Myanmar Development Team-MDT
29/06/2024
သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၉
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင် တို့ပါဝင်သော မိုးရာသီ လမ်းဘေးသစ် ပင်စိုက် ပျိုးပွဲကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စေခိုင်းမှုကြောင့် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲတိုက်နယ် အပိုင် ဇီးကုန်းကျေးရွာအနီးတွင်စစ်တပ်၊ရဲ၊ထွေအုပ်၊စည်ပင်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လမ်းဘေး သစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လမ်းဘေးသစ်စိုက်ပျိုးပွဲကို အဝေးထိန်းမိုင်းဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
"စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ဆင်မြီးဆွဲဘက်ကနေ ဇီးကုန်းရွာအနီးမှာ ကား ၈ စီးနဲ့ လမ်းဘေးဝဲယာ ဟန်ပြသစ်ပင်စိုက်ဖို့ လုပ်နေတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကို အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့ပါတယ်" ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။
မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦး သေဆုံးသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ကားများဖြင့် သဲကုန်းမြို့နယ်ဘက်သို့သယ်ဆောင်၍ သဲကုန်းမြို့နယ်မှတစ်ဆင့် ရွှေတောင်မြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံသို့ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုင်းခွဲမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdomအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များကို ပြင်း ပြင်း ထန်ထန်အရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့်နီးစပ်ရာနေရာများကို ရှောင်တိမ်းသွာလာကြပါရန် တော်လှန်ရေးတပ်က သတိပေးချက်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သော နေပြည်တော်သစ်ပစ်စိုက်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)
19/06/2024
Breaking News- နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကားကို လေဆိပ်လုံခြုံရေး စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူ
ဇွန် ၁၉ ရက်
နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို စစ်တပ်က သေနတ်ဖြင့် ပစ် ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူသွားကြောင်း ဆရာတော်နှင့်နီးစပ်သော ဒါယိကာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ မန္တလေးသို့ လေယာဉ်ဖြင့် ကြွလာသော နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် လေဆိပ်မှ အထွက် လေဆိပ်လုံခြုံရေး စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
"လေဆိပ် လုံခြုံရေးအစောင့် တပ်က ပစ်တာလို့သိရတယ်။ လေဆိပ်အထွက်လေးမှာတင် အပစ်ခံရတာ။ ဆရာတော်တော့ နေရာမှာပဲ ပျံလွန်တော်မူတယ်။ ဒီမနက်ပဲ ပျံလွန်တော်မူပါတယ်" ဟု ဆရာတော်၏ ဒါယကာ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဆရာတော်၏ အလောင်းတော်ကို သယ်ယူရန် သွားရောက်နေကြပြီဖြစ်ကြောင်း သိရှိရသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon