To Be A Good Mom

To Be A Good Mom

Share

06/05/2025

အဲ့သွား၂ချောင်းကို မေမေကြောက်လို့ပါ ဘေဘီသွန်းရယ် 😂😂😥

#ဘေဘီသွန်း #မာမီနွယ်

16/04/2025

ဗီဇကို ပြင်ပေးလို့မရပေမဲ့
အကျင့်ကောင်းတွေကိုတော့ လေ့ကျင့်ပေးလို့ရပါတယ်
ငယ်စဥ်က နည်းလမ်းကျကျပြုစုပျိုးထောင်​ပေးခဲ့ရင်
နှစ်20လောက် ကိုရှာရတဲ့ရလဒ်တွေကို
2နှစ်လောက်နဲ့ သူရှာနိူင်လိမ့်မယ်...
အကယ်၍များ ဆုံးမသွန်သင်မှုနည်းလမ်းမကျခဲ့ပါက
ကိုယ့်လိုပဲ ရုန်းကန်ရနိူင်သလို
လမ်းဘေးလည်း ရောက်သွားနိူင်ပါတယ်....

ပညာမတတ်တဲ့ကလေးတွေကြီးလာရင်
ပညာမတတ်တဲ့ လူကြီးတွေပဲဖြစ်လာမယ်
မလိမ္မာတဲ့ကလေးတွေကြီးလာရင်
မိုက်ရိုင်းတဲ့ လူကြီးတွေပဲဖြစ်လာမယ်
စာရိတ္တမကောင်းတဲ့ကလေးတွေကြီးလာရင်
အကျင့်ပျက်တဲ့ လူကြီးတွေပဲဖြစ်လာမယ်...

ကလေးတစ်ယောက်အနာဂတ်
ကောင်းခြင်း ဆိုးခြင်းဟာ သူ့ရဲ့ကံ ဗီဇနဲ့သာဆိုင်တယ်လို့
အချို့ချို့တွေက ပြောကြပေမဲ့
လက်ဦးဆရာ မိဘပေါ်မှာအများကြီးသက်ဆိုင်တယ်ဆိုတာ ထပ်လောင်းပြောချင်ပါတယ်...

လူတိုင်းဟာ မွေးဖွားစမှာ အဖြူထည်လေးတွေချည်းပါ
မိဘ ပတ်ဝန်းကျင်တွေရဲ့ အရောင်ဆိုးတဲ့အပေါ် မူတည်ပြီး
အရောင်အသီးသီး ကွဲပြားသွားကြတာပါ...

မိမိစိုက်ပျိုးတဲ့အတိုင်း ပြန်ရိတ်သိမ်းရတာဟာလည်း
ဖြစ်စဥ်တွေထဲက ဖြစ်စဥ်တစ်ခုပါပဲ...


#ဗီဇ #အကျင့်

Photos from To Be A Good Mom's post 22/02/2025

ဘေဘီသွန်းဖေဖေက မွေးကင်းစ ကလေးကို မချီရဲတာရော မချီတက်တော့ ပြုတ်ကျမှာ စိုးလို့ မွေးပြီးတခါဘဲ ချီပြီး နောက် ၂ရက်လောက်ထိ မချီတော့ ဘေးက မသိတဲ့သူတချို့က အဖေကလဲ နေစိမ့်လိုက်တာ
ဘာသိဘာသာ နေတက်တယ်နော် ဆိုပြီး ထင်ကြသူနဲ့ ကိုယ်ကို လာတောင်ပြောတယ်။

မချီတက်ပုံကလဲ မွေးပြီးစ ချီတဲ့ပုံကိုသာ ကြည့်ပေတော့
အလွယ်ဆုံးထင်ရတဲ့ အရာကို သူမှာ stress ဖြစ်နေရှာတာ

ခုများတော့ သူသမီးကို လက်ကမချ
ကိုယ်က လက်မောင်းညောင်းလို့ နာရီဝက်မချီနိုင်ဘူး သူက ချီနိုင်တယ်
သူသမီးကို ချီပြီးလဲ ၅လွှာကို အတက်အဆင်းလုပ်နိုင်တယ်။
သေးသေးလေး အူယားလို့ ပြုတ်ကျမှာ စိုးလိူ့ မချီရဲသူက ခုကျ ညီမက လက်မနိုင်ဘူး မချီတက်ဘူး ပြုတ်ကျမယ် သူဘဲချီမယ်တဲ့ 😎

အော် ..... အဖေတွေများ အမျိုးမျိုးနော်

#ဘေဘီသွန်း #မာမီနွယ်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
05013