MM Programmer
14/12/2020
This book is one of the best study materials we would recommend for learning python.
It is good for those especially who want to learn coding with no prior experience.
If you want any advanced pdf about python, Please let me know in the comment.
We will post regularly for further knowledge about programming in the future.
If this book helps you in any way for your journey in learning programming.
Please like and share this post.
https://drive.google.com/file/d/13cRD8UZjS-I9PqMOgzqwXgMTkuerui-6/view?usp=sharing
12/10/2020
What is Computer Programming?
ကွန်ပျူတာတွေကို အလုပ်လုပ်စေဖို့အတွက် ကျွန်တော်တို့ က ခိုင်းပေးရပါတယ်။ အဲ့လိုခိုင်းဖို့ အတွက်က လုပ်မယ့်အလုပ်ပေါ် မူတည်ပြီးတော့ Program ရှိဖို့လိုအပ်ပါတယ်။ ဥပမာ- Documentation လုပ်ဖို့ဆိုရင် Microsoft Word run ပေးရသလိုပေါ့။ Program ဆိုတာ အစိစဉ်တကျရေးဆွဲတဲ့ instruction တွေကိုခေါ်ပါတယ်။ ဥပမာ- အိမ်တစ်အိမ်မှာ အိမ်အကူတစ်ယောက် ခေါ်ထားတယ် ဆိုပါဆို့။ မနက်ရောက်တော့ သူက စောစောထနေတယ် ဘာလုပ်ရမှန်း မသိသေးလို့ ထိုင်နေလိုက်တယ်။ အဆင်မပြေသေးဘူး အဲ့တော့ ကြိုပြောထားလိုက်မယ် မနက်စောစောထပြီးရင် မီးမွှေးထားပါ၊ ပြီးရင် ရေနွှေးအိုးတည်ထားလိုက်။ ဆိုတော့ သူကတော့ အာ့တွေပဲလုပ်ထားလိုက်တယ် မီးတွေက ဒီအတိုင်းပဲဆိုတော့ တစ်ခုချင်းဆီခို်င်းနေရတော့ အိမ်ရှင်က ဘာမှမလုပ်ရပေမယ့် လိုက်ခို်င်းနေရတော့ အဆင်မပြေဘူးပေါ့။ ဒါနဲ့နောက်နေ့ကြ အိမ်ရှင်က စာရွက်ပေါ်မှာ အစီစဉ်တစ်ကျ ရေးထားလိုက်တယ်။
၁. မနက်စောစောထပါ။
၂. မီးမွှေးပြီး ရေနွှေးအိုးတည်ထားပါ။
၃. ရေနွှေးအိုးတည်နေချိန်မှာ ထမင်းအိုတည်ဖို့ ပြင်ဆင်ပါ။
၄. ထမင်းအိုတည်ပြီး ပေါင်မုန်ု့မီးကင်၊ ထောပါတ်သုတ်ထားပါ။
အဲ့လိုရေးထားပြီးတော့ အိမ်အကူမြင်နိုင်တဲ့နေရာမှာ ကပ်ထားလိုက်တယ်။ အိမ်ရှင်တွေ အိပ်ယာထရင် မနက်စာတန်းစားလို့ရပြီ။
ကျွန်တော်တို့ကလည်း computer တွေကို အစိစဉ်တကျ လုပ်စေဖို့ Program တွေရေးထားဖို့ လိုအပ်ပါတယ်။ အဲ့တော့ Computer တွေနားလည်မဲ့ စာနဲ့ ကျွန်တော်တို့က ရေးပေးဖို့လိုအပ်ပါတယ်။ လူစကား နားမလည်ပါဘူး။ Computer နားလည်တဲ့ binary bits (1,0) တွေကို စုပေါင်းရေးထားတာတွေကို Instruction တွေလို့ ခေါ်ပါတယ်။ ဥပမာ- ကျွန်တော်တို့က Keyboard ကနေ (A) ဆိုပြီးရိုက်လိုက်မယ်ဆိုရင် Computer ကနားမလည်ပါဘူး အဲ့တော့ သူနားလည်တဲ့ (1,0) အဖြစ် eg.(0010) ဆိုပြီးပြောင်းလိုက်ပြီး အလုပ်လုပ်တယ်။ ကျွန်တော်တို့ကလည်း (1,0) တွေကိုလည်း အလွတ်မမှတ်နိုင်ဘူးလေ။ အဲ့တော့ လူတွေပြောတာတွေကို computer က နားလည်စေဖို့ ကြားခံတစ်ခုခုတော့ လိုအပ်လာပြီ။ ဒါကြောင့် လူသားတွေက ကြားခံအဖြစ် Programming language တွေကို စတင်တီထွင်ခဲ့ကြတယ်။
Machine Language ကနေ Computer ကို တိုက်ရိုက် နားလည်စေနိုင်တဲ့အတွက် Hardware တွေကို တန်းခိုင်းလို့ရပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ လူတွေ Machine language ကို အသုံးပြုဖို့ကလည်း ထင်သလောက် မလွယ်နိုင်ပါဘူး။
အဲ့ကြောင့် Machine language ကို သုံးရတာလွယ်ကူစေရန််အတွက် Assembly Language ဆိုပြီး ထပ်မံအသုံးပြုခဲ့ကြပါတယ်။ သို့ပေသော်ငြားလည်း Machine language နဲ့ Assembly Language တွေဟာ Low-level programming language တွေဖြစ်တဲ့အတွက်ကြောင့် လူတွေအတွက် နားလည်လွယ်ကူစေမယ့် High-Level programming language တွေကို သုံးကြပါတယ်။ High-level programming language တွေကတော့ ကျွန်တော်တို့ သိကြတဲ့ Java, Python, javaScript, Ruby,… ဆိုပြီး ရှိကြပါတယ်။ မိမိသုံးမယ့် Platform ပေါ်မူတည်ပြီး programming language တွေကို သုံးနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားရမှာက ကျွန်တော်တို့ အလွယ်တကူရေးနိုင်တဲ့ High-level programming Language တွေနဲ့လည်း Computer တွေကို တိုက်ရိုက်မခိုင်းနိုင်ပါဘူး။ အဲ့ကြောင့် High-level language တွေကနေ low-level ဖြစ်တဲ့ Assembly ၊ Assembly ကနေ Machine language ၊ Machine language ကနေမှ Computer Hardware တွေကို ခိုင်းနိုင်မယ်ဖြစ်ပါတယ်။
ကျွန်တော် သိသလောက် ရှင်းပြထားတာဖြစ်တဲ့ အမှားများပါခဲ့ရင် ခွင့်လွတ်ကြပါ
လိုအပ်တာလေးတွေကိုလည်းပြောပြပေးကြပါအုံးနော်
အားလုံးကို ကျေးဇူးတင်ပါတယ်။
Click here to claim your Sponsored Listing.