ်ပေး ( CLOSE ) လုပ်ပေးရမည်ဖြစ်သည် ထို့နောက် သက်ဆိုင်ရာ GCB ကို OPERATE ပြုလုပ်ခြင်းဖြစ် CB သည် လျှပ်စစ်ဓါတ်အားကို သက်ဆိုင်ရာ TRANSFORMER or LOAD နဲ့ ချိတ်ဆက်ပေးပါသည်၊ လက်ရှိ LINE IN( SWITCH ON ) အနေအထား၌ GCB မပိတ်ခင် DS OPEARTION ကိုပြုလုပ်၍ မရနိုင်အောင် INTERLOCK SYSTEM ကိုတပ်ဆင်ရန်လိုအပ်ပါသည်။
LINE OUT OPERATION ( DS OPERATION IS LAST OUT )
ထို့အတူ လျှပ်စစ် ဓါတ်အားကို ပိတ်လိုပါက GCB ကို OPEN CIRCUIT ပြုလုပ်ပြီး ( LOAD နဲ့ ခွါပြီးမှသာ ) သာ DS ကို ( NO LOAD ) အနေအထား နဲ့ ခွါနိုင်မှာဖြစ်ပါတယ်၊
ပုံမှန်အားဖြစ် DS ၏ အလုပ် လုပ်ဆောင်မှု အခြေအနေကို CONTACT အနေ အထား CLOSE / OPEN အနေအထားကို မျက်မြင်စစ်ဆေးနိုင်ခြင်းကြောင်း ဓါတ်အားလိုင်း ပြုပြင်ထိန်းသိမ်းသူများအနေဖြစ် VCB အတွင်း တွင် open circuit ပြုလုပ်ထား၍ CB contact များ ကွာနေသော်လည်း မျက်မြင်အခြေအနေ နှင့် နှိုင်းယှဉ်ပါက DS ၏ OPEN ဖြစ်နေသော contact ၏ လုံခြုံစိတ်ချရသော အနေအထားကို စစ်ဆေးသိမြင်နိုင်ခြင်းကြောင့် DS ကို SWITCHING DEVICE အပြင် SAFETY အတွတ်ပါ အသုံးချနိုင်ပါသည်၊
DS ကို IEC 62271-102 အရ စံသတ်မှတ်တည်ဆောက်ပြီး ဒီဇိုင်းအရ မျိုးကွဲ တွေရှိနိုင်သော်လည်း အခြေခံ design အားဖြစ်
၁။ Centre-Break Disconnecting Switch
၂။ Double-Break Disconnecting Switch
၃။ 1 arm pantograph
၄။ Pantograph Disconnecting Switch
၅။ Vertical Disconnecting Switch
၆၊၊ Vertical Break knee Type
တွေ ဖြစ်ပြီး DESIGN အလိုက် အားသာ ချက်/ အားနည်းချက်တွေကို လေ့လာနိုင်ပါတယ်။
Disconnection Switch များ၏ တည်ဆောက်မှု အခြေခံ Design ကွဲပြားမှု
Center Break Double Rotation နဲ့ Double Break Center Rotation အရ DS Disconnection Switch တည်ဆောက်မှု ကို အခြေခံအရ Design ကွဲပြားခြားနားမှုကို သိရဲ့လား
Center Break Double Rotation ....
Center Break ဖြစ်၍ Breaking ဖြစ်သော Point ( Switching Operation ) သည် DS ၏ အလယ် Center တွင်ဖြစ်ပေါ်သည်။
Double Rotation ဖြစ်၍ လည်ပတ်မှု အစိတ်အပိုင်း ၂ ပိုင်းပါဝင်ပါသည်။ နမူနာ အနေဖြစ် ရင်ကွဲ ဂိတ်တံခါးတစ်ခု အဖွင့်အပိတ်လုပ်ပုံနှင့် တူညီပါသည်။
One Phase တွင် ဘယ်/ညာ ကြွေသီး ၂လုံးသာ ပါဝင်ပြီး စုစုပေါင်း DS တစ်စုံလုံးအနေဖြစ် ကြွေသီး ၆ လုံးသာပါဝင်ပါသည်။
66 kV ,132 kV , 230 kV Voltage အဆင့်များတွင် အများဆုံးတွေ့ရပါသည် ။
Double Break Center Rotation ....
Double Break ဖြစ်၍ Breaking ဖြစ်သော Points ( Switching Operation ) Point ၂ နေရာတွင် ဖြစ်ပေါ်ပြီး Center Rotation ဖြစ်၍ လည်ပတ်မှု အစိတ်အပိုင်း သည် DS ၏ ဗဟိုချက်မှ အထက်ဖော်ပြပါ Switching Point ၂ ခု သို့ ဗဟိုလ်မဏ္ဍိုင် အနေဖြစ် လည်ပတ်ပါသည် ။ နမူနာ အနေဖြစ် ဆုံလည် ဂိတ်တံခါးတစ်ခု အဖွင့်အပိတ်လုပ်ပုံနှင့် တူညီပါသည်။
One Phase တွင် ဘယ်/ညာ ကြွေသီး ၂လုံး အပြင် အလည် center တွင် မဏ္ဍိုင်လည်ပတ်မှု အတွက် ကြွေသီး တစ်လုံး စုစုပေါင်း ၃ လုံး ပါဝင်ပြီး စုစုပေါင်း DS တစ်စုံလုံးအနေဖြစ် ကြွေသီး ၉ လုံးဖြစ်တည်ဆောက်ထားလေ့ရှိပါသည် ။
Medium Voltage , High Voltage အများစုသည် အထက်ဖော်ပြပါ Double Break Center Rotation ဖြစ် အများစု တည်ဆောက်ထားလေ့ရှိပါသည်။
Disconnection Switch များကို Design ပြုလုပ်တပ်ဆင်ရာတွင် ...မြေနေရာ ရရှိမှု , switching clearance , side clearance , Opearation & Maintenance အတွက် မြေနေရာရရှိမှုကို အခြေခံထား၍ ရွေးချယ်တပ်ဆင်လေ့ရှိပါသည်။




Ko Myo Zaw

🙏🙏🙏

Photos from Rises up's post 25/04/2022

General electrical knowledge & symbol

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon