NobleHeart
01/10/2022
အများကြီးမပြောတော့ဘူးoctoberလတန်းခွဲသစ်အတွက်သင်တန်းအပ်လက်ခံနေပီမို့အခွင့်ရေးတွေလက်မလွှတ်ရအောင်🏃♂️🏃♂️🏃♂️
မသိသူကျော်သွားသိသူတွေကတော့nobleheartနဲ့တန်ဖိုးရှိတဲ့ပညာအတွေ့ကြုံတွေယူသွားကြပြီနော
25/08/2022
✨သူနာပြုအကူသင်တန်းတက်ပီးmedical fieldမှာအလုပ်လုပ်ကြမယ့်သမီးတို့/သားတို့ ရေ!!!
လက်ရှိဆရာမတို့နိုင်ငံရဲ့အမျိုးမျိုးသောအခြေနေတွေကြောင့်ခေတ်စနစ်ရဲ့တောင်းဆိုမှုကြောင့်အသက်မွေးဝမ်းကြောင်းသင်တန်းတွေမှိုလိုပေါက်အောင်ဖွင့်လာကြတဲ့အထဲသူနာပြုအကူသင်တန်းလည်းအပါဝင်တခုဖြစ်လာပါတယ်နော်
အဲလိုသင်တန်းတွေပေါလာတဲ့အတွက်ယှဥ်ပြိုင်မှုတွေဖြစ်လာပီးထာရှိသင့်တဲ့စံနှုန်းတွေလည်းကျဆင်းလာပါတယ်၊။professionalဆိုတာမေ့ထားပီးအရည်သွေးထက်အရေတွက်ကိုသာဦးစားပေးတာတွေလည်းဖြစ်လာပါတယ်။ဒါကြောင့်တကယ့်လုပ်ငန်းခွင်ဝင်ကြတဲ့အခါပုံသွင်းပေးလိုက်တဲ့ပန်းပဲဆရာရဲ့လက်ရာအတိုင်းထွက်လာကြတော့တခြားစနစ်တကျဖွဲ့စည်းထားပီးသားmedical professionalတွေနဲ့အဆင်မပြေတာတွေသူနာပြုအကူလောကနံမည်သတင်းကျဆင်းတာအထင်သေးခံရတာတွေဖြစ်လာပါတယ်
ဒါဟာတခြားသင်တန်းတွေကိုပုတ်ခတ်နှိမ့်ချတာမဟုတ်သလိုတကယ့်ဖြစ်နေတဲ့လက်တွေ့ဖြစ်နေတဲ့အခြေနေတခုကိုဆရာမကသိအောင်အရင်ပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်သားတို့သမီးတို့သင်တန်းမတက်ခင်ကိုယ်ရွေးချယ်တဲ့ပညာရပ်တခုဟာဘယ်လိုဆိုတာအရင်သိထားမှတကယ်ရင်ဆိုင်ကြုံတွေ့တဲ့အခါစိတ်ပျက်အားငယ်တာမိျုးမဖြစ်ပဲယံုကြည်မှုရှိရှိနဲ့ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
... ပီးတော့သမီးတို့သားတို့သင်တန်းကာလအချိန်တိုအတွင်မှာပညာရပ်တခုကိုအလုံးစုံကျွမ်းကျင်တတ်မြောက်ရမယ်ဆိုတာလည်းမလွယ်ကူပာဘူး။ရတဲ့အချိန်မှာတတ်သင့်သိသင့်တဲ့အသိပညာအတတ်ပညာလိုက်နာရမယ့်စည်းကမ်းစောင့်ထိန်းရမယ့်ကျင့်ဝတ်တွေသိအောင်တတ်အောင်လုပ်ပီးလုပ်ငန်းခွင်ဝင်တဲ့အခါဆက်လက်သင်ကြားလေ့လာနေရမှာဖြစ်ပါတယ်။ဘယ်ပညာရပ်မဆိုစဥ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေတဲ့အတွက်သင်တန်းကသင်ပေးလိုက်တာနဲ့ပုံသေအမြံသတ်မှတ်ထာလို့မရပါဘူးနော်။ဆရာမတို့ဆေးလောကမှာပိုဆိုးပါတယ်။ဒါကြောင့်ဘယ်သင်တန်းမှာတော့ဘယ်ဆရာကဘယ်လိုသင်တယ်ငါတို့ကျတော့မသင်ဘူးငါတို့သင်တန်းကဆရာကပိုအဆင့်မြင့်တယ်ဆိုတာမယှဥ်ပြိုင်ပဲသူနာပြုအကူတယောက်ဘာသိသင့်တတ်သင့်လဲအဲဒါကိုသင်ယူတတ်မြောက်ကျွမ်းကျင်သလားဆိုတာပဲခံယူထားသင့်ပါတယ်နော်
သူနာပြု အကူ (Nurse aid) ဆိုတာ သူနာပြု (Nurse) မဟုတ်ပါဘူး ကလေးတို့ရေ
👉သူနာပြု တစ်ယောက်ဖြစ်ဖို့ ဆိုတာ သူနာပြုတက္ကသိုလ် ကို 4 နှစ်..Dipolmaဆို 3 နှစ်လောက် အချိန်ပေးပြီး ကျောင်းတက်ပြီးမှ သူနာပြု ဖြစ်လာတာပါ။ (သမီး တို့ /သားတို့ရဲ့ အထက်က Senior တွေလဲ ဖြစ်သလို သမီးတို့သားတို့ ထက်ပိုပြီးတော့ theory , practical တွေကို လေ့လာသင်ကြားထားတဲ့ သူတွေ ဖြစ်ပါတယ်) 👈
👉သူနာပြု အကူ ဆိုတာကတော့ လူနာပြုစုတဲ့ အခါ သူနာပြု ဆရာ/ဆရာမ ကို ကူညီရတဲ့သူကိုပြောတာဖြစ်ပါတယ်။👈
- သမီးတို့ /သားတို့ကို ဆရာမ စာသင်တဲ့ အခါသူနာပြု အကူ ရဲ့ အထက်မှာ ဘယ်သူတွေ ရှိလဲ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ ကို သေချာလေး သင်ပြပေးခဲ့တယ်နော် ...
- သူနာပြုအကူတွေလိုက်နာကျင့်ကြံရမယ့်ကျင့်ဝတ်တွေကိုလည်းသေချာနားလည်အောင်အရင်ဆုံးသင်ကြားပေးမှာပါ
-Senior တွေကို နှုတ်ဆက်တာကအစဘယ်လိုနှုတ်ဆက်ရမလဲ .... ဘယ်လို Respect ထားရမလဲ ဆိုတာ တွေ.. ဒါတွေက စာသင်ခန်းထဲမှာ ထားရမယ့် အရာမဟုတ်ပဲ သမီးတို့ ဘဝ တစ်သက် မှာ မှတ်ထားရမယ့် .. လိုက်နာရမယ့် အရာတွေပဲ ဖြစ်ပါတယ်
- ဆေးထိုးတာက သူနာပြု အကူ သမီးတို့ / သားတို့ လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ဆရာမ ပြောပြထားလို့ အားလုံးသိမှာပါနော် ... ဒါပေမယ့် တကယ့် အရေးပေါ်အခြေ အနေ မှာ လုပ်တက်အောင်တော့ သမီးတို့ / သားတို့ကို ဆရာမ သင်ပြပေးပါမယ် .... လုပ်ပိုင်ခွင့် မရှိတဲ့ အလုပ်တစ်ခုကို သမီးတို့ လုပ်မိလို့ လူနာ အန္တရာယ် ဖြစ်သွားတဲ့ အခါ လူနာကော သမီးတို့ပါ ပြသာနာ တက်နိုင်ပါတယ် ဆရာမတို့နိုင်ငံမှာသူနာပြုအကူအတွက်တိကျတဲ့စည်းမျဥ်းဥပဒေနဲ့အဖွဲ့စည်းဆိုတာလည်းမရှိသေးတဲ့အတွက်သားတို့သမီးတို့ပြသနာတစုံတရာပေါ်လာခဲ့ရင်လည်းတာဝန်ယူဖြေရှင်းပေးမယ့်သူလည်းမရှိပါဘူး။ပီးတော့လူ့အသက်နဲ့ရင်းပီးလုပ်ရတဲ့အတွက်လူနာတွေနစ်နာခဲ့ရင်လည်းအရမ်းအကုသိုလ်ကြီးတဲ့အပြစ်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်သေချာတတ်မြောက်ကျွမ်းကျင်ပီးစေတနာနဲ့ပေါင်းစပ်လုပ်ကိုင်ခဲ့ရင်အလွန်ကုသိုလ်ရတဲ့အလုပ်ဖြစ်သလိုအကုသိုလ်လည်းရနိုင်တဲ့အလုပ်ဖြစ်ပါတယ်
-ဒါတင်မဟုတ်သေးဘူးသမီးတို့ .
📌သူနာပြုအကူတစ်ယောက်ရဲ့Uniform📌
. သူနာပြုဆရာ/ ဆရာမ တစ်ယောက်လိုမျိုး လေ့လာသင်ယူထားမှုမရှိပဲ နဲ့ သူနာပြု ဆရာမ တစ်ယောက် လို ဝတ်စားနေထိုင်ပြုမူနေမယ် ဆိုရင်တော့ သမီးတို့ကို ကျန်းမာရေးလောက က ဆရာ/ဆရာမ တွေက နှစ်သက်လက်ခံကြမှာမဟုတ်ပါဘူးနော် .... ။
''ကိုယ့်ရဲ့သတ်မှတ်ထားတဲ့ဝတ်စုံကိုသပ်သပ်ရပ်ရပ်စနစ်တကျဝတ်ဆင်ထားရင်ဘယ်လိုအဆင့်တန်းမဆိုလူလေးစားပီးကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းပိုရှိလာစေပါတယ်ကိုယ့် အရည်အချင်းနဲ့ ကိုယ် နေတာ ဖြစ်တဲ့ အတွက် ကိုယ့် Role နဲ့ ကိုယ်နေတက်ဖို့လဲ ..
လိုပါတယ်
- အဲ့ဒါကြောင့် သင်တန်းတက်နေတဲ့ အချိန်မှာကော လုပ်ငန်းခွင်ဝင်တဲ့ အခါ သိသင့်သိထိုက်တာကို လေ့လာသင်ယူပါ ... ကိုယ် တာဝန်ယူထားတဲ့ အလုပ်ကို ကျေပွန်အောင်လုပ်ပါ ..... အထက်လူကြီးတွေကို လေးလေးစားစား ဆက်ဆံပါ ...
- ဒါအပြင် . လူနာကိုပြုစုတဲ့ အခါ စာတွေ့ လက်တွေ့ တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်ပြီး စနစ်တကျပြုစုတက်ဖို့ အပြင်ကိုယ့်ရဲ့အလုပ်ပေါ်သစ္စာရှိဖို့လည်းလိုပါတယ်။မသိနားမလည်မကျွမ်းကျင်ဘူဆိုရင်သိတတ်နားလည်တဲ့seniorတွေကိုမေးပီးမှလူနာကိုပြုစုပါ၊
- နောက်ဆုံး အနေနဲ့ ကိုယ့်ကိုယ်ကို သူနာပြု အကူ (Nurse aid) တစ်ယောက်လို့ပြောရမှာကို မရှက်ပါနဲ့ ဝန်မလေးပါနဲ့ ....ကိုယ့်ကိုကိုယ် သူနာပြု (Nurse ) လို့ မသုံးပါနဲ့ .. ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ အလုပ်လုပ်နေတာဖြစ်တဲ့ အတွက် ''ဒေါင်းယောင်ဆောင်သော ကျီး'' ဆိုပြီး သတ်မှတ် မခံရပါစေနဲ့ .....
-... စည်းကမ်းမရှိပဲနေတာ ကျင့်ဝတ် ကို မလိုက်နာတာ respect မရှိတာ က လူတိုင်းလုပ်နိုင်ပါတယ် .... ကျင့်ဝတ်လိုက်နာတာ စည်းကမ်းတကျ နေတာ လူတိုင်းအပေါ်မှာ respect ထားတာပဲ လူတိုင်းမလုပ်နိုင်တာလေ ... သမီးတို့ / သားတို့က လူတိုင်း မလုပ်နိုင်တဲ့ အရာကို လုပ်နိုင်အောင် ကြိုးစားကြပါ....
''သူနာပြု အကူ ဆိုတာကလဲ ဂုဏ်ရှိတဲ့ အလုပ်တစ်ခု ကုသိုလ် ရတဲ့ အလုပ်တစ်ခု ပါ ... ဒါကြောင့် .... ကိုယ့် အလုပ် ကို ကိုယ်ချစ်ပါ .. ကိုယ့် Role နဲ့ ကိုယ်နေတက်ပါစေ ...'' ကိုယ့်ကြောင့်သူနာပြုအကူအားလုံးဂုဏ်သိက္ခာကျဆင်းမယ့်အပြုမူအပြောဆိုအနေထိုင်တွေကိုရှောင်ကြဥ်ကြပါ လို့ဆရာမကမေတ္တာနဲ့စကားလက်ဆောင်ပါးပါရစေ။
(ပြောချင်တာတွေများလွန်းလို့စာရှည်သွားရင်sorryပါနော်ကျန်တဲ့အသေးစိတ်ကိုတော့ဆရာမသင်တန်းမှာထည့်ပီးသင်ကြားလမ်းညွှန်ပေးသွားပါ့မယ်။
သားတို့သမီးတို့ပညာပြည့်ဝနှလုံးလှပိုင်ရှင်လေးများဖြစ်ကြပါစေ😍
(စာသားအချို့ကိုသင်တန်းကျောင်းတခုရဲ့postတခုမှနှစ်သက်မိလို့copyလုပ်ထားပါတယ်ပိုင်ရှင်ကိုလည်းလေးစားစွာcreditပေးပါတယ်)
22/08/2022
ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
Q5JQ+937,YANGON
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |